“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 14, 2011

အကျဉ်းကျသျှမ်းခေါင်းဆောင် မိသားစုဝင်အား ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံအားပေး

Monday, 13 June 2011 18:50 သျှမ်းသံတော်ဆင့် (ပေးပို့ သူ-ဗမာ့သွေး)
ယနေ့မနက်ပိုင်း၌ အကျဉ်းကျ သျှမ်းခေါင်းဆောင် မိသားစုဝင်များအား ဒေါ်အောင်ဆန်းစုကြည်က အိမ်တိုင်ရာရောက်သွား ရောက်တွေ့ဆုံအားပေး စကားပြောကြားခဲ့သည်ဟုဆို၏။“ဒေါ်အောင်ဆန်းစုကြည် နဲ့ လူငယ် အယောက် ၂၀ လောက် ဦးခွန်ထွန်းဦးအိမ်မှာ ဒီမနက်လာတွေ့တာ။ SNLD အဖွဲ့ဝင်တွေလဲပါတယ်။ အဓိကကတော့ အကျဉ်းကျသျှမ်းခေါင်းဆောင်တွေရဲ့ မိသားစုတွေကို အားပေးဖို့ ဖြစ်တယ်” ဟု SNLD ပါတီဝင်တဦးက ပြောပါသည်။

ဂျွန် ၁၃ ရက် ၂၀၁၁ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ဒေါ်အောင်ဆန်းစု ကြည် နှင့် လူငယ်အယောက်နှစ်ဆယ် ခန့် သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နှစ်ရှည်ထောင်ကျခံ သျှမ်းခေါင်းဆောင်မိသားစုများ အား ရန်ကုန်မြို့ ပြည်လမ်း ရှိ ခွန်ထွန်းဦးနေအိမ်၌ တွေ့ဆုံကြသည်ဟု ဆို၏။အမျိုးသားဒီမိုကရေစီအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သျှမ်းခေါင်းဆောင် မိသားစုများဖြစ်သည့် ခွန်ထွန်းဦး၏ ဇနီး ဒေါ်ဝေဝေလွင်၊ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်၏ ဇနီး နန်းခင်အုန်းတင့်၊ ဗဟိုကော် မတီဝင် စိုင်းလှအောင်၏ဇနီး နန်းခမ်းအောင်တို့ပါဝင်သည်ဟုဆို၏။

နန်းခင်အုန်းတင့်၊ ဒေါ်စုအောင်ဆန်းစုကြည်၊ ဒေါ်ဝေဝေလွင်၊ နန်းခမ်းအောင် (ဝဲမှယာ)

“ခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအခြေအနေကို လာရောက်မေးမြန်းတာပါဘဲ။ မိသားစုကနေတဆင့် ဒေါ်အောင်ဆန်းစုကြည် စကားပါးလိုက်တာကတော့ - ‘ အကျဉ်းကျနေတဲ့ သျှမ်းခေါင်းဆောင်တွေအားလုံးကို ပြောပေးပါ၊ အသက်ကလဲ ကြီးလာကြပြီဆိုတော့ ကျန်းမာရေး ဂရုစိုက်ပါ။

နိုင်ငံရေးသမားတွေ ကျန်းမာ အောင်နေရင် နိုင်ငံရေးလုပ်နေတာပါဘဲ’-တဲ့ အားပေးစကား ပြောသွားတယ်” - ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် ကပြောပါသည်။ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့်နောက်ပိုင်းတိုင်းရင်းသားခေါင်းဆောင်များ ၏ မိသားစုဝင်များအား အိမ်တိုင်ရာရောက် သွားရောက်အားပေးခြင်းသည် ယခုပထမဆုံးအကြိမ်ဖြစ်သည်။ဦးခွန်ထွန်းဦး ဦးဆောင်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးလျှင် ၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယအနိုင်ရသည့်ပါတီဖြစ် သည်။

၂၀ဝ၅ နှစ်ဦးပိုင်းတွင် နအဖ စစ်အုပ်စုက သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး(SNLD ဥက္ကဌ)၊ ဦးစိုင်း ညွှန့်လွင် (SNLD အထွေထွေအတွင်းရေးမှူး)၊ စိုင်းလှအောင် (SNLD ဗဟိုအလုပ်အမှုဆောင်)နှင့် သျှမ်းပြည်မျိုး ဆက်သစ်လူငယ် ခေါင်းဆောင် ဆရာဦးမြင့်သန်း (၂၀ဝ၅ မေ သံတွဲထောင်၌ ကွယ်လွန်)၊ စိုင်းညီညီမိုး၊ စိုင်းမျိုး ယင်းထွန်း၊ ဦးထွန်းညို နှင့် သျှမ်းပြည်တပ်မတော် (အပစ်ရပ်) နာယက ဗိုလ်ချုပ်ဆေထဲန့်တို့အား ပြည်ထောင်စု မှ ခွဲထွက်လိုမှုနှင့် အခြားပြစ်မှုများစွာဖြင့် ထောင်ဒဏ် ၇၅ နှစ်မှ ၁၀၆ နှစ်အထိ အသီးသီး ပြစ်ဒဏ်ချခဲ့သည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */