“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, June 26, 2011

တောင်နှင့် မြောက်ကိုရီးယား ဆိုက်ဘာစစ်ပွဲ

http://www.maukkha.org/index.php?option=com_content&view=article&id=1708:2011-06-26-07-39-36&catid=85:news&Itemid=265 ပေးပို့ သူ -eimmet mahotpar
တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် အိုင်တီ နည်းပညာ အဆင့်မြင့်ဆုံး
တိုင်းပြည်တစ်ပြည် ဖြစ်ပြီး၊ အင်တာနက် ဆက်သွယ်မှုမှာ အမြန်ဆုံးနှင့်
ဈေးအချိုဆုံး

ဖြစ်သည်။

လူသန်း ၅၀ နီးပါးတွင် ၉၅ ရာခိုင်နှုန်းမှာ အွန်လိုင်းဖြင့်
ရင်းနှီးကျွမ်းဝင်နေသောကြောင့် ထူးခြားသည့် တိုင်းပြည် ဖြစ်သည်။

နည်းပညာ အဆင့်မြင့်ပေမဲ့ မကြာမီက မြောက်ကိုရီးယားရဲ့
ဆိုက်ဘာတိုက်ခိုက်မှုကို ခံနေရကြောင်း တောင်ကိုရီးယား အာဏာပိုင်များက

နိုင်ငံပိုင်သတင်းဌာနများကနေ ကြေငြာခဲ့သည်။

မြောက်ကိုရီးယားဘက်မှ မဟာဗျူဟာကျကျ ဆိုက်ဘာစစ်ပွဲ ဆင်နွှဲနေသောကြောင့်
ဆိုးလ် အစိုးရ အနေဖြင့် ဟတ်ကာ အရေအတွက် နှစ်ဆမြှင့်ပြီး ဆိုက်ဘာ

ကာကွယ်ရေး အစီအစဉ်များ လုပ်နေရကြောင်း ဖော်ပြသည်။ ၀န်ကြီးဌာနများနှင့်
ဗဟိုဘဏ်ကဲ့သို့သော အဓိက အစိုးရဌာနများ အတွက် ၂၄ နာရီ

ဆိုက်ဘာလုံခြုံရေး စင်တာများကိုလည်း ဆောင်ရွက်ထားရသည်ဟု ဆိုသည်။

တောင်ကိုရီးယား အာဏာပိုင်များ၊ အိုင်တီပညာရှင်များနှင့်
မြောက်ကိုရီးယားမှ ခွဲထွက်လာသူများရဲ့ ပြောဆိုချက်အရ အိမ်နီးချင်း
ကွန်မြူနစ်နိုင်ငံက ရန်သူ

အရင်းရှင်နိုင်ငံ ဗုံးဗုံးလဲအောင် ဆိုက်ဘာ စစ်ဆင်ရေးကို ထိထိရောက်
ဆင်နွှဲလုပ်ဆောင်နေသည်ဟု ဆိုသည်။

သို့သော် ဝေဖန်သူများက အထီးကျန် မြောက်ကိုရီးယားအနေဖြင့်
အဆင့်မြင့်နည်းပညာကို စွမ်းဆောင်နိုင်မည် မဟုတ်ဘဲ၊ တောင်ကိုရီးယားက
မြောက်ဘက်ကို

နို်င်ငံတကာ ဖိအားပေးဖို့ ရည်ရွယ်ပြောဆိုတာသာ ဖြစ်နိုင်သည်ဟုလည်း ဆိုကြသည်။

မကြာခင်လများက တောင်ကိုရီးယား စစ်တက္ကသိုလ်မှ ဗိုလ်လောင်းအရာရှိ ၆၀
ကျော်ထံ အီးမေးလ်များ ၀င်လာခဲ့သည်။ အီးမေးလ် ခေါင်းစဉ်တွင် “It’sme, a

fellow alum” “I miss you, buddy!” ရေးထားသည်။ စာကိုယ်တွင်
စစ်တက္ကသိုလ်နှင့် ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များ၊ တက္ကသိုလ်နေရာများ၊

ဗိုလ်လောင်းများ သုံးနှုန်းတဲ့ စကားများ အသေးစိတ်ပါရှိသည်။ သို့သော်
ရေးသားသူမှာ စစ်တက္ကသိုလ်နှင့် မပတ်သက်သူမှန်း သိသာကြောင်း
ဗိုလ်လောင်းတစ်ဦးက

အယ်လ်ဂျာဇီယာ ရုပ်သံကို ပြောပြသည်။

ယခုလထဲတွင် တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက မြောက်ကိုရီးယားမှ
အီးမေးလ်များ ဖြန့်ဝေနေကြောင်း၊ တောင်ကိုရီးယား

စစ်အကယ်ဒမီဌာနတစ်ခုရဲ့ ကွန်ပျူတာစနစ်ကိုလည်း (hack)
ဖို့ကြိုးစားခဲ့ကြောင်း ကြေငြာခဲ့သည်။ စစ်ရေးပြောရေးဆိုခွင့်ရှိသူက
မြောက်က ဘယ်လို hack

သလဲဆိုတာ အသေးစိတ်ပြောဖို့တော့ လုံခြုံရေးကြောင့် ငြင်းဆန်ခဲ့သည်။

မတ်လတွင် သမ္မတရုံး၊ ကာကွယ်ရေးဌာနနှင့်
အမျိုးသားထောက်လှမ်းရေးအဖွဲ့တို့ရဲ့ ၀ဘ်ဆိုဒ်များ အပါအ၀င် တောင်ကိုရီးယား
ဝဘ်ဆိုဒ် ၄၀ ကျော် သုံးရက်အတွင်း

တိုက်ခိုက်ခံခဲ့ရသည်။ ဧပြီလမှာ Nonghyup ဘဏ်ဟု တောင်ကိုရီးယားတွင်
လူသိများသည့် စိုက်ပျိုးရေးဘဏ်မှ လူ သန်း ၂၀ ကျော်ရဲ့ အကောင့်များ

ဆုံးရှုံးခဲ့ရသည်။ ဆိုးလ်မြို့ရှိ အရပ်သားသုံး ဆဲလ်လူလာဖုန်း
လိုင်းများလည်း ပြတ်တောင်းတောင်း ဖြစ်ခဲ့သည်။ တောင်ကိုရီးယား
အာဏာပိုင်များက အားလုံးကို

မြောက်ကိုရီယား လက်ချက်ဟု စွတ်စွဲပြောဆိုခဲ့သည်။

မောက္ခ နိုင်ငံတကာသတင်းRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */