ဖားမင်းဆွေရဲ့ အိမ်ပေါ် ထိတက်ခုတ်တာ ..
ကိုကိုကျိုက်ဆိုတာ ကျိုက္ခမီသား .. ကြားသမျှကို ပြန်ပြောနေတာမဟုတ်ဘူး ..ကျိုက္ခမီသားတွေဆိုရင် ကျုပ်ရေးထားသမျှ အားလုံးဟာ လိုတောင်လိုနေဦးမယ်ဆိုတာ သိလိမ့်မယ် .. ဖားမင်းဆွေနဲ့ နီးစပ်မယ်ဆိုရင် ပြန်မေးကြည့်လိုက် .. ..
သာမန်လူတစ်ယောက်ရဲ့ ကိုယ်ရေးရာဇဝင်ထက် ဖားမင်းဆွေဆိုတဲ့ကလောင်ရှင်တစ်ယောက်ရဲ့ နောက်ကြောင်းရာဇဝင်ဆိုတာ အားလုံးသိထားသင့်တယ်လို့ ကျုပ်ယူဆလို့ ရေးလိုက်တာ .. အပုတ်ချတယ်လို့ ယူဆတာကတော့ ဖတ်သူရဲ့ ခံစားချက်ပဲ..သူ့ကိုယ်သူ ဟိတ်ဟန်ကြီးနဲ့ ဘယ်လိုပဲပြောနေနေ သူ့ရဲ့နောက်ကြောင်းရာဇဝင်ကို သိထားတော့ သိအောင်တော့ ပြောရမှာပဲ ..
ကျုပ် NLD လား၊ တစညလား၊ ကြံ့ဖွတ်လား၊ သာမန်ပြည်သူလားဆိုတာတွေနဲ့က မဆိုင်ဘူး။ ကပ်ဖားရပ်ဖားရေးထားတဲ့ စာတွေဝေဖန်ဖို့ရာအတွက်က ဖားမင်းဆွေဆိုတာ ဘယ်လိုလူ၊ဘယ်လို ကိုယ်ကျိုးရှာတယ်၊ အဲဒီကိုယ်ကျိုးစီးပွားအတွက် လက်ရှိအစိုးရကို ဘယ်လိုမြှောက်ပင့်ပြီး ဘာစာတွေ ရေးနေတယ်ဆိုတာ သိတော့ဝင်ပြောတယ်ဗျာ ..
ပိုပြီးတိကျတာလေးတွေသိချင်သေးလား .. တလက်စတည်း ပြောပြလိုက်မယ် .. ကျွန်းသစ်တစ်တန် လေးသိန်းနဲ့ ကျိုက္ခမီအရောက်ခေတ်မှာသူက ကရင်တော နန်းသိုင်းထွန်းရွာကနေဝယ်ပြီးစင်္ကာပူကို မှောင်ခိုပို့တယ် ..
ဝရမ်းထုပ်ခံထိတာက ကျိုက္ခမီနဲ့ သံဖြူဇရပ်ကြား ကရင်တောင်ရွာမှာထားထားတဲ့ ကျွန်းသစ်တွေမိလို့ ..
ဓါးနဲ့လိုက်ခုတ်တယ်ဆိုတာက လမ်းမှာခုတ်တာတောင်မဟုတ်ဘူး ..ဖားမင်းဆွေရဲ့ အိမ်ပေါ် ထိတက်ခုတ်တာ . ဖားမင်းဆွေချဲဒိုင်ဆို တာ ကျိုက္ခမီမှာ နာမည်အရဆုံး..
နဝတခေတ်မှာ သူပိုင်တဲ့တရားဝင်လိုင်းလှေနံမည်က သိင်္ဂီမျိုးထွန်း ..တစ်ခြားလှေတွေ ရှိသေးတယ် .. သူ့ရဲ့ပထမဇနီး၊ ဒုတိယဇနီး၊ တတိယဇနီး ဘယ်သူတွေ ဘယ်မှာနေ ဆိုတာတွေ အတိအကျထပ်ရေးလို့ရသေးတယ် ..
ဒီလောက်ဆို ဟုတ်တာနည်းနည်း မဟုတ်တာများများဆိုတဲ့စကားအတွက် လုံလောက်ပြီထင်တယ် ..
သူ့လိုကိုယ်ကျိုးစီးပွားရှာသမားတစ်ယောက်က အမျိုးသား အကျိုးစီးပွားဆိုတဲ့ စကားကို ဟစ်နေတာကတော့ မတန်မရာ ခုတုံးလုပ်တယ် လို့ ပဲ ကျုပ်ကတော့ သတ်မှတ်တယ်။
ရဲရင့်ငယ် သတင်းပါဗျ

0 comments:
Post a Comment