“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, November 23, 2010

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာမှုက ယနေ့ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာ

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အလုပ်လက်မဲ့ဦးရေ များပြားလာမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးမှုတို့မှာ ယနေ့လူ့အဖွဲ အစည်း တစ်ခုလုံးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေသကဲ့သို့ ဖွံဖြိုးဆဲနိုင်ငံများရှိ လူ့အဖွဲ့အစည်းအတွက်လည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်လာ ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင်း တံခါးဖွင့်ဝါဒကျင့်သုံးပြီးနောက် လူငယ်အများစု ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်မှု များပြားလာပြီးအထူးသ ဖြင့် ဒေသတွင်း အာဆီယံနိုင်ငံများသို့ သွားရောက်မှုပိုမို များပြားလာခဲ့သည်။ ယင်းသို့သွားရောက် အလုပ်လုပ်ကိုင်ရာတွင် တတ်မြောက် ထားသော ပညာရပ်ပေါ်မူတည်ကာ သွားရောက်ကြသော နိုင်ငံများလည်း ကွဲပြားနေသည်ကိုတွေ့ရသည်။

ဒေသတွင်းနိုင်ငံတစ်ခု ဖြစ်သော မလေးရှားနိုင်ငံသို့ သွားရောက်သူများ ထဲတွင် ပညာတတ် (educated and technician) များနည်း ပါးပြီး စင်ကာပူနိုင်ငံသို့ သွားရောက်သည့်ထဲတွင်မူ ခေတ်ပညာတတ် မြန်မာလူငယ်များ အများအပြားတွေ့ရှိရသည်။ ယခု နှစ်ပိုင်းတွင်းမ လေးရှားနှင့်စင်ကာပူ နိုင်ငံများအပြင် အရှေ့အလယ်ပိုင်း နိုင်ငံများဖြစ်သော ကာတာ၊ ယူအေအီး အစရှိသည့် နိုင်ငံများသို့ ဟိုတယ် လုပ် ငန်းဆိုင်ရာ ၀န်ထမ်းများအဖြစ် လည်းကောင်း၊ စတိုးဆိုင်များတွင် အရောင်းဝန်ထမ်းများ အဖြစ်လည်းကောင်း သွားရောက်မှု များ လာခဲ့ကြောင်း သိရှိရသည်။

"ဒူဘိုင်းတို့ ကာတာတို့သွားတဲ့အထဲမှာ တစ်ချိန်တုန်းက အတိုင်းအတာတစ်ခုအထိ အဆင်ပြေကြတယ်။ အခုနောက်ပိုင်း အလုပ်အ ခွင့်အလမ်းက နည်းနည်းရှားပါးလာတယ်။ မလေးခေတ်ဆိုတာကတော့ လုံးဝမရှိသလောက်ပါပဲ။ မလေးရှားသွားတဲ့သူတွေ အဆင်မပြေ ဘူးဆိုတဲ့ သတင်းတွေကြောင့် မြို့နေလူတန်းစားတွေက မလေးသွားတာမျိုး သိပ်မရှိတော့ပေမယ့် နယ်ကလူတွေ ကြို ကြားကြိုကြား သွားတာမျိုးတော့ ရှိတယ်။ နောက်ပိုင်းလူတွေ နှစ်တွေသာကြာသွားတယ်၊ ဘာမှမစုမိဘူး" ဟု မလေးရှားနိုင်ငံမှ မကြာခင်က ပြန်လာ သူတစ်ဦးက ပြောပြခဲ့သည်။

အလားတူပင် စင်ကာပူနိုင်ငံသို့ သွားရောက်သူလည်း နည်းပါးလာကြောင်း၊ စင်ကာပူ၌လည်း အလုပ်အကိုင်အခြေအနေများမှာ အလွန် အမင်း ခက်ခဲသည်မျိုးမဟုတ်သည့် တိုင် အလုပ်ရရန် အခွင့်အလမ်းနည်းပါးမှုများ ယခင်ကာလများထက် ရှိလာကြောင်း သိရှိရသည်။

"အခုနောက်ပိုင်း အလည်နဲ့ သွားတဲ့သူတွေရှိတယ်။ ဟိုကျမှ အလုပ်လျှောက်ကြတယ်။ အလုပ်ရရင် S pass နဲ့နေလိုက်ကြတယ်။ ဒါပေ မယ့် တစ်ခုပြောစရာရှိတာက တကယ်တမ်းမှာ S pass သမားတွေက လစာအနည်းဆုံး စင်ကာပူဒေါ်လာ ၁၈၀၀ ရမှာဖြစ်ပေမယ့်အပြည့် အ၀ မရတာတွေလည်း ရှိတယ်။ ဘဏ်မှာ လစာသွားထုတ်ရင်တော့ ၁၈၀၀ အပြည့်ပဲ။ ဒါပေမယ့် ကုမ္ပဏီကို ၃၀၀ နဲ့ ၅၀၀ ကြား ပြန်သွင်း ရတာ မျိုးတွေလည်းရှိတယ်။ အလုပ်အကိုင် အခွင့်အလမ်းက လုံးဝမရဘူးရယ်လို့ မဟုတ်ပါဘူး။ အရည်အချင်းပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ဒါကကျွန်တော်တို့ ACCA သမား တွေအတွက်ပြောတာပါ"ဟု ACCA ကျောင်းသားဟောင်းတစ်ဦးက ပြော ပြခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော အနေအထားအရ ကမ္ဘာ့စီးပွားရေးအထိုက် အလျောက် ဦးမော့လာသော်လည်း အလုပ်အကိုင်ရှားပါးမှုပြဿနာ များ ဒေသအသီးသီး၌ ရှိနေသောကြောင့် အထူးသဖြင့် လူငယ်များအနေဖြင့် အတတ်ပညာပိုင်းဆိုင်ရာ စိန်ခေါ်မှု များရှိလာကြောင်းနှင့် ကမ္ဘာနှင့် တစ်ဝှမ်း ကုမ္ပဏီကြီးများကိုယ်တိုင် ၀န်ထမ်းဦးရေ လျှော့ချမှုများရှိလာသောကြောင့် ယင်းအနေအထားများကို ရင်ဆိုင်နိုင်ရန် လူငယ်များ ပိုမို ဆည်းပူးလေ့လာရန် လိုအပ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

"အခုစင်ကာပူမှာ အလုပ်ရတယ် ဆိုတဲ့သူတွေက အရည်အချင်းတကယ် ရှိသလို လုပ်ငန်းအတွေ့အကြုံ သုံးနှစ်လောက်ရှိပြီး ဘာသာစ ကားပါ ကျွမ်းကျင်တဲ့သူမျိုးတွေပါ။ သူတို့ပဲ အလုပ်တစ်ခုကနေ တစ်ခုကို ပြောင်းချင်ရင် ပြောင်းလို့လွယ်တယ်။ အဲဒီ လူတွေက Skill Pass က ရှိပြီးသား။ အခုသုံးလလောက်ရှိပြီ၊ အင်တာဗျူး ရတဲ့သူနည်းတယ်။ အလုပ်အကိုင် က မလွယ်ဘူးလို့ထင်တယ်။ ACCA သမားတွေတောင် အတွေ့အကြုံမရှိ ဘူး၊ ဘာသာစကား မကျွမ်းကျင်ဘူး ဆိုရင် မလွယ်ဘူး။ အခုနောက်ပိုင်း မြန်မာနိုင်ငံက လာတဲ့သူလည်း နည်း သွားတယ်။ စီးပွားရေးကျတော့ရတဲ့ လခနဲ့ မကိုက်ကြတာလည်း ပါတယ်"ဟု စင်ကာပူနိုင်ငံရှိ electronic ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ် နေ သော မြန်မာနိုင်ငံမှ Software Engineer တစ်ဦးက ပြောပြခဲ့သည်။

အလားတူ ဒေသတွင်းနိုင်ငံများထဲမှ ဖိလစ်ပိုင်နိုင်ငံရှိ အလုပ်သမားများလည်း ဒေသတွင်းရှိ စင်ကာပူနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြ ပြီး ၎င်းတို့မှာအခြားအာဆီယံဒေသတွင်းနိုင်ငံများထက် အင်္ဂလိပ်စကား ပိုကောင်းသောကြောင့် ယေဘုယျအားဖြင့် လစာလည်းပိုကောင်း ကြကြောင်း၊ အရှေ့အလယ်ပိုင်း နိုင်ငံများတွင်လည်း ဖိလစ်ပိုင်အမျိုးသမီး အတော်များများ သွားရောက်၍ အလုပ်လုပ်ကိုင် နေကြ ကြောင်း သိရှိရသည်။

ထို့အတူပင် အာဆီယံနိုင်ငံ တစ်ခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင်လည်း အတိုင်းအတာတစ်ခုအထိ စီးပွားရေး တိုးတက်နေသည် ဆိုသော်လည်း လူငယ်များ အလုပ်အကိုင်ရရှိမှု နည်းပါးနေဆဲဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်သည် ဆိုသော်လည်း အလုပ်အကိုင် အခွင့် အလမ်းများ လိုက်ပါလာမှုမရှိကြောင်း သိရှိရသည်။

"အင်ဒိုနီးရှားက ကမ္ဘာ့စီးပွား ရေးဂယက်ရိုက်ခတ်မှုကို သိပ်မခံရပါဘူး။ micro economy ကလည်း strong ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် လူတွေလည်း ဆင်းရဲကျပ်တည်း နေကြတုန်းပါ"ဟု ဂျာကာတာမြို့ရှိ သတင်းစာတစ်စောင်မှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် ကြည့်ပါက အာရှတွင်သာမကဘဲ ဥရောပ၊ အမေရိကားစသည့် စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံများ၌ပင် အလုပ်အကိုင်ရှားပါးမှု ပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း သိရသည်။

"ကျွန်တော် အလုပ်လိုက်ရှာနေတာ အခုဆိုလို့ရှိရင်နှစ်နှစ်လောက်တောင်ရှိသွားပါပြီ။ အလုပ်ကောင်းကောင်း အခုအထိမရသေးပါဘူး။ ကျွန်တော်လေ့လာတဲ့ ပညာရပ်ကလည်း အရှေ့တိုင်းပညာရပ်ကို တရုတ်နိုင်ငံမှာ လေ့လာခဲ့ပေမယ့် ဂျာမနီပြန်ရောက်ခဲ့တဲ့အချိန်မှာ ကမ္ဘာ့ စီးပွားရေးဂယက် ရိုက်ခတ်ခံရတဲ့အချိန်မျိုးဖြစ်နေတယ်။ လုပ်ငန်းတွေက ကျုံ့သွားတယ်။ အလုပ်အကိုင်ရရှိမှု က ခက်ခဲလာပါတယ်"ဟု ဂျာမနီ နိုင်ငံသားတစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် မြန်မာလူငယ်များအနေဖြင့် ယခင်ကာလများထက်ပို၍ ကြိုးစားရန် လိုအပ်လာကြောင်း၊ နိုင်ငံတ ကာတွင် သွားရောက်အလုပ်လုပ်ကိုင်မည် ဆိုပါက နိုင်ငံတကာအဆင့် အတန်းနှင့်အညီ အလုပ်လုပ်နိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း၊ အလားတူ အတတ်ပညာပိုင်းရော အသိပညာပိုင်းပါ လေ့လာဆည်းပူးရန် လိုအပ်ကြောင်းနှင့် အနည်းဆုံး ဘာသာစကား တတ်ကျွမ်းမှု အပြင် ကွန်ပျူတာ နည်းပညာ တတ်ကျွမ်းမှုလည်း မရှိမဖြစ် လိုအပ်လာနေခြင်းမှာ ခေတ်၏တောင်းဆိုမှုဖြစ်ကြောင်း၊ ယင်းတောင်းဆို လာသော အခက်အခဲများ အားရင်ဆိုင်နိုင်ရန် ကြိုးစားသွားသင့်ကြောင်း သုံးသပ်မှုများရှိနေသည်။

"အလုပ်အကိုင် ရှားပါးတယ်ဆိုတာ တကယ်ပါ။ ဟိုတုန်းက တစ်နေရာမကောင်းရင် တစ်နေရာပြောင်းလုပ်လို့ရတယ်။ အခုဟာက အကန့်အသတ်နဲ့ ဖြစ်လာတယ်။ ပြီးတော့ skilled worker တွေပဲ အလုပ်ရတော့မယ့် ခေတ်တစ်ခေတ်ကို ရောက်လာတယ်။ ကျွမ်းကျင်လုပ်သား မဟုတ်လို့ကတော့ မလွယ် တော့ဘူး။ ဒါနဲ့အတူ တစ်ဖက်မှာလည်း ပညာရေးရင်းနှီးမြှုပ်နှံမှုက မြင့်လာတယ်"ဟု ပညာရှင်တစ်ဦး က လည်း သုံးသပ်ပြခဲ့သည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=5962:2010-11-21-04-04-56&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */