ဖနိဒါ | သောကြာနေ့၊ နိုဝင်ဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၀ မိနစ်
ချင်းမိုင် (မဇ္စျိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေးခဲ့သော တောင်ဒဂုံမြို့နယ်ရှိ HIV/AIDS ပိုးရှိသူများကို သာကေတမြို့နယ် ဆေးရုံတက်ရောက်၍ ကုသမှုခံယူရန် မြို့နယ်ကောင်စီဥက္ကဋ္ဌက ညွှန်ကြားကြောင်း ကုသရေးစင်တာ အုပ်ချုပ်သူ ဦးထင်အောင်က ပြောသည်။
“ပြောင်းရွှေ့တာကို သူတို့ ၅ ရက် အချိန်ပေးမယ်ပေါ့။ ဆက်နေမယ်ဆိုရင် အရေးယူလို့ရတယ်။ အရေးလည်း ယူမယ်လို့ ပြောတယ်။ ဒီမှာက ဘိုးဘွားဂေဟာလည်း မဟုတ်ဘူး။ ပရဟိတလည်း မဟုတ်ဘူး။ တရားဝင် မှတ်ပုံတင်ထားတဲ့ ဆေးရုံလည်း မဟုတ်ဘူး။ မှတ်ပုံတင်ထားတဲ့ အဖွဲ့လည်း မဟုတ်ဘူး။ ရပ်ကွက်ထဲမှာ အိမ်တအိမ်မှာ ဒီလောက်များများထားလို့ မရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြောတယ်” ဟု ဦးထင်အောင်က ပြောသည်။
မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးကိုကိုလှိုင်က ဦးထင်အောင် ခေါ် ဦးစူပါကို ယမန်နေ့တွင် ခေါ်ယူတွေ့ဆုံပြီး၊ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ဆေးရုံသို့ရွှေ့ရန် သို့မဟုတ် နေရပ်ရင်းပြန်ရန် ပြောသည်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုရေးအထောက်အကူပြုအဖွဲ့က ထောက်ပံ့ထားသော တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက် ကမ္ဘောဇလမ်းရှိ ကုသရေးစင်တာတွင် HIV/AIDS ပိုးရှိသူ ၆၆ ဦး ရှိနေသည်။
ဆေးရုံသို့ ပြောင်းရွှေ့လျှင် ဆန်၊ ဆီ၊ ဆား၊ ကုတင်၊ မွှေ့ယာများ ထောက်ပံ့ပေးမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးပါ ကူညီသွားရန် မယက ဥက္ကဋ္ဌ က ကတိပြုသွားခဲ့သည်။
သို့သော်လည်း နိုင်ငံပိုင် ဆေးရုံများတွင် ဆေးကုသစောင့်ရှောက်မှု ညံ့ဖျင်းလေ့ရှိခြင်းက စင်တာရှိ HIV/AIDS ပိုးရှိသူများကို ဆေးရုံတက်ရန် တွန့်ဆုတ်စေတော့သည်။
“ဒီအိမ်ကိုပဲ အားကိုးနေရတာလေ။ အမေစုလာတဲ့အတွက် အရမ်းပျော်တယ်။ အရမ်းလည်း ဝမ်းသာနေတဲ့ အချိန်မှာ သူတို့က ပြောလိုက်တော့ ဝမ်းနည်းကြတယ်။ လူနာတချို့ ဒီမှာမနေရတော့ဘူဆိုပြီး ဝမ်းနည်းကြတယ်” ဟု ဒေးဒရဲမြို့မှ လာရောက်စောင့်ရှောက်မှု ခံယူနေသော မဝင်းဝင်းနိုင်က မဇ္ဈိမကို ပြောသည်။
မဝင်းဝင်းနိုင်က ဆေးရုံသို့ မပြောင်းလိုသလို နေရပ်သို့လည်း မပြန်ဟု ပြောသည်။ အာဏာပိုင်များက ဖမ်းလိုက ဖမ်းစေတော့ဟု သူမက ဆိုသည်။
ယခုလ ၁၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က တောင်ဒဂုံနှင့် မြောက်ဒဂုံမြို့နယ်များရှိ HIV/AIDS ကယ်ဆယ်ရေးစင်တာများသို့ သွားရောက်အားပေးခဲ့သည်။
မြောက်ဒဂုံစင်တာတွင် ကုသမှုခံယူနေသော HIV/AIDS ပိုးရှိသူ ၁၆ ဦးကိုမူ ဆေးရုံတက်ကုသမှုခံရန် အာဏာပိုင်များက ညွှန်ကြားမှု တစုံတရာ မရှိသေးပါ။
HIV/AIDS နှင့် နေထိုင်သူများကို မည်သို့သောကြောင့် တားမြစ်ရသည်ကို စုံစမ်းလေ့လာသွားမည်ဟု NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
၂ဝဝ၂ ခုနှစ်မှစ၍ NLD လူမှုအထောက်အကူပြုအဖွဲ့မှ ကူညီမှုဖြင့် ဗဟိုဦးစီးကော်မတီဝင် မဖြူဖြူသင်းနှင့် လူငယ်များ ဦးစီးထူထောင်ခဲ့ခြင်း ဖြစ်သည်။
Rest of your post
Sunday, November 21, 2010
တောင်ဒဂုံစင်တာရှိ HIV/AIDS ပိုးရှိသူများ မယက က ဆေးရုံသို့ ပြောင်းရွှေ့လို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment