“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 14, 2011

ဂတ်စ်ကို နိုင်ငံခြားသို့ ရောင်းပြီး ဖွဲခွံဓါတ်ငွေ့ဖြင့် မီးပေးမည့် အစီအစဉ် စစ်တွေမြို့သားများ လက်ခံမည်မဟုတ်

ပေးပို့ သူ eimmet mahotpar
စစ်တွေမြို့ လျှပ်စစ်မီး ရရှိရေးကို ဓါတ်ငွေ့ အပါအ၀င် ဒီဇယ် စက်များကို အသုံးမပြုဘဲ ဖွဲခွံသုံး ဓါတ်ငွေ့ဖြင့် လျှပ်စစ်မီး
ပေးဝေ လာမည်ဆိုပါက မြို့လူထု အနေဖြင့် ၀ိုင်းဝန်း ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ်ကြောင်း စစ်တွေမှ မြို့ခံ လူကြီး တစ်ဦးက ပြောသည်။
ဒီဖွဲခွံ ဓါတ်ငွေ့သုံး စက်တွေက လေထု ညစ်ညမ်းမူကို အရမ်း ဖြစ်စေတဲ့ အပြင်
သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူကိုလည်း ဖြစ်ပေါ်စေပါတယ်။ အခု စစ်တွေမှာ ဖွဲခွံစက်ကနေ ထုတ်လိုက်တဲ့
အညစ်အကြေးတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမူနဲ့ ရေနေ သတ္တ၀ါတွေပါ သေနေတာကို တွေ့နေရပါတယ်။ ဒါကြောင့် ဒီလို ဖွဲခွံသုံး စက်တွေကို ဆက်တည်ဆောက်မယ်ဆိုရင် တတ်နိုင်တဲ့ နည်းနဲ့ ကန့်ကွက်သွားရမှာ ဖြစ်ပါတယ်â€
ဟု သူက ပြောသည်။

စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက် ပြည်နယ်ရုံးနောက်တွင် တည်ရှိသော
ဖွဲခွံသုံး မီးစက်မှ ထွက်ရှိသော အညစ်အကြေး အရည်များမှာ မီးစက်တည်ရှိရာ သဗ္ဗာန်ချောင်းထဲသို့ စီးဝင်နေသဖြင့်
ရေနေသတ္တ၀ါများ သေဆုံးမူရှိနေပြီး သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မူ ရှိနေကြောင်း သိရသည်။

“ အရင် သဗ္ဗာန်ချောင်းထဲမှာ လူတွေက နေ့တိုင်းလိုလို ငါးရှာလို့ရတယ်။ အခု
ငါးဆို တစ်ကောင်မှ ချောင်းထဲကို မ၀င်တော့ဘူး။ ချောင်းတစ်ခုလုံးက အဆိပ်သင့်သွားပြီ ဖြစ်တယ်။ ချောင်းထဲ
ပေါက်ရောက် နေတဲ့ ဒီရေရောက် တောတွေလည်း ပျက်စီးနေတယ်။ ဒီလို ဖြစ်တာက ဖွဲခွံစက်က စုတ်ထုတ်ပစ်တဲ့
အရည်တွေကြောင့် ဖြစ်ပါတယ်။ ဒီလို စက်မျိုးတွေ ဆက်တည်ရင် ရှေ့မှာ ပိုထိခိုက်နိုင်ပါတယ်†ဟုသူက ပြောသည်။
ဖွဲခွံသုံး စက်ရုံမှ ထွက်လာသော အနံ့အသက်မှာလည်း အထူး ဆိုးရွားပြီး
စက်ရုံမှ ထုတ်လိုက်သော မီးခိုမှာလည်း လေထု ညစ်ညမ်းမူကို အရမ်းဖြစ်စေသည်ဟု သိရသည်။

“ အခုက ဒီစက်ရုံပိုင်ရှင် ဦးစိုးတင့်အောင်က စစ်တွေ တမြို့လုံးကို ဖွဲခွံနဲ့ မီးပေးမယ်ဆိုပြီး လျှောက်ထားတယ်လို့
သိရတယ်။ တခြား ကုမ္ပဏီ တစ်ခုကလည်း ဒီဇယ်နဲ့ တမြို့လုံးကို မီးပေးမယ်ဆိုပြီး လျှောက်ထားတယ်လို့ သိရပါတယ်။

အခုလောလောဆယ်မှာ အတည်တော့ မကျသေးဘူး။ ဘယ်သူ့ကိုမှ မပေးသေးဘူး။
ဖွဲခွံစက်တွေကို ဆက်တည်ပြီး မီးပေးဖို့ လုပ်ရင်တော့ စစ်တွေက လူတွေက အထက် နေပြည်တော်ထိ စာရေး တိုင်မယ်လို့
စီစဉ်ထားပါတယ်†ဟု သူက ပြောသည်။

ဖွဲခွံ မီးစက်မှ ဖြန့်ဖြူးသော မီးမှာ အားမပြည့်သဖြင့် ကြက်ဥ အနှစ်ကဲ့သို့
ခပ်ကြန်ကြန် ဖြစ်နေပြီး မည်သည့် စက်မူ လက်မူ လုပ်ငန်းကိုမှ အဆိုပါ လျှပ်စစ်မီးဖြင့် လည်ပတ် လုပ်ကိုင်နိုင်ခြင်း
မရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဓါတ်ငွေ့သိုက်များမှ ဓါတ်ငွေ့များ ထုတ်ယူနေပြီ
ဖြစ်သော်လည်း ဓါတ်ငွေ့ကို ဒေသအတွင်း တစုံတရာ

အသုံးမပြုဘဲ အိမ်နီးချင်း တရုတ်သို့ ရောင်းစားထားပြီး စစ်တွေ အပါအ၀င်
ရခိုင်မှ မြို့များတွင် ဖွဲခွံဖြင့် လျှပ်စစ် မီးပေးရန်

အစိုးရမှ စီစဉ်နေခြင်း အပေါ် ရခိုင် လူထုက အထူး မကျေမနပ် ဖြစ်နေကြောင်း သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */