“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, November 27, 2010

ဒီလို ဖေါ်လံဖား လူတွေ များနေတော့

(25)ရက်နေ့ မနက်တွင် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၄င်း (ငါးမင်းဆွေ) ရေးသားခဲ့သော မော်နီတာ ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေးပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း အော်ဟစ်တောင်းဆိုခဲ့ပါသည်။

ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။ ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့် (အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၄င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။

ငါးမင်းဆွေမှ ၄င်းရေးသားခဲ့သော ဆောင်းပါးမိတ္တူများကို ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးမှ ထိုမိတ္တူဆောင်းပါးကို တောင်းရာ ပြည်ပနိုင်ငံခြားသတင်းဌာနမှဆိုရင် မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အကြောင်းစုံအား ဆက်လက်စုံစမ်းရာ ငါးမင်းဆွေ ရေးသားသော ဆောင်းပါးခေါင်းစဉ်တွင် ဒေါ်စုကြည်ဟု သုံးနှုံးထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက မကျေနပ်ကြကြောင်း၊ ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရပါသည်။အဲ့ဒီနောက် ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရုံးအဖွဲ့မှုး ဦးဝင်းထိန်မှ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။ ဦးဝင်းထိန်မှ ဒေါ်စုကြည်ဆိုသည့် အသုံးအနှုံးအား ပြောင်းလဲရေးသားရန်၊ ၄င်းတို့ အဖွဲ့ချုပ်ခေါင်းဆောင်အား ယင်းကဲ့သို့ ခေါ်ဆိုခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း၊ နအဖစစ်အစိုးရအကြိုက်ရေးသားနေသောသူနှင့် ၄င်းတို့၏ ခေါင်းဆောင်အား ပေးမတွေ့နိုင်ကြောင်း၊ ဦးဝင်းထိန်မှ ၄င်းထောင်ကျနေစဉ်အတွင်း ငါးမင်းဆွေ ရေးသားသော ဆောင်းပါးများတွင် နအဖကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကောင်းကြောင်းများ လုပ်ကြံရေးသားထားသည်ကို ဖတ်ရကြောင်း ပြောဆိုခဲ့ပါသည်။

ထိုသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်နှင့် ငါးမင်းဆွေတို့ တွေ့ဆုံရှင်းလင်းနေကြသည်ကို မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင်နှင့် လျှပ်တပြက်အဖွဲ့သားများမှ ဗီဒီယိုနှင့်ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့ခဲ့ရပါသည်။

ပြီးခဲ့သည့် တစ်ပတ်မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံနှင့် သတင်းများကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်ဂျာနယ်များ အပိတ်ခံရအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ။ သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၄င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက် သတင်းယူနေသည်ကို တွေ့ရပါသည်။

အကြောင်းအရင်းကို စုံစမ်းကြည့်ရာ သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) မှ ထောက်လှမ်းရေးနှင့် သတင်းတပ်ဖွဲ့မှ ရဲထောက်လှမ်းရေးများအား ဒေါ်အောင်ဆန်းစုကြည် သတင်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း လုပ်ရမည် သို့ သော် အနှောင့်အယှက်မပေးရဟု ညွှန်ကြားပြောဆိုထားသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းသို့ ၀င်ရောက်သတင်းယူ၍ မရသောကြောင့် မြတ်ခိုင်နှင့် သူ့သား ဇေယျာမြတ်ခိုင်တို့အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ ငွေကြေးနှင့် အခွင့်အရေးများပေး၍ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းသတင်းများ ယူခိုင်းထားကြောင်းသိရပါသည်။

မြတ်ခိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေနေသော မော်နီတာဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို ကြီးမားစွာ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့သော်လည်း ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသော ဂျာနယ် ၉ စောင်တွင် မပါဝင်ခဲ့ပေ။ သို့သော် လူအများပြောဆိုစရာဖြစ်မည်ဆိုသဖြင့် ၄င်း၏ ဂျာနယ်တစ်စောင်ဖြစ်သော လျှပ်တပြက်ဂျာနယ်ကို ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသည်ဟု သတင်းလွှင့်ခဲ့ပါသည်။

ဟံသာဝတီ ဦးဝင်းတင် ရေးသားသော (ဘာလဲဟဲ့ လူ့ငရဲ) စာအုပ်ပါ ထောင်တွင်းအကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ရေးသားထားသည်ကို တန်ပြန်သောအားဖြင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မြတ်ခိုင်အား ၄င်း၏ဂျာနယ်တွင် မြန်မာပြည်မှ ထောင်များမှာ လွန်စွာကောင်းကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာရှိမှုကြောင့် ထောင်ကျအကျဉ်းသားများမှာ ကောင်းမွန်စွာနေရကြောင်း ရေးသားခိုင်းမှုကို အလွန်အကျွံ ကူညီရေးသားပေးခဲ့သော ဂျာနယ်လစ်ဆိုးတစ်ယောက် ဖြစ်ပါသောကြောင့် မြတ်ခိုင်နှင့် သူ၏အဖွဲ့သားများ၊ ငါးမင်းဆွေတို့ကဲ့သို့သောသူများအား သတိကြီးမားစွာနှင့် ရှောင်ရှားကြပါလို့ အသိ ပေးတင်ပြလိုက်ပါတယ်။

(မြန်မာပြည်သားတစ်ဦး)။
Posted by မင်းနိုင်သူ at 4:41 PM
Email This BlogThis! Share to Twitter Share to Facebook Share to Google Buzz
Labels: Letter, ပေးစာ
10 comments:

မောင်သန့် ။ said...

ဖလောင်း မင်းဆွေ တင် ဘယ်ကမလဲ။
ကျီးစေတမန် ထဲ က မင်းချင်းတို့  ၊မိချမ်းမြ တို .၊တုတ်ကြီး တို့ ၊ပြည်ချစ် တို့ လဲ-- မနာလိုဝန်တို မစ္ဆရိယ စိတ် ကို အခြေပြုပီး-- တောရမ်းမယ်ဘွဲ့ တွေ လျှောက်ရေးကုန်ပီ။
ဘုန်းကြီးကျော်ဟိန်း တောင် ဆွဲ ထည့် ထားသေးသဗျ။
လွတ်လပ်စွာသော်၎င်း၊ အော့နှလုံးနာ ရွံရှာစွာသော်၎င်း--ရီမောလို ပါက ၊(အချိန်မနှမျောရင်) သွားဖတ်တော်မူကြကုန်။ ဟီးဟီး။
သြော်--ညံ့ယိုင်(၊မြတ်ခိုင်) ညံ့ တုန်း၊ ယိုင်တုန်းဘဲကိုး။
မသိရင်ခက်မယ်။
November 26, 2010 5:35 PM
timothy said...

ဒီကောင်ကိုသတိထားပါ။ဒုတိယ ယက်ထော်(Yettaw) မဖြစ်ဘူးဘယ်သူမှမပြောနိုင်ဘူး။
ရူးသလိုလို၊ပေါသလိုလိုလူမျိုးတွေလဲ သန်းရွှေကအသုံးပြုနိုင်တယ်။
သန်းရွှေကိုမိန်းမရွှင်အောက်လမ်းဆရာဘွဲ့ချီးမြှင့်ဘို့ပြင်ကြပါဦး။
November 26, 2010 6:12 PM
Anonymous said...

ငါးမင်းဆွေ ဆိုတဲ့လူကတော့ကွာ .. ဘယ်လိုကြည့်ကြည့် ပုံမလာဘူး
သူကိုယ်တိုင် အမြန်ဆုံး အခြေအနေမှန်ကို သုံးသပ်နိုင်ပါစေ
November 26, 2010 6:44 PM
Anonymous said...

ငါးမင်းဆွေလား ငါခြောက်မင်းဆွေလား ဒီလူရေးတဲ့ဆောင်းပါးတွေကိုဖတ်ရင် သူ့စိတ်ဓာတ် ကိုသိနိုင်ပါတယ် သူရေးတဲ့ဆောင်းပါးတိုင်းသာဖတ်မိရင် မိတ်ဆွေတို့ ခေါင်းရိုက်ခွဲချင်စိတ်ပါပေါက်သွားမယ်။ စစ်ဖား မြွေပွေး။ အဲလူကိုသတိထားရမယ်။
November 26, 2010 7:47 PM
Anonymous said...

မြတ်ခိုင် ဆိုတဲ့ကောင်ကို ဟိုးလွန်ခဲ့တဲ့ မဟေသီ စာအုပ်တွေထဲမှာ ကတည်းက ကြားဘူးတာ ဘာမှအရည်အချင်းရှိတာမဟုတ်ဘူး ဟုတ်တိပတ်တိနား လည်တာမဟုတ်ဘူး ဟိတ်ဟန်နဲ့ စာပေသမားယောင် စောင်နေတဲ့ကောင် ခွေးမသား လယ်ကူလီကုလားမျိုး
November 26, 2010 8:48 PM
တောင်ပိုင်းသား/အနုပညာသည် said...

မြင်ယောင်သေးတယ် ဒီလိုဥပဓိရုပ်နဲ့ ပေါက်ကရတွေ ရေးတဲ့..နွားမင်းဆွေ..(၈၈)တုန်းကလိုမျိုး အရေးခင်းထဖြစ်ရင် ပထမဆုံး တွေ့ရမယ့် ခေါင်းပြတ်ကတော့ နွား(မင်းဆွေ) ခေါင်းပြတ်ပဲ့..။
November 26, 2010 8:54 PM
Anonymous said...

၇ုပ်ကိုက ကောက်ကျစ်မူအပေါင်း သ၇ဖူဆောင်းမဲ.၇ုပ် ၊ အလိုတော်၇ိ၇ုပ်၊ အော.နှလုံးနာလိုက်တာ။
November 26, 2010 9:33 PM
Anonymous said...

တစ်ခါတစ်လေကျတော့လဲ လူတစ်ယောက်ရဲ့ လွတ်လပ်စွာ ယုံကြည်တဲ့ အတိုင်း ပြောဆိုလုပ်ကိုင်မှုဟာ တစ်ခြားလူတွေကို တော်တော် ခံရခက်စေတယ်ဆိုတာ ဒီအဖြစ်မှာ မြင်ရပါတယ်.. အထူးသဖြင့် မိမိသဘောထားကို မိမိဘာသာ လွတ်လပ်စွာ ဖော်ထုတ်ခြင်းဆိုတာကို နားလည်ပေးဖို့ အသားမကျတဲ့ လူတွေဆိုတော့လဲ တုန့်ပြန်မှုဟာ နင်ပဲငဆနိုင်လှတာ မဆန်းပါဘူး..
November 26, 2010 9:38 PM
Anonymous said...

ပြည်သူကို အသိပညာပေးနေသော စာရေးဆရာပုံတဲ့ ။ သေချာကြည့်ပါ။
November 26, 2010 9:40 PM
Anonymous said...

သတင်းစာမ ဖတ်ဖြစ်တာ ၁၀ နှစ် ကျော်ပြီဗျာ။ဖတ်တုန်းကလဲ နောက်ကနေတရွက် နှစ်ရွတ် ပဲဖတ်တာ နာရေး သတင်း သိချင်လို့။သတင်းစာ စောင်းပါးဆိုတာဘယ်သူမှမဖတ်တာ သိရဲ့သားနဲ့အမေစု လို လူထု ခေါင်းစောင် ကို ဖတ်ဖို့တဲ့  တော်တော် ရူး တဲ့သောက်ရူးပဲ။ ခုဖားမင်းဆွေ ဆိုတာ တနှပ်စား သမား ပါ။ အရပ်ခေါ် ဆိုရင်တော့ ချီးထုပ် ပေါ့ဗျာ။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */