“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, November 25, 2010

ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော်မင်းဆွေ

ဖားမင်းဆွေ၏ အံ့မခန်း ရိုက်ပေါက်များ
ဖားမင်းဆွေဆိုတာ ဒီ ကောင်ပေါ့..ရူပါချူချာသလေားတော့ မမေးနဲ့  ချုပ်ချုပ်ကြီးနဲ့  နင်လား ငါလား..ရုပ်ကြည့်ရုံနဲ့  သူရေးတဲ့စာ ဘယ်လောက်တန်မယ် ဗေဒင်မေးစရာမလိုဘူး..


စာဘယ်နှစ်တန်းတတ်သလည်းဆိုတော့ (ခေသူ မဟုတ်ပါ အဆင့်ပေါ့)...သင်ပုန်းကြီးအောင်ရုံ..ခွိ..ခွိ..ကျနော့ရပ်ကွက်က ဆိုက်ကားသမားရုပ်က ဒီထက်သာတယ်.. နောက်တခါ သတင်းထောက်ရေ ရိုက်မလာပါနဲ့ဗျာ..ခင်ဗျားကင်မရာမှန်ဘီလူး..လန့် ပြီးကွဲသွားပါ့မယ်..

စစ်အစိုးရ အကြိုက် ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ငါးမင်းဆွေ (ဖားမင်းဆွေလို့လည်း နောက်ပြောင် ခေါ်ကြ တယ်။ ဖားလွန်းလို့တဲ့) ဟာ ဒီနေ့ ၁၁ နာရီက NLD ရုံး ရှေ့မှာ “ ဒေါ်အောင်ဆန်းစုကြည်ကို နားမျက်စိ မပိတ်ပါ နဲ့” ဆိုတဲ့ စာတန်းပါ တီရှပ်အဖြူရောင် ၀တ်ဆင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ အကြောင်းက တော့ သူရေးတဲ့ ဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည်နားက လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို မပြလို့ လို့ ဆိုပါတယ်။
ငါးမင်းဆွေဟာ မနေ့က “ ငါးမင်းဆွေမှ ဒေါ်စုကြည်သို့ (၂)” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခနဲ့ထားတဲ့ ဆောင်းပါးတပုဒ်ကို NLD ရုံးကို ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆောင်းပါး ပေးမဖတ် နိုင်ဘူး ဆိုတဲ့အကြောင်း NLD ရုံးချုပ်က ဦးဝင်း ထိန်က ငါးမင်းဆွေဆီ ဖုန်းဆက် ပြောတယ်လို့ သိရပါတယ်။ ဒါကြောင့် ငါးမင်းဆွေက ရုံးရှေ့မှာ ဆန္ဒလာရောက် ထုတ်ဖော်ရတာပါတဲ့။

သူ့ဆောင်းပါးတွေက ကျနော်တို့ ထောင်ထဲမှာ ဖတ်ဖူးတယ်။ ဒီမိုကရေစီအတွက် လုပ်နေတဲ့ လူ တွေကို အရမ်းစော်ကားထား တဲ့ စာတွေချည်းပဲ။ ဒေါ်အောင်ဆန်းစုကြည်က ငါးမင်းဆွေကို မသိဘူး။ မနေ့က စာမှာလည်း စော်ကား ထားတာတွေပါ လို့ လက်မခံတာ” လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဆန္ဒထုတ်ဖော်နေသော ငါးမင်းဆွေကို ၁၂နာရီဝန်းကျင်လောက်မှာတော့ NLD ရုံးချုပ်ထဲကို ခေါ်ယူပြီး ဦးဝင်းထိန် က ညှိတဲ့အခါမှာ တော်တော်လေး အချေတင် စကားများပြောခဲ့ကြရပါတယ်။

“ငါးမင်းဆွေမှ ဒေါ်စုကြည်သို့(၂)” ဆောင်းပါးမှာ ဒေါ်စုကြည်ဆိုတဲ့ အရေးအသားကို ပြင်ပေးဖို့ ညှိနှိုင်းတဲ့အခါမှာ ငါးမင်းဆွေက ပြန်ပြင် ဆင် ရေးသားပေးမယ် ဒါပေမယ့် သူ့ဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည် လက်ထဲ ထည့်ပေးရမယ်လို့ ပြန်ပြောပါတယ်။
(နာမည်ကြီးချင်လို့ ပါခင်ဗျား..သူ့ ဆောငိးပါးပါတဲ့ သတင်းစာကို အရုးတောင် အီးအီးမကုံးဖူး. သူ့  ဖင်ကျက်သရေ ယုတ်သွားမှာစိုးလို့ ပါ တဲ့ )

အဲဒါနဲ့ “ဒေါ်စုဆီ ပို့ထားတဲ့ စာတွေကတပုံကြီး သူဖတ်တာ မဖတ်တာက ကျနော်မသိဘူး” လို့ ပြောပြီး ဦးဝင်း ထိန်က စကား ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

သူရေးထားတဲ့ ဆောင်းပါးကိုငါးမင်းဆွေက NLD ရုံးချုပ်ရှေ့မှာ ရှိနေတဲ့ ပြည်တွင်း သတင်းထောက်တွေကိုသာ ဝေငှပါတယ်။အဲဒီ ဆောင်း ပါး စာရွက်အောက်မှာတော့ “ပြည်တွင်းသတင်းဂျာနယ်များသို့ ထည့်သွင်းဖော်ပြနိုင် ရန်” လို့ ရေးပြီး လက်မှတ်ထိုးထားတဲ့ စာရွက်တွေလည်း ပါပါတယ်။ ဒါ့အပြင် မော်နီတာ ဂျာနယ်မှာ ပါဝင် ပြီး သား သူ့ဆောင်းပါးတွေကိုလည်း ရုံးချုပ်ပတ်ဝန်းကျင်မှာ ဝေပါသေးတယ် (တော်တော်လေး မြို့မေတ္တာ ခံယူ ချင်ပုံ ပဲ)

“ကျနော်က အစိုးရကို ဘက်လိုက်ပြီး ရေးတာမဟုတ်ပါဘူး။ ကျနော် ရေးသမျှစာတွေက ကိုယ့်အမြင်နဲ့ ကိုယ်ရေး တာ ကပါ။ တချို့ဆောင်း ပါးတွေဆို မျက်ရည်ကျပြီး ရေးခဲ့တာ” လို့ ငါးမင်းဆွေက ရုံးချုပ်ရှေ့က သတင်း ထောက်တယောက်ကို ပြောပါတယ် (ကြည့်ရတာ ရေးရင်း မျက်စိထဲ ပိုးကောင်တွေဘာတွေ ဝင်သွားလားမသိဘူး)

အဲဒီ ငါးမင်းဆွေဟာ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာလည်း ၂၀၀၆ ခုနှစ် နိုဝင်ဘာလက “၇၅ မင်းဆွေမှ ၈၈ မင်းကိုနိုင်သို့” ဆိုတဲ့ ဆောင်းပါးကို စရေးခဲ့ပြီး “ငရဲမင်းနှင့် ငမင်းဆွေ”၊ “ငါးမင်းဆွေမှ စုကြည် သို့”၊ “စာရေးဆရာသည် လူမုန်းခံရ အသတ်ခံရ ၏”၊ “ကုန်ဈေးနှုန်း ကျချင်သလား မီးမှန်ချင်သလား”၊ ”ရာဇ၀င် လူ ဆိုး”၊ “ဖားမင်းဆွေ စက်ဘီးစီးနေသည် လမ်းဘေးဖုန်းသုံးနေသည်”၊ ” ဘယ်သွားနေလဲ မင်းကိုနိုင်”၊ ”တော်ကြပါတော့ဗျာ သွားကြပါတော့ဗျာ”၊ “အမြန်ဆုံးရုန်းထွက်ချင်ပါသလား” ဆိုတဲ့ ဆောင်းပါးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို စော်ကားထားပါတယ် (ဆောင်းပါး ခေါင်းစဉ် တွေကို က ရိုက်ချင်စရာ လေးတွေပဲနော်)

နောက်ထပ် ရိုက်ပေါက် ဆောင်းပါးတွေလည်း ဆက်ရေးနေသေးတယ်လို့ သိရပါတယ်။ (အိမ်ဆောက်ဖို့  ဂဲမလောက်သေးလို့ ပါ)

NLD ရုံးရှေ့မှာသူ့ကို ဝိုင်းကြည့်နေတဲ့ သူတွေထဲက သူ့အကြောင်း မသိသေးတဲ့ သူတွေက သူဝေတဲ့ ဆောင်းပါးတွေကို ဖတ် ကြည့် ပြီး “အရူး” လို့ ပြောကြသတဲ့။ ငါးမင်းဆွေရဲ့ အံ့မခန်း အောင်မြင်မှုပေါ့။ သူ့အကြောင်း သိတဲ့သူတွေကတော့ ထိုင်ဆဲနေကြပါတယ် တဲ့။
ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက်ပေးပို့သည်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */