“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, November 25, 2010

သားနစ်ဦးနှင့် သူ့အမေ


by Yeyint Nge on Wednesday, November 24, 2010 at 3:29pm

အကြီးကတော့ Alexander Aris ခေါ် မြင့်ဆန်းအောင်ပါ။သားအကြီးကတော့ သူ့ အဖေလို Academic တယောက်ပါပဲ။ အရင်က ကနေဒါ က တက္ကသိုလ်တခုမှာ ဆရာလုပ်တယ်လို့  အင်တာဗျူးတခုမှာ ဖတ်ဖူးပါတယ်။ အခုတော့ အမေရိကားမှာ ရောက်နေတယ်လို့  ကြားပါတယ်။

ကိုထိန်လင်းလက်သမားလုပ်တယ်လို.ကြားရပါတယ်။သူ လူငယ်ဘဝကို ဖြတ်သန်းလာရတဲ့အချိန်မှာ အဖေဆုံး အမေက အနားမှာ ကောင်း ကောင်း မပံ့ပိုးနိုင်တော့ ဒီလို မျိုးရိုးက ဒီလို ဘဝရောက်ရတယ်ဆိုတာ တကယ်စိတ်မကောင်းပါဘူး

ဒါတွေကို ကြည့် ရင် အမေစု ရခဲ့တဲ့ ငွေကြေးတွေကို သူ.မိသားစုအတွက် မသုံးခဲ့ဘူး တိုင်းပြည်အတွက် သုံးခဲ့တယ် သုံးဖို. စုထားခဲ့ တယ် ဆိုတာ နှစ်ခါစဉ်းစားစရာမလိုပါဘူး

နိုင်ငံငွေကိုသုံးပြီး ကိုယ့်ကိုကိုယ်မြင့်လှပြီလို. ထင်နေတဲ့သူတွေနဲ.ယှဉ်ရင် သူလုပ်တဲ့ လက်သမားအလုပ်လေးက ဘယ်လောက်ဂုဏ်ယူစ ရာကောင်းတယ်ဆိုတာ ရှင်းရှင်းလေးမြင်ရပါတယ်။

တိုက်ခိုက်တာမဟုတ်ပါဘူး ယှဉ်ပြတာပါ ယှဉ်ပြရင်တော့ ကွဲလွဲချက်တွေကတော့ ထင်းနေမှာပါပဲ။

ကိုထိန်လင်းကိုလည်း အထူးပဲ လေးစားမိပါတယ်... အမေကို ဘယ်လို စိတ်ချမ်းသာအောင် လုပ်ပေးမယ်ဆိုတဲ့စိတ် က မွန်မြတ်ပါ တယ်... သူတို့ခမျာ အမေနဲ့ဘယ်လောက်နေချင်ရှာလိမ့်မလဲ... သူတို့ကလည်း မြန်မာပြည်အတွက် အမေနဲ့ရင်းထားရတာပါ... ဒီလောက်အနစ်နာခံပေးဆပ်နေတဲ့ ဗိုလ်ချုပ်တို့မိသားစုကို ကာကွယ်မပေးနိုင်တာကို စဉ်းစားမိရင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ အရမ်းရှက်မိပါတယ်... အမေစုကိုလည်း ဘာလုပ်ပေးပါ ညာလုပ်ပေးပါဆိုပြီး မတောင်းဆိုရက်တော့ပါဘူး... သားတွေနဲ့အတူ အမေ့ရဲ့ကျန် နေတဲ့ ဘဝအစိတ်အပိုင်းကို အေးချမ်းစွာနဲ့ပဲဖြတ်သန်းပါတော့အမေ... အမေ့အတွက်က သိပ်ကိုမတရားရာကျနေပါပြီ...

အမေ့ကိုကျေးဇူးတင်နေမှာပါ... အမေ့ရဲ့စေတနာစကားတွေဆိုတာ နားထောင်လို့ကိုမဝပါဘူးအမေ... ဘာဖြစ်လို့လဲဆို သားတို့တစ်သက် ဒီလိုစကားတွေမကြားဖူးခဲ့လို့ပါ... အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ အမှောင်ကမ္ဘာမှာ အမေ့စကားတွေက နေလိုလလို အလင်းရောင်ပေးပါတယ်... အသိဥာဏ်လဲပွင့်လင်းရပါတယ်... ဒီလိုဆုံးမစကားလေးတွေတော့ အမေဘယ်နေရာရောက်ရောက် အမြဲတမ်း ကြားပါရစေအမေ...

အမေ့ဘဝ ရှေ့ဆက်အေးချမ်းပါစေ... လုံခြုံပါစေ... အမေ့ရဲ့ ဘုန်းတန်ခိုး နေလိုလလို ထွန်းတောက်ပါစေ...


TRUE-MMCP

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */