“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 19, 2011

ဗိုလ်မှူး စိုင်းသိန်းဝင်း၏ အသိပေးကြေညာချက်

http://www.irrawaddyblog.com/2011/05/blog-post_8565.html(Facebook မှ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ အွန်လိုင်းအသုံးပြုမှုနှင့် ပတ်သက်သော အသိပေးချက်ကို ပြန်လည်ကူးယူ ဖော်ပြပါသည်။ (ပေးပို့ သူ eimmet mahotpar )

Online မိတ်ဆွေများခင်ဗျာ ..
ကျနော့် facebook account နှင့် gmail account များကို password
ခိုးယူခြင်း၊ အချက်အလက်များကို ခိုးယူခြင်းခံနေရပါသည်။ ထိုသို့
ခိုးယူသွားသော သူတို့က ရရှိသွားသော အချက်အလက်များကို အသုံးချ၍ ကျနော့်ကို
သတင်းပေးအဖြစ် အကြပ်ကိုင်စေခိုင်းရန်ပင် ကြိုးစားလာပါသည်။
အလိုက်အထိုက်ပြောဆို၍ သိလာရသောအချက်မှာ ထိုသူတို့သည် Blink Hacker Group
အဖွဲ့ဝင်တစ်ဦး ရောက်ရှိနေထိုင်နေသော တိုင်းပြည်နှင့် သူ၏ အလုပ်အကိုင်ကို
သိလိုသည်ဟု ဆိုပါသည်။ ရန်သူနှင့် အပေးအယူလုပ်ရန် အစီအစဉ်မရှိသောကြောင့်
ထိုအကြောင်းကို သိရလျှင်သိရခြင်း Blink Hacker Group အား
ကျနော်ဆက်သွယ်သတိပေးခဲ့ပါသည်။ BHG မှ ညီငယ်နှင့် တိုင်ပင်ဆွေးနွေးရာ
ကျနော့်အားတိုက်ခိုက်နေသူသည် ပြည်တွင်းမှ IT သမားတစ်ဦးဖြစ်ကြောင်း
သိရသည်။ ၄င်းအပြင် ထိုသူသည် ကိုယ့်ကိုယ်ကို ရုရှားရောက်
အရာရှိတစ်ဦးသဖွယ် ပြောဆိုသုံးနှူန်းခဲ့သော်လည်း mpt server မှ online
တက်နေခြင်းသာဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။
ပြည်ပအတိုက်အခံအဖွဲ့အစည်းများသို့ အတင်းအဖျင်း email များပေးပို့ခြင်း၊
အထူးသဖြင့် ကျနော့် Email မှ ရရှိသွားသော ဗိုလ်ရဲထက်၏
ဖုန်းနံပတ်ကိုအသုံးချ၍ Patriotic War Veterans of Burma (PWVB) အဖွဲ့သို့
ဗိုလ်ရဲထက် အယောင်ဆောင် ဝါဒဖြန့်သွေးခွဲစာပေးပို့ခြင်းများကိုလည်း
ပြည်တွင်းမှပင် စနစ်တကျ စီမံဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျနော်သည် ကိုယ့်ယုံကြည်ချက်၊ ခံယူချက်အတွက် နအဖနှင့်
နအဖအလိုတော်ရိများကို မပြေသည့်ရန်ငြိုးဖွဲ့ခဲ့ပါသည်။ ကျနော်ပြည်ပသို့
တိမ်းရှောင်လာကာစတွင် ထိုင်းနိုင်ငံအထိ နအဖသူလျှိုတို့
လိုက်လံထောက်လှမ်းခဲ့ကြောင်း မိတ်ဆွေအဖွဲ့အစည်း၏ တန်ပြန်ထောက်လှမ်းချက်အရ
သိရသည်။ ထိုနအဖသူလျှိုတို့၏ အစီရင်ခံစာပင် ကျနော့်လက်ဝယ်ရှိနေသေးသည်။
ကံကောင်းထောက်မသဖြင့် နအဖသူလျှိုတို့လက်မှ ကျနော် လူပုဂ္ဂိုလ်အားဖြင့်
လွတ်မြောက်ခဲ့သော်လည်း အတိုက်အခံပုဂ္ဂိုလ်များ၏ ထောက်ခံအားပေးမှု၊ ပြည်ပ
မီဒီယာများမှ မကြာခဏ တွေ့ဆုံမေးမြန်းမှုတို့ကြောင့် တီဗီ၊ ရေဒီယိုနှင့်
အင်တာနက်စာမျက်နှာများ၌ မကြာမကြာဖော်ပြခြင်းခံရသည့် ကျနော့်အမည်သည်
နအဖအလိုတော်ရိတို့အတွက် မျက်စိစပါးမွှေးစူးစရာ
ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပြန်ပါသည်။ ယခုကျနော့် facebook account နှင့်
gmail ထံမှ ခိုးယူရရှိသွားသော (မိတ်ဆွေအပေါင်းအသင်းများစွာနှင့်
တစ်နှစ်တာကာလပတ်လုံး ခင်မင်ရင်းနှီးစွာ ပြောဆိုခဲ့သော
စကားများ)အချက်အလက်များသည်
နအဖအလိုတော်ရိတို့ရည်မှန်းချက်အောင်မြင်ရန်အတွက်
တစိတ်တပိုင်းအထောက်အကူဖြစ်စေမည်မှာ သံသယ ရှိစရာမလိုသော်လည်း ထို့အတွက်
ကျနော့်အနေဖြင့် စိုးစဉ်းမျှ ပူပန်ခြင်းမဖြစ်ပါ။ လူပဲသေသေ၊ နာမည်ပဲသေသေ
သမိုင်းမှာ ကျနော် နှစ်ဖက်ချွန်သူလျှိုတစ်ဦး အဖြစ်မခံခဲ့ကြောင်း
သက်သေပြဖို့သာ လိုရင်းဖြစ်သည်။

ကျနော်သည် ကိုယ့်ယုံကြည်ချက်၊ ခံယူချက်အတွက် ကိုယ်ပိုင်အရာအားလုံးအား
ရင်းနှီးရဲပေမယ့် ငဲ့ညှာထောက်ထားရမည့်သူများလည်း ရှိနေပြန်သည်။
အားလုံးသိကြသည့်အတိုင်း မြန်မာပြည်တွင်းမှ အင်တာနက် အသုံးပြုသူများမှာ
အီလက်ထရောနစ်အက်ဥပဒေ၏ ခြိမ်းခြောက်မှုကိုလည်း တချိန်တည်းလိုလို
ရင်ဆိုင်နေရပါသည်။ သာဓကမှာ ကျနော့် gmail account ကို မတ်လ ၃၁ ရက်နေ့တွင်
ခိုးယူခြင်းခံခဲ့ရပြီးနောက် ဧပြီလ ၂ ရက်နေ့မှာပင် ပြည်တွင်းမှ
မိတ်ဆွေသူငယ်ချင်းတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါသည်။ ထို့နည်းတူပင်
ကျနော့် gmail account ထဲရှိ contact မိတ်ဆွေများကိုလည်း
လိုက်လံတိုက်ခိုက်နေပါသည်။ ကျနော့်အမှတ်ဖြင့်လက်ခံစကားပြောလျှင်ပင်
ထိုလူမှ valid code ရရှိသွားပြီး မိတ်ဆွေတို့၏ gmail ကို
ခိုးယူရရှိသွားနိုင်သည်ဟု သိရပါသည်။ မိတ်ဆွေ သုံးဦးထက်မနည်း password
ပြောင်းလိုက်ရသည်ဟု သိရှိရပြီး တချို့မှာ ၄င်းတို့၏ gmail account
များပင် ဆုံးရှုံးခဲ့ရသည်ဟု ဆိုပါသည်။ ကျနော့်ထံသို့ အနယ်နယ်အရပ်ရပ်မှ
ဆက်သွယ်လာသူများ များပြားလာသည်နှင့်အမျှ ကျနော့် facebook account
မှာလည်း ရန်သူ့ထောက်လှမ်းရေးသမားများအတွက် သတင်းအချက်အလက်စုဝေးရာ
ဘဏ်တိုက်တစ်ခုဖြစ်လာပါသည်။ ယခု ထိုဘဏ်တိုက်ကြီး၏ လုံခြုံရေးကို
ကျနော့်ညံ့ဖျင်းမှုကြောင့် မထိန်းသိမ်းနိုင်တော့ပါ။ ကိုယ်ကိုယ်တိုင်က
ရန်သူ့သတင်းပေးအဖြစ်မခံခဲ့သော်လည်း လုံခြုံမှုမရှိသော ကျနော့်၏ facebook
account မှာ အလိုလိုနေရင်း ရန်သူ့သတင်းပေးဖြစ်နေပါပြီ။ ထို့ကြောင့်
ကျနော်ယခု အသုံးပြုနေသော facebook account အား terminate
လုပ်ရတော့မည်ဖြစ်ကြောင်း မိတ်ဆွေအပေါင်းအား အသိပေးကြေငြာအပ်ပါသည်။

ကဒါဖီ ထရီပိုလီ မြို့ က ထွက်ပြေး၊ မူဘာရက် ကတော် ထောင်နန်းစံ
http://freedomnewsgroup.com/2011/05/14/middle-east-unrest/
နေတိုး တပ်ဖွဲ့  တွေ ရဲ့  တိုက် ခိုက် မှု ကြောင့် ကဒါဖီ ဟာ
သေစေနိုင်လောက် တဲ့ အထိ ပြင်းပြင်း
ထန်ထန် ထိခိုက် ဒဏ်ရ ရရှိ တယ် လို့  အီတလီ နိုင်ငံခြားရေး ၀န် ကြီး
Franco Frattini က ပြော
တာ ကို လစ်ဗျား ခေါင်းဆောင် ကဒါဖီ က ငြင်းပယ် လိုက် ပြီး နေတိုး တပ် ဖွဲ
့ဝင် တွေ သူ့ ကို မှဲ့ 
တစ်ပေါက် တောက် မစွန်း စေနိုင် ဘဲ လစ်ဗျား ပြည်သူ တွေ ရဲ့  အသက် အိုးအိမ်
စည်းစိမ် တွေ ကို
ကာကွယ် စောင့်ရှောက် နေတယ်” လို့ တုန့် ပြန်ပြောကြား လိုက်ပါတယ်။

လစ်ဗျား နိုင်ငံမှာ ရောက်ရှိ နေတဲ့ နယူးယောက် တိုင်း သတင်းစာ ရဲ့ သတင်းထောက် C.J
Chivers က လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ နေတိုး တပ်ဖွဲ့ ရဲ့ တိကျတဲ့
လေကြောင်း တိုက်
ခိုက်မှု တွေ ကြောင့် ထရီပိုလီ မြို့ က နေရာ အနှံ မှာ ပုန်းရှောင် နေရ
ပြီး သူဟာ ကျီးလန့် စာစား
ဖြစ်နေ ပုံ ရတယ် လို့  နယူးယောက် တိုင်း သတင်း စာ ကို ပေး ပို့ တဲ့ သူ
့ရဲ့  သတင်းဆောင်းပါး
မှာ ဖော်ပြထား ပါတယ်။

နေတိုး တပ်ဖွဲ့ တွေ ရဲ့ လေကြောင်း တိုက် ခိုက် မှု ကြောင့် ကဒါဖီ ဟာ
ထရီပိုလီ မြို့ ပြင်က လျှို့ ဝှက်
ဥမင် လှိုဏ်ခေါင်း တစ် ခု မှ ပုန်း အောင်း နေတယ် လို့ အင်္ဂလန် က ဂါဒီးယန်း
သတင်းစာ က ဖော်
ပြပြီး ၊ CNN သတင်းဌာန ကတော့ ကဒါဖီဟာ နိုင်ငံ တကာ သတင်းထောက် တွေ စခန်း ချတဲ့
ထရီပိုလီ မြို့ က ဟို တယ် တစ်ခု မှ ပုန်းအောင်း နေရ တယ် လို့  ဖော်ပြထား ပါတယ်။

နေတိုး တပ်ဖွဲ့ တိုက်လေယာဉ် တွေ ဟာ နိုင်ငံ အရှေ့ ပိုင်း ဘရီဂါ မြို့ မှာ
လဲ ကဒါဖီ ရဲ့ အရေးပါတဲ့
စစ်ဌာန ချုပ် တွေ ကို တိုက် ခိုက်မှု တွေ ပြုလုပ် ခဲ့ပြီး လစ်ဗျား အစိုးရက
တော့ နေတိုးတပ် ဖွဲ့ ဟာ
ဗလီ ၁၅ ခု ထက် မနည်း ကို ဗုံး ကြဲ ခဲ့တယ် လို့ ဆိုပါတယ်။ လစ်ဗျား
အသွင်ကူးပြောင်းရေး ကောင်
စီက တော့ လစ်ဗျား ခေါင်း ဆောင် ကဒါဖီ ရဲ့ တပ် တွေ က အကြီးအကဲ တွေ ဟာ ဗလီ တွေ နဲ့ စာ
သင်ကျောင်း တွေ မှာ ပုန်းအောင် နေတယ် လို့  ပြောပါတယ်။

ထရီပိုလီ က အာဏာပိုင် အသိုင်း အ၀ိုင်း က လာတဲ့ သတင်းတွေအရ ဆိုရင် လစ်ဗျား ခေါင်း
ဆောင် ကဒါဖီ ဟာ မြို့ တော် ထရီပို လီ မှာ မှာ မရှိ တော့ ဘူး လို့ 
ဆိုပါတယ်။ ကဒါဖီ ဟာ နိုင်
ငံတွင်း က ထွက် ပြေး တာ မျိုး တော့ မဟုတ် ပေမယ့် ထရီပိုလီ မြို့  မိုင်
၁၀၀ ခန့် အကွာက
စစ်ဌာန ချုပ် တစ်ခု မှာ ကဒါဖီ ခို အောင်း နေတယ် လို့  ထရီပို လီ က လာတဲ့
နောက် ဆုံးရ
သတင်း တွေ မှာ ဖော်ပြထားပါတယ်။

နေတိုး တပ်ဖွဲ့ တွေ ဟာ မနေ့ က ကဒါဖီ လူလုံးပြ ပြီး နောက် တစ်နေ့ မှ ကဒါဖီ
ပုန်းအောင်
နေတယ် လို့ ယူဆ နေရာတွေ ကို အတိအကျ တိုက် ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား

ဆီရီးယား နိုင်ငံ မှာ သောကြာနေ့ က ထပ်မံ ဆန္ဒပြမှု တွေ အတွင်းမှာ ဆန္ဒပြသူ
၁၅ ဦးခန့် ထပ်မံ
သေဆုံး ခဲ့ပြီး ဆီးရီးယား အစိုးရ ကတော့ အတိုက်အခံ တွေ နဲ့ ဆွေးနွေး မယ်
လို့ ဆိုပါတယ်။

ကုလသမဂ္ဂ က ခန့် မှန်း ထားချက် အရ မတ်လ ကတည်း က စတင်ခဲ့တဲ့ ဆီးရီးယား ပြည်သူ လူထု
အုံကြွမှု မှာ အနည်း ဆုံး ၈၀၀ ကျော် သေဆုံး ခဲ့ တယ် လို့ ဆိုပါတယ်။

ဆီးရီးယား အစိုးရ က ဆန္ဒပြသူ တွေ ကို ဖမ်းဆီး ထောင်ချတာနဲ့ ပစ်သတ် တာတွေ
ပိုမို လုပ်ဆောင်
နေပေမယ့် ဆန္ဒပြသူတွေ က လည်း ပိုပြီး တော့ အင်အားကောင်း ပြီး ညီညွတ် လာတယ်
လို့ ဓားမစကတ်
မြို့ က NPR သတင်းထောက် ရဲ့  သတင်း ပေး ပို့ ချက် မှာ ဖော် ပြထား ပါတယ်။

အီဂျစ်

အီဂျစ် နိုင်ငံ မှာ ယခင် သမ္မတ ဟောင်း ဟိုစနီ မူဘာရက် ရဲ့  ဇနီး ဆူဇန်
မူဘာရက် ကို ကိုင်ရို
မြို့ အကျဉ်းထောင် မှာ ဖမ်းဆီး ထိန်းသိမ်း ထား လိုက် ပြီ လစ်ဗျား
ကြားဖြတ် အစိုးရက ယနေ့ 
သတင်း ထုတ်ပြန် ခဲ့ပါတယ်။

ဆူဇန် မူဘာရက် ဟာ အကျဉ်းထောင် ထဲ ကို စတင် ၀င်ရောက် ချိန် မှာ ပဲ သတိလစ် ပြီး မေ့လဲ
ကျသွား လို့  အကျဉ်းထောင် ဆေးရုံ မှာ တင်ထားရတယ်လို့ ကိုင်ရို ပုလိပ်
မင်းကြီး က ရိုက်တာ သတင်း
ဌာန ကို ပြောပါတယ်။

အိုင်ဗရီကိုစ်

အိုင်ဗရီကိုစ် သမ္မတ ဟောင်း နဲ့  ဇနီး ဟာ အကျဉ်းထောင် အတွင်း ဖမ်းဆီး
ချုပ် နှောင် ထား ချိန်မှာ
အကျဉ်းသား အခွင့်အရေး အပြည့်အ၀ ရမှ ဖြစ်ပေမယ့် အာဏာရယူထား စဉ် အတွင်း မတရားမှု၊
လူ့ အခွင့်အရေး ချိုးဖောက် မှု ဖိနှိပ်ညှင်းပန် မှု တွေ အတွက် တရား ရင်
ဆိုင်ရမှာ ဖြစ်ပြီး အဲဒီ အတွက်
ဘာ အကွယ် မှ ရမှာ မဟုတ် ဘူး လို့  လက်ရှိ အစိုးရ ပြောရေး ဆို ခွင့်ရှိ သူ
တစ်ဦး က ပြောပါတယ်။

သမ္မတ လောရင့် ဘက်ဘို အာဏာရှိချိန် အတွင်း က အတိုက် အခံ တွေ ကို ဖမ်းဆီး
ထောင် ချခဲ့မှု
တွေ အကျဉ်းသား အခွင့် အရေး တွေ ကို လစ်လျှု ရှု ခဲ့ပါတယ်။

အစိုးရ သစ် ကလေး အရွယ် များ ကို ပင် ပေါ်တာ ဆွဲ
http://freedomnewsgroup.com/2011/05/14/forced-labour-children/
လက်ရှိ ဖြစ်ပွား နေသည့် ကရင်ပြည်နယ် တွင်း ရှိ တိုက်ပွဲ များ အတွင်း
စစ်အစိုးရ တပ် ဖွဲ့ ဝင်
များက ကရင်ပြည် နယ် ဖာပွန် နှင့် ကော့ကရိတ် မြို့ နယ် များ မှ ကျောင်း နေအရွယ် ကလေး
ငယ်များ ကို ရိက္ခာ ချက်ပြုတ်ခြင်း ၊ လက်နက်ခဲယမ်း များ သယ် ဆောင် ခြင်း
လုပ်ငန်း များ
အတွက် ပေါ် တာဆွဲနေကြောင်း FNG မှ သတင်းရရှိသည်။

ခလေးငယ် များ ကို ပေါ်တာဆွဲ ခြင်း မှာ ကော့ကရိတ်၊ဖာပွန် နှင့် ရွှေဂွန်း
မြို့ နယ် များ တွင်ဖြစ်
ပြီး ယခု နယ်စပ် တစ်လျှောက် ဖြစ်ပွားနေသည့် စစ်ပွဲ များ အတွက် ဖြစ်သည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူး တိုင်း ဒေသများ တွင် ကျောင်း
နေအရွယ် ကလေး ငယ်
များ ကို ပေါ်တာ ဆွဲမှု များ မှာ အများ ဆုံး ဖြစ်သည်။

ဘားအံမြို့ နယ် တွင်း မှ ငါးတန်း ကျောင်းသား အရွယ် သားဖြစ်သူ ပေါ်တာ ဆွဲ ခံရသည့် မိဘ
တစ်ဦးက ” သူတို့ သင်္ကြန် တွင်း တုန်း က လျှောက် လည် ကြတာ နောက် ဆုံး နေ့ (အတက်နေ့ )
မှာ ငါး နာရီ ကျော်ထိ ရေပက် တယ် ဆိုပြီး စစ်တပ် က ခေါ် သွားတာ ကျွန်မ တို့ က ဘယ်ကို
လိုက်ရှာ ရမှန်း မသိဘူး ၊ ရဲက လည်း နောက် နေ့ ပြန်လာ မှာ ပါ ဆိုပြီး
ပြောတယ် ။ အခု တစ်
လ ပြည့် မှ တစ်သိန်း နဲ့  မြိုင်ကြီး ငူ နား မှ လိုက်ရွေးရတယ် ဟု FNG သို့ ပြောသည်။

မြန်မာ စစ်အစိုးရသစ် လက်ထက် တွင် ဖိနှိပ် ညှင်းပန်း မှု များ ပပျောက် သွား
မည် ဟု အာဆီယံ
နိုင်ငံ အချို့ က ထင်မြင် ကြသော်လည်း ပို၍ ပင် တိုးလာသည် ဟု ၁၉၉၈
မျိုးဆက် ကျောင်းသား
တစ်ဦးက ပြောသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */