“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 14, 2011

အထူး သတိပေး နှိုးဆော်ချက်

မြန်မာနိုင်ငံတွင် No. 1 စိတ်ဓာတ် မြှင့်တင်ရေး သင်တန်းဟု အမည် တပ်ကာ ဒစ္စကို အကများကို သင်တန်း ပေးနေသော ဗုဒ္ဓဘာသာ အရေခြုံ ဘာသာဖျက် ဘုန်းကြီး ဦးဣဒ္ဓိပါလသည် ၁၅.၅.၂၀၁၁ ရက်နေ့တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူရှိ SM ကုန်တိုက်တွင် စိတ်ဓာတ် မြှင့်တင်ရေး ဟောပြော ပွဲဟုဆိုကာ ဒစ္စကို အကများကို သင်တန်း ပေးရန် ရောက်ရှိနေပါသည်။

အဆိုပါ ဦးဣဒ္ဓိပါလက ရဟန်းတို့ စောင့်ထိန်း အပ်သော ကျင့်ဝတ် သိက္ခာနှင့် ဆန့်ကျင်ကာ ထိုကဲ့သို့ အက သင်တန်းများ ဘာသာရေးနှင့် သက်ဆိုင်ခြင်း မရှိသော ဟောပြော ပို့ချမှုများ ပြုလုပ် နေခြင်းသည် ဗုဒ္ဓသာသနာ၏ အသရေကို ညှိုးနွမ်း စေခြင်း၊ အသိအမြင် ကြွယ်ဝခြင်း မရှိသေးသည့် အချို့သော ဗုဒ္ဓဘာသာဝင် လူငယ် လူရွယ် များကို အသိေ၀၀ါးကာ လမ်းမှားသို့ ရောက်ရှိ စေခြင်းများ ဖြစ်ပေါ် စေနိုင်ပါသည်။

သို့ပါသောကြောင့် အမျိုး ဘာသာ၊ သာသနာကို စောင့်ရှောက်ခြင်း အလို့ငှါ မလေးရှားရောက် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အဆိုပါ သာသနာဖျက် ဘုန်းကြီး၏ ဟောပြောပွဲသို့ မတက်ရောက် ကြပါရန် နှိုးဆော် အပ်ပါသည်။

တာဝန်သိ ဗုဒ္ဓဘာသာဝင် တစ်ဦး

မလေးရှား နိုင်ငံရောက် မြန်မာ ထေရ၀ါဒ သံဃာတော်များ၏ ကြေညာချက်
၁၁. ၅. ၂၀၁၁

မြန်မာပြည် ထေရ၀ါဒ ရဟန်းတော်များသည် ဂန္ထဓူရ၊ ၀ိပဿနာ ဓူရ နှစ်ခုသာ ကျင့်ကြံတော်မူ ပါ၏။ ဂန္ထဓူရသည် စာသင်စာချခြင်း ဖြစ်၍ ၀ိပဿနာ ဓူရသည် တရား အားထုတ်၊ တရားဟောခြင်း ဖြစ်၏။

ထိုနှစ်ပါးမှ လွဲ၍ အက သင်တန်း ပေးခြင်း၊ ဗေဒင်ဟောခြင်း၊ ယတြာချေခြင်း၊ ဓာတ်ရိုက် ဓာတ်ဆင် ဆေးကုခြင်း စသည်များသည် ထေရ၀ါဒ ရဟန်းတော် များ၏ အလုပ် မဟုတ်ပါ။ အလဇ္ဇီ ဒုဿီလ များ၏ အလုပ်များသာ ဖြစ်၏။

ထို့ကြောင့် ၁၅. ၅. ၂၀၁၁ နေ့ SM ခန်းမတွင် ပြုလုပ်မည် ဖြစ်သော ရဟန်း အမည်ခံ ပုဂ္ဂ္ဂိုလ်၏ လုပ်ရပ်များသည် သာသနာတော်နှင့် လုံးဝဆန့်ကျင်၍ မသင့်လျှော်သော လုပ်ရပ်များဖြစ်သောကြောင့် မလေးရှားနိုင်ငံရောက် ထေရ၀ါဒသံဃာတော်များက ဆန့်ကျင် ကန့်ကွက် ပါကြောင်း ကြေငြာအပ် ပါသည်။

မလေးရှား ရောက် မြန်မာ ထေရ၀ါဒ သံဃာတော်များ

၁။ ဓမ္မဂုဏ်ရည်ကျောင်း ဆရာတော်…
၂။ ဓမ္မရံသီကျောင်း ဆရာတော်…
၃။ ဓမ္မရောင်ခြည်ကျောင်း ဆရာတော်…
၎။ ဓမ္မ၀ိဟာရကျောင်း ဆရာတော်…
၅။ ဗုဒ္ဓ၀ိဟာရကျောင်း ဆရာတော်…
၆။ သမ္မာသမ္ဗောဓိကျောင်း ဆရာတော်…
၇။ ချမ်ပကာကျောင်း ဆရာတော်…
၈။ သီရိမင်္ဂလာဓမ္မာရုံကျောင်း ဆရာတော်…
၉။ မေတ္တာဝိဟာရကျောင်း ဆရာတော်…
၁၀။ ရတနာဒီပံကျောင်း ဆရာတော်…
၁၁။ ဇေယျဝတီကျောင်း ဆရာတော်…
၁၂။ ညောင်ကန်အေး ကူချိုင်း လားမားကျောင်း ဆရာတော်…
၁၃။ ညောင်ကန်အေး စမှုံညင်း ဆရာတော်…
၁၄။ ညောင်ကန်အေး သတိပဋ္ဌာန ဓမ္မရိပ်သာကျောင်း ဆရာတော်…
၁၅။ သီတ၀ိဟာရကျောင်း ဆရာတော်…
၁၆။ စန္ဒ၀ိဟာရကျောင်း ဆရာတော်…
၁၇။ ငြိမ်းချမ်းအေးကျောင်း ဆရာတော်…
၁၈။ ဆူဘန်းကျောင်း ဆရာတော်…
၁၉။ သာသနာ့ အောင်စည်ကျောင်း ဆရာတော်…
၂၀။ မြန်မာ ဂုဏ်ရည်ကျောင်း ဆရာတော်…
၂၁။ KAPAR သာသနာ့ရံသီ မြန်မာ ဗုဒ္ဓဘာသာကျောင်း ဆရာတော်…
၂၂။ ဂျိုဟိုး ညောင်ကန်အေးကျောင်း ဆရာတော်…
၂၃။ ပဋ္ဌာန်းကျောင်း ဆရာတော်…
၂၄။ ဓမ္မဒီပ ရွှေကျောင်း ဆရာတော်…

ဗုဒ္ဓဘာသာ သံဃာတော်များ အနေဖြင့် ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းများကို မပြုလုပ်ရဟု ဗုဒ္ဓမြတ်စွာ မိန့်မှာတော် မူခဲ့ပါသည်။ သို့ဖြစ်ပါလျက် သင်္ကန်းဝတ်ရုံကာ အက သင်တန်းများ ပေးခြင်း သည် သံဃာတော်တို့၏ လုပ်ရပ်နှင့် လုံးဝ ဆန့်ကျင် နေပါသည်။ အဆိုအက သင်တန်းများသည် လူဝတ် ကြောင် တို့နှင့်သာ သက်ဆိုင် ပါသည်။ ထို့ကြောင့် သင်္ကန်းကို ၀တ်ရုံလျက် အက သင်တန်း ပေးခြင်းသည် သာသနာကို ဖျက်ဆီးသူ ဖြစ်ပါသည်။ အခုချိန်တွင် အ၀ီစိမှာ ခံစားနေရ ရှာသော အရှင် ဒေ၀ဒတ်သည် ဘုရားရှင် လက်ထက်တော် အခါတုန်းက သံဃာကို အသင်းခွဲခဲ့သူ၊ သာသနာကို ဖျက်ဆီးခဲ့သူ၊ ဗုဒ္ဓကို စော်ကားခဲ့သူ ဖြစ်ပါသည်။ အခု No. 1 အမည်ဖြင့် အက သင်တန်း ပေးသော အရှင်ဣဒ္ဓိပါလ သည်လည်း ဗုဒ္ဓဘာသာကို ဖျက်ဆီး လိုသော စိတ်ဓာတ်နှင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။

နောက်ဆုံး အနေဖြင့် ပြောရလျှင် ဗုဒ္ဓဘာသာကို ချစ်မြတ်နိုး ကြသော၊ ဗုဒ္ဓဟော ဓမ္မကို လိုက်နာ ကျင့်ကြံကြသော ဗုဒ္ဓ ဘာသာဝင် များသည် သာသနာကို ဖျက်ဆီးနေသော အရှင်ဣဒ္ဓိပါလ၏ အကသင်တန်းသို့ တက်ရောက်ခြင်း မပြုလုပ် ကြပါရန် စေတနာ မေတ္တာ ရှေ့ထား၍ အထူးပဲ တိုက်တွန်း သတိပေး အပ်ပါသည်။

အားလုံးသော သမဂ္ဂ္ဂ သံဃာတို့၏ ကိုယ်စား

အရှင်ဣဒ္ဓိပါလ၏ ၀က်ဆိုဘ် www.no-1sociology.com တွင် သာသနာနှင့် မသင့်လျော်သော အပြုအမူများကို ၀င်ရောက် ကြည့်ရှု နိုင်ပါသည်။

Ref:
http://www.taukpakyesin.com/ တောက်ပကြယ်စင်
http://www.srimingalar.com/ သီရိမင်္ဂလာ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */