“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, November 26, 2010

ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက် ဓါးနဲ့လိုက်ခုတ်ပါရောလား။

.by Yeyint Nge on Thursday, November 25, 2010 at 2:40pm.ဘာတွေများဖော်လံဖားပြီးရေးထားဦးမလဲလို့ ဖတ်ကြည့်လိုက်တာလတ်စသတ်တော့ ဒရိုင်ဘာအလုပ်လိုချင်လို့ လာလျှောက်နေတာကိုး။အမေစုဆီမှာကား မောင်းပေးဖို့ မလိုပါဘူး။ တကယ်ကိုပြည်သူ့ အကျိုးသယ်ပိုးချင်စိတ်ရှိရင်ကိုကျော်သူ့ ဆီမှာသွားမောင်း။

အရင်တစ်ပတ် မြို့တက်တုန်းက မြန်မာစားသောက်ဆိုင်မှာ စီးပွါးရေးသမားတစ်ယောက်နဲ့တွေ့တော့ ဝမ်းသာအားရနဲ့မေးတယ်လေ ခင်ဗျားငါးမင်းဆွေကိုသိလား .... ကျုပ်နဲ့ဘယ်လိုအလုပ်တွဲလုပ်ဘူးတယ်..ဘာတယ် ညာတယ်ပေါ့ဗျာ ....

အေးဗျာ.... ငါးမင်းဆွေတော့မသိဘူး ..... မြန်မာပြည်က သယံဇာတတွေကျွန်းသစ်တွေကိုရေလမ်းကြောင်းကနေ စင်ကပူကို ခိုးထုတ်နေတဲ့မှောင်ခိုဘုရင် ... ချဲဘုရင် ... ဖားမင်းဆွေကိုတော့ သိတယ်ဗျ ...ဒီလူက မဆလဆေတ်တုန်းက ဝရမ်းထုတ်ခံရတဲ့လူပေါ့စစ်တပ်လည်း အာဏာသိမ်းပြီးရော မှောင်ခိုလုပ်ငန်း ချဲလုပ်ငန်းနဲ့ကြီးပွါးလာတာပေါ့ ..အမယ် ပိုင်တာကတော့မပြောနဲ့ဗျာ ...ပင်လယ်ပြင်မှာ စစ်သင်္ဘော ဘယ်နေရာမှာဘယ်လိုရှိနေသလဲဆိုတာကအစအကုန်သိ ...သူ့မှေင်ခိုလှေ စစ်သင်္ဘောနဲ့ ညိတယ်ဆိုတာတစ်ခါမှမရှိဘူး ...နောက်တော့ လိုင်းလှေတွေထောင်တယ် ... ဘိတ်၊ ကော့သောင်း၊ မော်လမြိုင်ရန်ကုန်ပေါ့ဗျာ၊ အဲဒီလိုင်းလှေတွေလည်း အလှည့်ကျ စင်္ကာပူကို ကျွန်းသစ်တွေခိုးထုပ်တာပေါ့ ...

အေးပေါ့ဗျာ ... သတင်းစာထဲမှာနိုင်ငံတော် နိုင်ငံတော်ဆိုပြီးအရေးကောင်းလို့ကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက် ဓါးနဲ့လိုက်ခုတ်ပါရောလားဗျာ။

အပြေးကောင်းလို့လွတ်သွားတာ ခုတ်တဲ့လူကတော့ ရုံးရောက် ဂတ်ရောက်ပေါ့ဗျာ။အဲဒီလို ကျိုက္ခမီသားတွေအရမ်းချစ်တဲ့ ဖားမင်းဆွေကိုတော့ ကောင်းကောင်းသိတယ်ဗျလို့ပြောချလိုက်တော့ ကို့လူမျက်နှာကိုမဲလို့ အမြင်ကတ်ကတ်နဲ့ ဒင်းရှေ့မှာထားထားတဲ့ဘီယာခွက်ကို ကောက်ကိုင်ပြီးတစ်ခြားဝိုင်းမှာသွားထိုင်ကာ တစ်ခါတည်းအကုန်မော့သောက်ပြစ်ပလိုက်တာ အားပါးပါးအရသာကိုရှိလို့ .... ဒါတောင် အကုန်မပြောသေးဘူး ပြောရင် မိန်းမတွေဒင်းဘယ်လိုရှုပ်တယ်ဆိုတာကအစ ပါကုန်မှာစိုးလို့ ....

ကျွန်တော်က ဦးသန်းရွှေကြီးဆီသွားပြီး အဲလို စာလေးတစောင်လောက် ပေးလို့ရမလား မသိဘူးဗျာ။ ရရင်တော့ ရေးချင်လိုက်တာ။ A4တမျက်နှာတည်းရေးပါ့မယ်။ အများကြီး မဟုတ်ပါဘူး။ စစ်သုံးစားရိတ်လေးလျှော့ပြီး လူထုအတွက် နည်းနည်းလေးပိုသုံးပေးဖို့ လောက် ပါပဲ၊ ပြီးတော့ အဲ့ဒီ ငါးမင်းဆွေ ဆိုတဲ့သူကိုလည်း မေးချင်တယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးစီးပွားရေး ပိတ်ဆို့ဖို့ ပြောလို့ အ မေ ရိကန်နှင့်တကွ အနောက်အုပ်စုက စီးပွားရေး ပိတ်ဆို့တာလား သူတို့ဟာသူတို့ သူတို့ လွှတ်တော်နဲ့ သူတို့ ဆုံးဖြတ်ပြီး ပိတ်တာ လား။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီး မစ္စတာအိုဘားမားရယ် မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံလှည့်ပါ လို့ခေါ် လိုက်ရင် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တွေက လာကြမယ်တဲ့လား။ မေးလိုက်ချင်စမ်းပါဘိဗျာ။အဲ့ဒီလူကိုကြည့်ရတာ သနားမိတယ် ။ ရွဲ့ပြောတာ မဟုတ်ရပါဘူးဗျာ တကယ် သနားမိတာပါ ။ သူကသာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိဖွင့် နားဖွင့်ပေးဖို့ပြောနေတာ တကယ် ဖွင့်ဖို့လိုနေတာက သူ ။ သူ့ကိုယ်သူ အသုံးချခံလူတယောက်လို့လည်း မြင်ပုံမရရှာဘူး ။ နောက်ပြီး သူ့ကိုယ်သူလည်း တော်တော် အထင်ရောက်နေဟန်တူတယ်ဗျ ။ တနေ့နေ့တော့ အမြင်မှန်ရပါစေဗျာ

TRUE-MMCP
ရဲရင့်ငယ် facebook မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */