“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, November 28, 2010

လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်က တောင်ကိုရီယားကို စွပ်စွဲ

စနေ, 27 နိုဝင်ဘာ 2010
မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားကျွန်းကို တိုက်ခိုက်တဲ့အချိန်မှာ တောင်ကိုရီးယားဘက်က အရပ်သားတွေကို လူသားဒိုင်းသဖွယ် အသုံးပြုခဲ့တယ်လို့ စနေနေ့မှာ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုလိုက်ပါတယ်။ အရပ်သားတွေ သေဆုံးရမှုရှိခဲ့ရင် မြောက်ကိုရီးယားအနေနဲ့ သိပ်ကို ၀မ်းနည်းကျေကွဲပါကြောင်းနဲ့ ဒီလိုသေဆုံးရမှုတွေအတွက် တောင်ကိုရီးယားကိုသာ အပြစ်တင်သင့်တယ်လို့ မြောက်ကိုရီးယားအစိုးရရဲ့ ဗဟိုသတင်းဌာန Korea Central News က ပြောပါတယ်။

အင်္ဂါနေ့က တောင်ကိုရီးယားပိုင် ယောင်ဖြွန်းကျွန်းကို မြောက်ကိုရီးယားဘက်က ပစ်ခတ်ခဲ့တဲ့အတွက် တောင်ကိုရီးယား ရေတပ်သား ၂ ဦးနဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီးတဲ့နောက် ကိုရီးယားကျွန်းဆွယ်ဒေသမှာ တင်းမာမှုတွေနဲ့ အဆင့်မြင့် သတိပေးချက်တွေ ထုတ်ပြန်ထား ပါတယ်။ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်နားက စစ်ဆေးရုံမှာ သေဆုံးသွားခဲ့တဲ့ ရေတပ်သား ၂ ဦးအတွက် ဇာပန အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ဗိုလ်ချုပ်ကြီးတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ အရပ်သားတွေ ရာနဲ့ချီ တက်ရောက်ခဲ့ကြ ပါတယ်။ ဒီအခမ်းအနားမှာ ရေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Yoo Nak-Joon က အစတစ်ထောင် ပြန်ပြီးလက်စားချေမယ်လို့ ပြောဆိုခဲ့တာကို တောင်ကိုရီးယား ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */