“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, November 30, 2010

ရူးနေလို့ တဲ့ 

ဝန်ကြီးချုပ်ရောက်နေခိုက် ကျောက်ဖြူတွင် ဆန္ဒပြသူပြန်လွတ် သိန်းဇော် | တနင်္လာနေ့၊ နိုဝင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၃ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့်အဖွဲ့ ကျောက်ဖြူမြို့သို့ ရောက်ရှိနေခိုက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြသူ ရခိုင်ပြည်နယ် ကျောက်ဖြူနယ်သားကို စိတ်ဝေဒနာသည်ဟုဆိုကာ မိဘထံ လက်မှတ်ထိုးခိုင်းအပြီး ရဲက ပြန်လွှတ်ပေးခဲ့သည်။

ဆိုင်ကယ်ရှေ့၌ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဟု ရေးထားသည့် စာရွက်ကို ကပ်ကာ မြို့ပတ်၍ တကိုယ်တော် ဆန္ဒပြခဲ့သည့် ၃၂ နှစ်အရွယ် ကိုထွန်းနုကို နိုဝင်ဘာ ၂၅ ရက်နေ့က တရက်ကြာ ဖမ်းဆီးခဲ့သည်။ ရဲများက ရိုက်နှက်ထားသည့် ဒဏ်ရာကိုလည်းတွေ့ရသည်ဟု ဆွေမျိုးများက ပြောသည်။

ဆန္ဒပြသည့်နေ့တွင် ဝန်ကြီးချုပ် ဦးသိန်းစိန်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်လှမင်း၊ အနောက်ပိုင်းတိုင်း နပခ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း၊ ဝန်ကြီးအချို့နှင့် ဒုဝန်ကြီးအချို့ ကျောက်ဖြူမြို့တွင် ရောက်ရှိနေခဲ့သည်။

“အခုလွတ်လာပါပြီ။ စိတ္တဇဝေဒနာ ရှိတယ်ဆိုပြီး သူ့မိဘတွေ လက်မှတ်ထိုးပြီး ထုတ်လာခဲ့တာ။ ရဲတွေရိုက်တာကြောင်း ဒဏ်ရာတော့ နည်းနည်းပါးပါး ရလာတယ်။ သူဆန္ဒပြတဲ့နေ့က ဝန်ကြီးတွေ ရောက်နေတယ်” ဟု အမည်မဖော်လိုသူ ဆွေမျိုးတဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးရာတွင် ရဲက သိမ်းဆည်းခဲ့သည့် ဆိုင်ကယ်နှင့် အခြား ပစ္စည်းများကိုပါ ပြန်ပေးလိုက်သည်ဟု သူက ပြောသည်။

အဒေါ်တော်စပ်သူ တဦးကမူ "သူက လူကောင်းတယောက်ပါ။ စိတ္တဇ ဝေဒနာ မရှိပါဘူး။ ရဲ က အဲလိုရှိတဲ့အကြောင်း ပြောပြီးမှ လက်မှတ်ထိုးခိုင်းတာပါ။ နောက်ထပ် မလုပ်နိုင်အောင်လို့ပါ'' ဟု ပြောသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိရန် မြို့နယ်ရဲစခန်းသို့ မေးမြန်းခဲ့သော်လည်း တာဝန်ကျ ရဲက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

“သူက ဆိုက်ကယ်နဲ့ မြို့ကို ပတ်ပြီးတော့ အော်တယ်။ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးဆိုပြီး အော်တယ်။ ဆိုက်ကယ်ရှေ့က အဖြူရောင် စာရွက်မှာလည်း နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဆိုပြီးတော့ ရေးထားတယ်။ အလယ်ပိုင်း ရပ်ကွက်ရောက်တော့ ရဲက လာဖမ်းသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက ပြောသည်။

ကိုထွန်းနုသည် ကျောက်ဖြူမြို့နယ် စေတီယျကျေးရွာမှဖြစ်ပြီး ယခင်ကတည်းက နိုင်ငံရေး လှုပ်ရှားမှု မရှိခဲ့ကြောင်း ၎င်း၏ ဆွေမျိုးက ပြောသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */