“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 21, 2011

သုံးရောင်ခြယ်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားတဦး ပြန်လွတ်

2011-05-20 RFA(ပေးပို့ သူ-ဗမာ့သွေး)
တချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူခဲ့ကြတဲ့ သုံးရောင်ခြယ် ကျောင်းသားများအဖွဲ့ဝင် ၈၈ မျိုးဆက်ကျောင်းသား တဦးလည်း ဖြစ်တဲ့ ကိုကျော်ဆန်းဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး မပေါ်ပေါက်ခင် စီတန်းလမ်းလျှောက်မှု၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝတ်ပြုဆုတောင်း လှုပ်ရှားမှုတွေကြောင့် ၂၀၀၇ သြဂုတ်လအတွင်း အဖမ်းဆီးခံရကာ ထောင်ဒဏ် ၄ နှစ်ကျခဲ့ပါတယ်။

ပုဒ်မ ၅၀၅၊ ပုဒ်မ ၁၄၇ စတဲ့ နိုင်ငံတော် အကြီးအကဲတွေကို အကြည်အညိုပျက်အောင် လုပ်ဆောင်မှု ဆူပူအောင် လှုံ့ဆော်မှုတွေနဲ့ သူ့ကို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ စတင် ဖမ်းဆီးချိန်တုန်းက အင်းစိန်ထောင်၊ အဲဒီနောက် ကျိုင်းတုံထောင် အခုနောက်ဆုံး မိုင်းဆတ်ထောင်ကို ပြောင်းရွှေ့ခဲ့ပြီး ထောင်ဒဏ် သက်တမ်းပြည့်ဖို့ ၇ လအလိုမှာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

မေလ ၁၇ ရက် ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်က မိုင်းဆတ်ထောင်က ပြန်လွတ်လာတဲ့ ကိုကျော်ဆန်း ရန်ကုန်မြို့ကိုအရောက်မှာ RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */