နယူးယောက်မြို့ ရှိ မြန်မာမိတ်ဆွေများစုပေါင်းပြီး HIV- AIDS ဝေဒနာရှင်များအတွက် ရံပုံငွေ ဈေးရောင်းပွဲ ""
ရံပုံငွေ ဈေးရောင်းပွဲ ကို ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့၌ PS -12, 7200, Woodside Avenue, Woodside, NY 11377 ၌ စုပေါင်း ကျင်းပမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ HIV - AIDS ဝေဒနာရှင်များအတွက် အလှူငွေ အနည်းဆုံး $5.00 လှူဒါန်း၍
ကော်ရည်ခေါက်ဆွဲ၊
ပဲကပ်ကြော်၊
အုန်းနို့ခေါက်ဆွဲ၊
ပုဇွန်ခွက်ကြော် ၊
ထမင်းချဉ်၊
နန်းကြီးသုပ်၊
ကြာဆံချက်၊
ဝက်သားတုတ်ထိုး၊
မလေးရှားခေါက်ဆွဲ၊
သာကူကျို၊
မြန်မာလဘက်ရည် နှင့် မြန်မာမုန့် အအေးစုံ အပါအဝင်
မြန်မာအစားအစာမျိုးစုံကို သုံးဆောင်နိုင်ပြီး ကြွရောက်လာသည့် ဧည့်ပရိသတ်များအား
DJ ကိုဝင်းအေး က DJ ဆောင်ရွက်လျှက် နယူးယောက်မြို့ Exit တီးဝိုင်းအဖွဲ့ လူငယ်များ၏ ကိုယ်ပိုင်သံစဉ်တေးများ၊ ယိမ်းအဖွဲ့၏ ယိမ်းအကများအပြင် မြန်မာဆီမီးခွက်အက၊ ရာမအကများ၊ နယူးယောက် ပြည်သူ့ဂုဏ်ရည် မိသားစုအဖွဲ့သားများကလည်း ၀ိုင်းဝန်းလက်တွဲပြီး လုပ်အားပေး ဈေးရောင်း ကူညီဆောင်ရွက်ပေးခြင်းများ ဖြင့် လည်း စည်ကားသိုက်မြိုက်စွာ စုပေါင်း ကျင်းပမည်ဖြစ်ပါကြောင်း၊ HIV- AIDS ဝေဒနာရှင်များထံသို့ လည်း အမြန်ဆုံးနဲ့ တိုက်ရိုက် ရောက်ရှိအောင်လှူဒါန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
HIV- AIDS ဝေဒနာရှင်များအတွက် ရံပုံငွေ ဈေးရောင်းပွဲ နှင့် ပက်သက်၍ ~
ဦးဉာဏိန္ဒ (၄၀၄-၇၈၉-၉၃၇၆)၊
ကိုဇော် (YGN PHOTO) (၇၃၂) ၉၇၉-၄၈၄၈
ကိုရင်ထွေးဆွေ (၆၂၆) ၃၁၅-၄၈၉၈
မသင်းသင်းမော် (၃၄၇) ၃၄၀-၄၁၇၇
မသက်မာဝင်း (၉၁၇) ၃၁၉-၂၆၂၇ အပြင် Exit တေးဂီတအဖွဲ့နှင့်ပက်သက်၍
ကိုဝင်းမင်း (၃၄၇) ၅၅၂-၇၂၃၇ သို့ ဆက်သွယ်နိုင်ပါသည်။
Rest of your post
Sunday, November 28, 2010
ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ် ။တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင်ငံတော်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment