“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, November 26, 2010

ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း

စစ်အစိုးရက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေ
မြန်မာပြည်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို အစိုးရကိုယ်တိုင်ကျူးလွန်နေကြောင်းနှင့် ထုံးတမ်းစဉ်လာ ဓလေ့များကြောင့်လည်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) အဖွဲ့တာဝန်ရှိသူများက ပြောသည်။
ယနေ့ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) သဘာပတိအဖွဲ့ဝင် နန့်ဒါးအဲ့ကလယ်က “အိမ်တွင်းအကြမ်းဖက်မှုဆိုတာ မြန်မာ့ထုံးတမ်းစဉ်လာတွေအရ ပြောင်းလဲလို့ မရသေးတာတွေ ရှိတယ်၊ အဲဒါကြောင့် ဆက်ရှိနေဦးမှာဘဲ၊ အစိုးရကိုယ်တိုင်အကြမ်းဖက်မှုတွေကလည်း ဆက်ရှိနေတယ်၊ ကျမတို့ အမျိုးသမီးတွေအပေါ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာဘဲ စစ်တပ်က စိတ်ရောဂါ ခံစားနေရသူ အမျိုးသမီးတဦးကို မုဒိမ်းကျင့် ခဲ့တာတွေ ရှိနေတယ်” ဟု ပြောသည်။

အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)က ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးများအပေါ် နေ့စဉ်အကြမ်းဖက်မှုများဖြစ်ပွားနေမှုကို အဆုံးသတ် ရပ်တန့်စေရန် လှုပ်ရှားမှုများ လုပ်ဆောင်သွားရန် ရည်ရွယ်၍ ယနေ့ အခမ်းအနားကို ကျင်းပရခြင်းဖြစ်သည်ဟု နန့်ဒါးအဲ့ကလယ်က ဆက်ပြောသည်။

ထို့အပြင် မြန်မာပြည်အရှေ့ခြမ်းဒေသတွင်းရှိ အမျိုးသမီးများမှာ စစ်အစိုးရတပ်များ၏ အကြမ်းဖက်မှုများကို နေ့စဉ်နှင့်အမျှ ခံစားနေရပြီး မြန်မာ့နိုင်ငံရေးဝန်းကျင်တွင်လည်း အမျိုးသမီးခေါင်းဆောင်များကို ဖိနှိပ်မှုများစွာ ကျူးလွန်နေကြောင်း ၎င်းက ဆက်ပြောသည်။

“မြန်မာပြည်ထဲက အမျိုးသမီးနိုင်ငံရေး ခေါင်းဆောင်တွေတက်ကြွမှု များလာတဲ့အခါကြတော့ ဖမ်းဆီးမှုတွေ ပိုများလာတယ်၊ မတရားဖမ်းဆီးထောင်ချတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း အမျိုးသမီးတယောက်အနေနဲ့ သူကို ဖမ်းဆီးနိုင်အောင် စစ်အစိုးရက အမျိုးမျိုးလုပ်နေတယ်၊ ဒီလိုတိုင်းပြည်ခေါင်းဆောင် အမျိုးသမီးတယောက်ကိုတောင် ဒီလိုလုပ်နေရင် သာမန် အမျိုးသမီးတွေဆိုရင် လူမသိသူမသိ ပိုပြီးလုပ်နေတာတွေရှိတယ်” ဟု နန့်ဒါးအဲ့ကလယ်က ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB)အနေဖြင့် စစ်အစိုးရအာဏာပိုင်များ၏ စောင့်ကြည့်မှုများကြောင့် မြန်မာနိုင်ငံအတွင်းမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကာကွယ်မှုများ ထိရောက်စွာ လုပ်ပေးနိုင်ခြင်း မရှိသော်လည်း နယ်စပ်ဒေသတွင်မှု များစွာလုပ်ဆောင်ပေးနေလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“နယ်စပ်ဒေသမှာတော့ ရွေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေ အကြမ်းဖက်ခံရတယ်ဆိုရင် ခေတ္တခိုနားဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ၊ ပညာပေးနှစ်သိမ့်မှုတွေ၊ လုပ်ပေးနေတာရှိတယ်၊ မိသားစုနဲ့ ပြန်တွေ့ဖို့ စီစဉ်ပေးတာတွေရှိတယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် အမျိုးသမီးများအပေါ် နည်မျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုအားလုံး ပပျောက်ရေး သဘောတူစာချုပ် (CEDAW) တွင် လက်မှတ်ရေးထိုးထားသော်လည်း အကောင်ထည်ဖော် လိုက်နာခြင်းမရှိသည့်အပြင် စစ်ပွဲဖြစ်ပွားရာ ဒေသများတွင် အမျိုးသမီးများ အကြမ်းဖက်ခံရအောင် အစီစဉ်ချမှတ်ကာ ဆက်လက်လုပ် ဆောင်နေသည်ဟု နန့်ဒါးအဲ့ကလယ်က ဆက်ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် စစ်အစိုးရ၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲဆိုနိုင်ရန်အတွက် လုပ်ဆောင်နေလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို ၂၀၀၅ ခုနှစ်မှ စတင်ကာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */