“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 28, 2011

ဝ နယ်အတွင်း တစ်နှစ်ကျော်ဖမ်းဆီးရသော ဘိန်းချက်စခန်း ၂၀ ခန့်မှ မူးယစ်များမီးရှို့

Monday, 27 June 2011 18:56 မွေခေါဝ်
၆ ကြိမ်မြောက် ဝ ပြည် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား၌ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း မြောက် ပိုင်း ဝ ထိန်း ချုပ်နယ်မြေအနှံ့မှဖမ်းဆီးရမိသော မူးယစ်ဆေးဝါးချက်နေရာ ၂၀ ကျော် မူးယစ်ဆေးဝါး နှင့် ဓာတု ဆေးရည် မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရှိရပါ သည်။“အရင်နှစ်တွေတုန်းက ပန်ဆန်းဌာနချုပ်မှာ လုပ်ပေမဲ့ ဓာတုဆေးရည်တွေကို မီးရှို့တဲ့အခါ အနံ့အသက် အရမ်း ပြင်း လို့ ဒီနှစ် ယောင်တင်းမှာ သွားလုပ်ရတာဖြစ်တယ်။ မိုးရွာနေလို့ အချိန်ယူပြီး မီးရှို့ဖျက်စီးခဲ့ရတယ်”ဟု အဆိုပါအရာရှိက ပြောပါသည်။


၆ ကြိမ်မြောက် ဝ ပြည် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲဂျွန် ၂၆ ရက် ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ယွမ်ငွေ သန်း ၃၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားတစ်ရပ်ကို ဝ ပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော် ဌာနချုပ် ပန်ဆန်း ၏ မြောက်ဘက် ၁၈ ကီလိုမီတာအကွာ(မိုင်းမော်သွားကားလမ်း)ရှိ ယောင်တင်း၌ ကျင်းပခဲ့၏။ အခမ်းအနားအား နံနက် ၈:ဝဝ နာရီမှ နေ့လည် ၁၂:ဝဝ နာရီအထိကျင်းပပြီး အနယ်နယ်အရပ်ရပ်မှဖိတ်ကြား ထားသူ ဧည့်ပရိသတ် ၁၄၀ဝ ခန့် တက်ရောက်ခဲ့သည်။


အခမ်းအနားတက် ရောက်ခဲ့သူ ဝ အရာရှိတစ်ဦးက - “ယွမ်သန်း ၃၀ လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတု ဆေး ရည် စုစုပေါင်း ပီပါပုံး ၅၀ဝ ကျော် လောက် မီးရှို့ ဖျက် စီးခဲ့တယ်။ ၂၀၁၀-၂၀၁၁ အတွင်း မြောက်ပိုင်း ဝ ထိန်းချုပ်နယ် မြေတဝှမ်းလုံးမှာဖမ်းမိတဲ့ မူးယစ် ဆေးဝါးချက်တဲ့နေရာ အကြီး၊ အသေး ၂၀ ကျော်ကနေ စု ဆောင်း ထားတဲ့ မူးယစ် ဆေးဝါးနဲ့ ဓာတုဆေးရည်တွေပေါ့” ဟု ပြောပါသည်။မီးရှို့ဖျက်စီးလိုက်သည့် မူးယစ်ဆေးဝါးများမှာ မော်ဖင်း၊ ဟီရိုအင်း ဘိန်းဖြူ၊ ယာမ၊ အိုက်စ်ဆေးပြား၊ အီးဆေးပြား နှင့် ဓာတုဆေးရည်တို့ဖြစ်သည်ဟုဆို၏။

UWSA သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို တတ်စွမ်းသမျှ ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် ဝ ပြည်သည် သေးငယ်၍ လူနည်းစုဖြစ်သည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်း ကျေနပ်လောက်အောင်မဆောင် ရွက်နိုင်သည်ကို သိရှိကြောင်း၊ မိမိတို့အပေါ် နားလည်သဘောပေါက်လိမ်မည်ဟု မျှော်လင့်ကြောင်း ဒုဥက္ကဋ္ဌဌ ရှောက်မင်လျဲန် က အခမ်းအနား၌ ပြောကြားသွားကြောင်း သိရှိရပါသည်။

“မကျန်းမမာဖြစ်နေတဲ့ ဥက္ကဋ္ဌဌ ပေါဝ်းယိုချန်လဲတက်ရောက်တယ်။ တရုတ်ပြည် မိုင်းလျဲမ်းက ဒေသခံအာဏာပိုင် ၃-၄ ယောက်လောက်၊ မိုင်းလားအဖွဲ့က ၂၀-၃၀ လောက် လာတယ်။ သျှမ်းပြည်တပ်မတော် SSPP/SSA ကလည်းလာတယ်။ မြန်မာအာဏာပိုင်တွေကျတော့ ဖိတ်ပေမဲ့ မတက်ဘူး” ဟု ဌင်းက ဆက်လက်ပြောပါသည်။မိုင်းလားမှ ဒုဥက္ကဋ္ဌဌ ခွန်ဆန်လူနှင့် အတွင်းရေးမှူးစဝ်ဆိုင်လား၊ သျှမ်းပြည်တပ်မတော် SSPP/SSA မှ ပါတီ ဒုတိယ အတွင်း ရေးမှုး - ၁ စဝ်ခေးတိုင်း၊ ဒုဗိုလ်မှူးကြီးခမ်းတီတို့ တက်ရောက်ကြသည်ဟု ဝ တပ်မှူးတဦးကဆို၏။မြန်မာနိုင်ငံအတွင်းဘိန်းစိုက်ပျိုးမှု ၂ ဆ တိုးလားလာကြောင်း ကမ္ဘာကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှု ဆိုင်ရာ UNODC က ထုတ်ပြန်ခဲ့၏။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */