“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, June 26, 2011

အကြွေစေ့ လောင်းကစားနှင့် ကာစီနိုခေါ် ဂိမ်းဝိုင်းများ ပိတ်သိမ်းတော့မည်

ပေးပို့ သူ -eimmet mahotpar
http://www.yoyarlay.com/localnews/local-news/lower-myanmar/8908-2011-06-24-04-54-34
ငွေ အကြွေစေ့ဖြင့် လဲလှယ် ကစားသည့် လောင်းကစား ဝိုင်းများ အပါအဝင် Game
Centerများနှင့် ကာစီနို ကစားဝိုင်း လုပ်ငန်းရှင်များအား ယခုလ
တတိယပတ်အတွင်း မှစ၍ ပိတ်သိမ်း တော့မည်ဟု ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းဧရိယာနှင့်
လူစည်းကားရာ

အဆောက်အအုံများနှင့် ဈေးအနီး ဝန်းကျင် အခန်းများတွင် ခေတ်ပေါ်စနစ်ဖြင့်
ပြုလုပ်လျက်ရှိသော ကာစီနိုခေါ်ဂိမ်းကစားဝိုင်းများနှင့်

ဂိမ်းဆိုင်များဖွင့်လှစ်ထားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အား
မြို့နယ်အလိုက် ဒေသခံ အာဏာ ပိုင်များမှ ခေါ်ယူသတိပေး
တားမြစ်သွားမည်ဖြစ်ပြီး

လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

“ဒီမိုကရေစီနိုင်ငံဆိုပေမယ့် ကိုယ့်နိုင်ငံရဲ့ဥပဒေဟာ အဓိကကျ တယ်။
တခြားနိုင်ငံတွေမှာ ဒါမျိုး တွေရှိပေမယ့် ကိုယ့်နိုင်ငံမှာ
လောင်းကစားမှုတွေ

ပပျောက်အောင်လုပ်တဲ့သဘောပဲ။ ခုခေတ်က ဂိမ်းမဆော့တတ်တဲ့လူငယ်ဆိုတာ
မရှိသလောက်ရှားတယ်။ အဲဒီမှာငွေအကြွေစေ့လဲပြီး ကစားတဲ့စနစ်တွေ

တဖြည်းဖြည်း ကြီးမားလာနိုင်တယ်။ အဓိကကတော့ ကာစီနို ကစားဝိုင်းတွေကို
သတိထားရမှာ ပါ”ဟုတာဝန်ရှိသူတစ်ဦးကဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ဧရိယာရှိ သိမ်ကြီးဈေး၊ ညောင်ပင်လေးဈေး၊
သံဈေး၊ မင်္ဂလာဈေးနှင့် အခြားမြို့နယ်များရှိ လူစည်ကားရာ
အဆောက်အအုံများတွင်

ဆိုင်ပေါင်း ၂ဝဝ ဝန်း ကျင်ခန့်ရှိပြီး ငွေအကြွေစေ့ တစ်စေ့လျင် ၁ဝဝ ကျပ်
သတ်မှတ်ထားကြောင်း ယင်းငွေအကြွေစေ့များနှင့် စက်ပစ္စည်းများသည်

တရုတ်နှင့်ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် ပစ္စည်းများဖြစ် ကြောင်း
လသာမြို့နယ်နေ အဆိုပါကစားဝိုင်းများနှင့် နီးစပ်သူတစ်ဦးထံမှသိရသည်။

“ကာစီနိုဝိုင်းတွေမှာ ကစားနည်းပေါင်း ၂ဝ လောက်ရှိတယ်။ ပိုက်ဆံကို
တစ်သောင်းဖိုးကနေ သိန်းပေါင်းများစွာအထိ ဆိုင်ရှင်ဆီမှာ လဲထားလို့ရတယ်။

ကိုယ်ကနိုင်လို့ ရှိရင်လည်း ပြန်လဲလို့ရတယ်။ စက်ထဲမှာထည့်ထားတဲ့
အကြွေစေ့တွေ ကုန်သွားရင်လည်း ကွန်ပျူတာက အလိုလျောက်ပြတယ်။ အကုန်လုံးက

နိုင်ငံတကာ အဆင့်မီတယ်လို့ ပြောတာပဲ။ ကစားဝိုင်းတွေမှာ အရွယ်ကောင်းတဲ့
မိန်းကလေးတွေက စောင့်ကြည့်ပေး ကြတာ။ နိုင်တဲ့အခါလည်း သိန်းပေါင်းများစွာ

နိုင်သလို ရှုံးတဲ့အခါဆိုလည်း ပြန်ယူလို့တောင် မလောက်ပါဘူး” ဟု ၄င်းကဆိုသည်။

အဆိုပါ ကစားနည်းများသည် ၂ဝဝ၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့
ရောက်ရှိလာပြီး သက်ဆိုင်ရာမှ တရားဝင်ဖွင့်လှစ် ခွင့်မပေးခဲ့ကြောင်း၊
ယခုအခါ

ယင်းကစားဝိုင်းများသည်ခေတ် ပေါ် နည်းပညာများဖြင့်
လုပ်ကိုင်လာကြခြင်းကြောင့် တားမြစ်အရေးယူသွားရန် အစိုးရသစ်မှ
ညွှန်ကြားထားကြောင်း သိရသည်။

အကြွေစေ့ဖြင့် လဲလှယ်ကစားသည့် ကစားနည်းများကို ယခင်က
မြန်မာနိုင်ငံတွင်နေထိုင်သည့် တရုတ်လူမျိုးများသာ ကစားလေ့ရှိခဲ့ပြီး
ယခုအခါလူမျိုးမရွေး

စိတ်ဝင်တစားကစားလာ ကြကြောင်း သိရ သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */