“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 14, 2011

KIO ကို တိုက်ခိုက်ရန် နေပြည်တော်စစ်ရုံးချုပ် အမိန့်ပေး

Monday, 13 June 2011 18:36 သျှမ်းသံတော်ဆင့် (ပေးပို့ သူ-ဗမာ့သွေး)
ယခုလ ၉ ရက်နေ့က ကချင်ပြည်နယ်မိုးမောက်မြို့ နယ် အတွင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIA တပ်ရင်း ၁၅ နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲဖြစ် ပွား အပြီး နောက်တစ်ရက် KIO အား တိုက်ခိုက်ရန် နေပြည်တော် စစ်ရုံးချုပ်က မပခ စစ်တိုင်းသို့ ညွန်ကြား ထားကြောင်း စုံစမ်း သိရသည် ။


“၉ ရက်နေ့မှာဖြစ်တာက စစ်တပ် အရာရှိနှစ်ယောက်ကို ဖမ်းထားလို့ ဒေသဆိုင်ရာအမိန့်နဲ့ တိုက်တာ၊ လက်နက်ကြီး မသုံး ဘူး နောက်နေ့မနက်စောစော နေပြည်တော်က ပစ်မိန့်ပေးလိုက်ပြီ အခုတိုက်နေတာ နေပြည်တော်အမိန့်နဲ့ တိုက်နေတာ ” ဟု မပခစစ်တိုင်းနှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။



ယခုတိုက်ပွဲမှာ နေပြည်တော် စစ်ရုံးချုပ် အမိန့်ဖြင့်တိုက်ကြောင်း၊ ယခင်မြောက်ပိုင်းတိုင်း မြန်မာစစ်တပ် အရာရှိ များအား ရက်ပိုင်းအတွင်း နေရာပြောင်းရွေ့ လိုက်ကြောင်း KIO ဋ္ဌဌာနချုပ် လိုင်ဇာမြို့ရှိ KIA အရာရှိ တစ်ဦးက လည်း ပြောသည် ။


မိုးမောက်မြို့နယ် အတွင်းရှိ KIA ဘွန်ဆိုင်း (ထုံးဖို) စခန်းအား ယနေ့ညနေပိုင်းအထိ ၅ ရက်မြောက်နေ့အဖြစ် မြောက် ပိုင်းတိုင်း (မပခ) လက်အောက်ခံ မြန်မာတပ်များ ထိုးစစ်ဆင်နေရာ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေ ကြောင်း သူက ဆက်ပြောသည် ။

“အခုအထိ လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ၊ တိုက်ပွဲတွေ ၅ ရက်မြောက်ဆက်တိုက် ဖြစ်နေတာပေါ့ ။ လိုင်ဇာနား မှာရှိတဲ့ လဂျားယန် ဂိတ်မှာ ဗမာစစ်တပ်က အင်အားတွေထပ်ဖြည့်ထားတယ် ” ဟု ပြောသည် ။

ယခုလ ၉ ရက်နေ့ တိုက်ပွဲတွင် မြန်မာစစ်တပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သည် ၃ ဦး ကျဆုံး၍ ၆ ဦး ဒဏ်ရာရရှိ ခဲ့ပြီး ဗန်းမော်ဆေးရုံသို့ လူနာများ သယ်ဆောင်သွားရာ နောက်တစ်နေ့ ဆေးရုံ၌ ယမ်းဗိုက် သေနတ်ထိမှန်သူ စစ်သည် တစ်ဦးထပ်မံ သေဆုံးသဖြင့် သေဆုံးသူ ၄ ဦးအထိရှိကြောင်း သိရသည် ။

နောက်ထပ်တိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ ဒဏ်ရာရသူ စစ်သည်များ ဗန်းမော်ဆေးရုံသို့ ပို့ဆောင်ခဲ့သော် လည်း ဆေးရုံအတွင်း အပြင်လူဝင်ခွင့်မပေးသဖြင့် ဒဏ်ရာရသူ အရေအတွက် အတိအကျ မသိရကြောင်း ဗန်းမော်မြို့ခံ တစ်ဦးက ဆို သည် ။

ယမန်နေ့အထိ တိုက်ပွဲများအတွင်း KIA ဘက်မှ ကျဆုံးစစ်သည် ၄ ဦးရှိကြောင်း သိရသည် ။

တိုက်ပွဲများရပ်၍ နှစ်ဘက်ညှိနှိုင်းဆွေးနွေးကြရန်နှင့် စစ်တိုက်လိုသောန္ဒရှိပါက တစ်ပြည်လုံးအနှံ့ စစ်ပွဲများပျံ့နှံ့ သွားမည့်အကြောင်းရေးထားသော စာတစ်စောင်ကို KIO မှ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ထံ ပေးပို့ခဲ့အပြီး နေပြည်တော် စစ်ရုံး ချုပ်က ပစ်မိန့်ပေးလိုက်ခြင်း ဖြစ်သည် ။

အဆိုပါ စစ်ပွဲများကြောင့် ယခင် ၂၄ နာရီပတ်လုံး လျှပ်စစ်မီးရရှိ သည့် ဗန်းမော်မြို့မှာ ယခုအခါ လျှပ်စစ်မီးလုံးဝ ပြတ် တောက်နေကြောင်း သိရသည် ။

KIOဋ္ဌဌာနချုပ် လိုင်ဇာနှင့် ဗန်းမော် - မြစ်ကြီးနား ပြေးဆွဲနေသည့် ကားလှိုင်းများ သွားလာမှုလုံးဝနီးပါးရပ်ဆိုင်း သွား သဖြင့် လိုင်ဇာမြို့မှာ ခြောက်ကပ်နေသည် ။

မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ တစ်ဘက်ကမ်း တရုတ်နယ်စပ် လားရင်းဒေသသို့ စစ်ပြေးဒုက္ခသည် တချို့ ရောက်ရှိ နေကြောင်း ဒေသခံမျက်မြင်တစ်ဦးက ပြောသည် ။

“မနေ့က ကိုယ်တိုင်သွားကြည့်တယ် စစ်ပြေးဒုက္ခသည်တွေ ရောက်တော့ရောက်လာတယ် ဒါပေမဲ့ အရင် ကိုးကန့်စစ်ပွဲ တုန်းကလို အလုံးအရင်း ရောက်လာတာမဟုတ်ဘူး တယောက်တပေါက် ရောက်လာတဲ့ပုံစံမျိုးပဲ ခန့်မှန်းခြေက တစ် ထောင် လောက်ရှိနိုင်တာပေါ့ ” ဟု သူက ဆိုသည် ။

တရုတ်နယ်စပ်အနီး KIA တပ်စခန်းများ တည်ရှိရာ မြို့ရွာများအတွင်း လူစိမ်းအဝင်အထွက် ကန့်သတ်လိုက်ပြီး စစ်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည် ။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */