“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, November 28, 2010

စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို နအဖ သွေးတိုးစမ်း

freedom news group မှ

ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာဉ် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ၏ အထူး ကိုယ်စားလှယ်အိန္ဒိယ နိုင်ငံသား ဗီဂျေနမ်ဘီယား ရန်ကုန်သို့ လာရောက် သော သတင်းစာပိုဒ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အား ဖျက်သိမ်းခံထားရသည် ဟု ၎င်း၊ ဒေါ်အောင်ဆန်းစုကြည် အား တစ်သီး ပုဂ္ဂလ တစ်ဦး အနေဖြင့် လည်းကောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်ခေါင်းဆောင် များ နှင့် ခွဲခြား၍ ဖော်ပြထားသည် ကို တွေ့ ရှိရပါသည်။နအဖ သတင်းစာ ကို ထိုကဲ့ သို့ ရေးသားဖော်ပြ ချက်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို တရားမ၀င်တော့ ဟု ရေးသားရန် မ၀ံ့ရဲသေးဘဲ အကဲစမ်းသည့် အနေဖြင့် ကနဦး ရှေ့ တော်ပြေး သွေးတိုးစမ်း ကာ ဖော်ပြခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့ မှာ Second Generation Citizen Journalist တစ်ဦး က Freedom News Group သို့ ပြောသည်။


နိုဝင်ဘာလ ၇ ရက်နေ့ က ရွေးကောက် ပွဲ တွင် ပါဝင် အရွေး ခံခဲ့သည့်  ဦးသုဝေ နှင့် ဒေါက်တာသန်းငြိမ်း တို့ ၏ နာမည် နှင့် ရာထူးများ ကို ယှဉ်တွဲ ဖော်ပြထား သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ အထွေထွေ အတွင်းရေးမှုး ရာထူး များ ကို ယှဉ်တွဲ ဖော်ပြထားခြင်း မရှိချေ။

မြန်မာ စစ်အစိုးရ သည် ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နှင့် ဒီမိုကရေစီ အင်အားစု ကို နည်းမျိုးစုံ ဖြင့် ဖြိုခွဲရန် ကြံစည်သည့် အနေ နှင့် ယမန်နေ့ က ရာထူးမှ ဖယ်ရှားခံရသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ကို လူမြင်ကွင်း သို့ တစ်ကျော့ပြန် ၀င်ရောက် စေခဲ့ပြန်သည်။

မြန်မာ့ အလင်းသတင်းစာဉ် ယနေ့ ပါရှိလာ သည့် သတင်းမျိုး သည် ၂၀၀၄ ခုနှစ် မတိုင်ခင် မြန်မာ့ နိုင်ငံရေး စစ်ထောက်လှမ်းရေး ရှိစဉ်က အလေ့ အကျင့် မျိုး ဖြစ်သည့် လုပ်နည်း လုပ်ဟန် မျိုး ဖြစ်သည် ဟု မန္တလေး မြို့ မှ နိုင်ငံရေး အကျဉ်းသား ဟောင်း နှင့် စာရေးဆရာ တစ်ဦး ဖြစ်သူက ပြောသည်။

ထိုကဲ့သို့ မြန်မာ စစ်ထောက်လှမ်းရေး ဟောင်း ပုံရိပ် ယောင် ဖြင့် အများပြည်သူများကြား တကျော့ပြန်ရောက်ရှိလာခြင်း နှင့် ပတ်သက်ပြီး ယမန်နေ့ က ဗိုလ်ချုပ် ခင်ညွန့် ဗီဒီယို ကို အနုလုံ ပဋိလုံ ကြည့်ရှု ခဲ့ပြီးသည့် Freedom News Group ၏ Founder တစ်ဦးဖြစ်သူ ကိုငြိမ်းချမ်းငြိမ်းက သူတို့  လက်ခုပ်ထဲက ပြဿနာ တစ်ခု ကို ရှင်းတဲ့ အခါ နအဖ က ဒါမျိုး ဘယ်တော့မှ အသံထွက် မခံဘူး ….သူတို့ ချင်းချင်း ခွက်စောင်းခုတ်တာ မဟုတ်ရင် ကြိတ်ပြီး ရှင်းတယ်။ အခု ဒီကိစ္စက ဒီဗီဒီယို ဖိုင်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က လွှင့်လိုက် တာလို့ ပဲ … သူ့ ကို Report လုပ်ထား တယ့် ဗီဒိယို အခွေရောစက်ရော ပါ အပ်ရတာ မျိုး ဟုသုံးသပ်ပြောကြားသည်။

နောက် တစ်ခု က သူတို့ အချင်းချင်းမှာ အမြဲတမ်း တစ်ဦးကို တစ်ဦး Sympathize ရှိတယ်။ ဗိုလ်သန်းရွှေကြိုးစင် တက် ဖို့ ကိုဗိုလ်ခင်ညွန့် က ဘယ်တော့မှ စဉ်းစားမှ မဟုတ်ဘူး ။ဗိုလ်ခင်ညွန့် ဟာ တစ်သက်လုံးဥာဏ်ဏီဥာဏ် နက် များလာခဲ့တာ အခု MEDIA WAVE တွေက အားကောင်းလာလို့ မီဒီယာ ပါးဝနေတဲ့ ဗိုလ်ခင်ညွှန့် ကို ပြန်ဆွဲ သုံးတာ ဖြစ်နိုင်တယ် ။ ဒီလူ က Spy အစစ်ပဲ… သေသည် အထိ Spy လုပ်သွားမယ်ဆိုတဲ့ Once Spy, Always Spy တွေ ဟု ဆိုသည်။

မြန်မာ စစ်အစိုးရ သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ လူထု ထောက်ခံမှု အား နှင့် ပတ်သက်၍ ဆုပ်လည်း စူး ၊ စားလည်း ရူး ဖြစ်နေသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */