“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 29, 2011

ပညာရေးဝန်ထမ်းများကို စားအုန်းဆီ မယူမနေရ ရောင်းချ

Monday, 27 June 2011 03:58 မောက္ခပြည်တွင်းသတင်း
ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာဦးစီးဌာန ဝန်ထမ်းများကို တစ်ဦးလျှင် စားအုန်းဆီ ၃ ပိသာနှုန်းဖြင့် မ၀ယ်မနေရ ရောင်းချပေးနေကြောင်း ၎င်း ဝန်ထမ်းအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ကမာရွတ် အ.ထ.က. ၂ မှ ပညာရေးဝန်ထမ်းတစ်ဦးက “စားအုန်းဆီ တစ်လကို ၃ ပိသာ မယူမနေရ ယူရမယ်လို့ ပြောတယ်။ လကုန်တာနဲ့ လစာ ထဲက ၆၃၀၀ ကျပ် ဖြတ်ပြီးသားပဲ လစာက ၅သောင်းကျော်လေးရယ်၊ ဟိုဖြတ်ဒီဖြတ်နဲ့ ဘာသွားစားမလဲ ပြီးတော့ပေးတဲ့ဆီက အခဲကြီးတွေ စားလိုရတဲ့ဆီဆိုလို့ ဘယ်သူအာမခံမလဲ ”ဟု ပြောကြားသည်။



စားအုန်းဆီတင်သွင်းခွင့်ကို ပြီးခဲ့သည့်လမှ စတင်ပြီး ကုမ္ပဏီ ၁၆ ခုသို့ တင်သွင်းခွင့်ပေးခဲ့ရာ ဈေးနှုန်းများ ကမောက်ကမ ဖြစ်ပေါ်ခဲ့ကြောင်း၊ တင်သွင်းသမျှ၏ ၂၀ ရာခိုင်နှုန်းကို သတ်မှတ်ဈေးဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် ဖြန့်ဖြူးပေးရပြီး ကျန်ပမာဏကို လွတ်လပ်စွာ ရောင်းချခွင့်ရှိကြောင်း၊ ဈေးကွက်ကို ဈေးကွက်က ပြန်ထိန်းပေးရမည်ဟု ဆိုသော်လည်း တစ်ဦးတည်း လက်ဝါးကြီးအုပ်ခွင့် မရရှိသည့်အပေါ် မကျေနပ်သူများလည်းရှိရာ ၎င်းတို့က စားအုန်းဆီအဓိက ဖြန့်ဖြူးရာ ဦးပိုင်မှ ပိုင်ဆိုင်သော သိုလှောင်ကန်များတွင် သိုလှောင်ခွင့်အပေါ် တစ်ဖက်လှည့်ဖြင့် အမြတ်ထုတ်နေခြင်း မသမာသောနည်းလမ်းများကို အသုံးပြုနေခြင်းများရှိနေကြောင်း၊ သိုလှောင်ကန်မှ ထုတ်ယူသော အချို့ဆီပေပါများ များစွာလျော့နေသည့် အကြောင်းများလည်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြလျက် ရှိသည်။



ယခုကဲ့သို့ ပညာရေးဝန်ထမ်းများကို မယူမနေရစနစ်ဖြင့်ရောင်းချခြင်းမှာ ၎င်းတို့အတွက်သက်သာချောင်ချိမှုထက် အကျင့်ပျက်မှုနှင့် လူမှုစီးပွားဆိုင်ရာ ပြဿနာများ ပိုမိုတိုးပွားလာဖွယ်ရှိကြောင်း သတင်းဆန်းစစ်သူအချို့က သုံးသပ်ပြောဆိုသည်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */