“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, June 25, 2011

ပြုပြင်ပြောင်းလဲရေး လက်တွေ့လုပ်ရန် EU ပြော

ရန်ပိုင် Thursday, 23 June 2011 17:52 (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာအစိုးရသစ်အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လက်တွေ့လုပ်ဆောင်ရန် ဥရောပသမဂ္ဂ (EU) အထူး ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ မစ္စတာ ရောဘတ်ကူးပါးက ယမန်နေ့က ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။


ပြီးခဲ့သည့် တနင်္လာနေ့က ရောက်ရှိလာသည့် အဆိုပါအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို EU ဒု ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးရာနှင့် လုံခြုံ ရေးရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ရောဘတ်ကူးပါးက ဦးဆောင်ပြီး မြန်မာနိုင်ငံဆိုင်ရာ EU အထူးကိုယ်စားလှယ် မစ္စတာ ပီယာရို ဖက်စီနိုလည်း ပါဝင်သည်။

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လာရောက်သည့် EU ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနှင့် EU အကြား ဆက်ဆံရေး တိုးမြှင့်ရန် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်လည်း နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်။

တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း EU ကိုယ်စားလှယ်များသည် မြန်မာအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် လူ့အခွင့် အရေးကိစ္စများနှင့် အကျဉ်းထောင်များသို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ လာရောက်ခွင့်များကို ဆွေးနွေးတောင်းဆိုခဲ့သည်ဟု သိရ သည်။

ယမန်နေ့က ရန်ကုန်မြို့ အီတလီသံရုံးတွင် ပြုလုပ်သည့် အဆိုပါ သတင်းစာရှင်းပွဲ၌ မစ္စတာ ရောဘတ်ကူးပါးက မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေကိုလေ့လာရန်နှင့် ဥရောပသမဂ္ဂနှင့် မြန်မာအစိုးရ အကြား တွေ့ဆုံဆွေးနွေးမှု ပိုမိုပြုလုပ်ရန်အတွက် လာရောက်ခြင်းဖြစ်သည်ဟု သတင်းထောက်များကို ပြောဆိုသည်။

“မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ကျနော်တို့ တွေ့မြင်နေရပါတယ်၊ ဒါတွေကိုလည်း ပိုမိုနားလည်နိုင်ဖို့ ကြိုးစားနေပါတယ်”ဟု မစ္စတာ ကူးပါးက ဆိုသည်။

သို့သော် ယခုခရီးစဉ်သည် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် မူဝါဒများကို ပြောင်းလဲပစ်ရန် မဟုတ်ကြောင်း၊ နှစ် ဘက် ဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် မိမိတို့အနေဖြင့်လည်း ပွင့်လင်းမြင်သာစွာ ပြောင်းလဲရန် လိုအပ်ကြောင်း ပြောဆိုသည်။

EU ကိုယ်စားလှယ် အဖွဲ့သည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟို အလုပ် အမှုဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်း သား ပါတီ များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

CRPP အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီ ခေါင်းဆောင် ဦးအေးသာအောင်က“အစိုးရသစ်ပြောထားတဲ့ မိန့်ခွန်းတွေက ကောင်းလွန်းတော့ ဒီ အပေါ်မှာ အပြောင်းအလဲတခုဖြစ်ဖို့ လမ်းစများရှိမလားဆိုပြီး အချက်အလက်ရှာ စနည်းနာတာပါ”ဟု ပြော ဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တရပ်ပေါ်ပေါက်နေသည်ဆိုသော်လည်း စစ်အစိုးရမှ အသွင်ပြောင်းထားခြင်းသာ ဖြစ်ကြောင်း၊ အမျိုး သား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရန်၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ နယ်စပ် တိုင်းရင်းသားဒေသ တွင် တိုက်ပွဲများ ဖြစ်နေခြင်းကို ရပ်ဆိုင်းရန်လိုအပ်သည်ဟု ပြောဆိုဆွေးနွေးကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများတွင် ဂျာမနီ၊ အီတလီ၊ စသည့်နိုင်ငံများအနေဖြင့် မြန်မာအစိုးရသစ်နှင့် ဆက်ဆံရေး ပြန်လည်ပြုလုပ်ကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဆန္ဒရှိနေသည်ဟု ဦးအေးသာအောင်က ပြောသည်။

EU နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် လူအခွင့်အရေးချိုးဖောက်မှုများ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ မရှိသည့်အတွက် နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍများတွင် အမေရိကန်နိုင်ငံ နည်းတူ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားပြီး အရေးယူမှု သက်တမ်း တနှစ်တိုး ထား သည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် အရပ်သားဝန်ကြီးတချို့ ခရီးသွားလာခွင့် ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးခဲ့သည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */