“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, November 26, 2010

သတင်းလိမ်ကြီးဗျ..

နယူးယောက်တိုင်းမ်စ် သတင်း ဒေါ်အောင်ဆန်းစုကြည်ငြင်း
ဧရာဝတီ

စစ်ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် တရားစွဲဆိုရေး ဆောင်ရွက်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဟု နယူးယောက်တိုင်းမ်စ် သတင်းတွင် ရေးသား ထားသည်မှာ မှားယွင်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းစာပိုဒ်ကို နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်စ် သတင်းစာတွင် “မြန်မာ့ အတိုက်အခံ ခေါင်းဆောင် နှင့် သားငယ် ပြည်လည် တွေ့ဆုံ” ဟူသော သတင်းတွင် ထည့်သွင်း ရေးသားခဲ့သည်။
“လူသားမျိုးနွယ် အပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှု များအတွက် စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် တရားစွဲ ဆိုရန် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ပြည်ပရောက် အဖွဲ့အစည်းများ၏ ကြိုးပမ်းချက်ကို ဒေါ်အောင်ဆန်း စုကြည် က မထောက်ခံဟု ပြောသည်” ဟူသော စာပိုဒ်သည် မှားယွင်းကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် လုံးဝ မပြောတဲ့ စကားကို ရေးထားတာ။ အဲဒီ စာပိုဒ် တပိုဒ်လုံး ဒေါ်အောင်ဆန်းစုကြည် လုံးဝ မပြောခဲ့ဘူး။ အင်တာဗျုးလုပ်တဲ့ အချိန်မှာ ကျနော်တို့ အနားမှာ အကုန်လုံးရှိနေတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

နယူးယောက်တိုင်းမ်စ် သတင်းစာသို့ ယင်းကိစ္စအတွက် စာရေးသား ပေးပို့မည်ဖြစ်ကြောင်း၊ လိုအပ်သည် များကို လည်း ဆက်လက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအငြင်းပွားဖွယ်ရာ အရေးအသားကြောင့် ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများ အံ့သြကြရ ကြောင်းလည်း သိရသည်။

သို့သော်လည်း ယင်းစာပိုဒ်အောက်ရှိ “စစ်အစိုးရကို နိုင်ငံတကာ တရားရုံးကို ပို့ဆောင်ဖို့ ကျမ ဘယ်တုန်းကမှ မပြော ခဲ့ဘူး။ ဗိုလ်ချုပ်တွေအနေနဲ့ သူတို့တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အကြောင်းတရား ခိုင်ခိုင်မာမာရှိတယ်လို့ မထင် ပါဘူး။ ကျမတို့ ပုဂ္ဂိုလ်ရေး အရ လုပ်ဆောင်နေတာ မဟုတ်ဘူး။ ကျမက သူတို့ အပေါ်မှာ မကောင်းတဲ့ စိတ်စေတနာ မရှိတာကတော့ သေချာပါတယ်” ဟူသော ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်မှာမူ မှန်ကန်သည်ဟု ဦးဉာဏ်ဝင်း က ဆက်ပြောသည်။

ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည် နောက်တခု ပြောတာက ကိုယ် ထောက်ခံတဲ့သူတွေ တစုံတရာ ဆောင်ရွက် နေတာရှိရင် အဲဒီဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးတော့ ကိုယ့် တဦးတည်း သဘောနဲ့ ထောက်ခံတယ်၊ မထောက်ခံဘူး ဘယ်တော့ မှ မပြောဘူးတဲ့” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေး အတွက် အနောက်နိုင်ငံ လွှတ်တော် အမတ်များထံသို့ စာရေးသား ပေးပို့ခဲ့ခြင်းကိုမူ ဒေါ်အောင်ဆန်း စုကြည်က ထောက်ခံသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဆက်လက်၍ ၎င်းက စုံစမ်းစစ်ဆေး ဖော်ထုတ်မှသာလျှင် စစ်အစိုးရအနေနှင့် ရာဇဝတ်မှုများ အမှန်တကယ် ကျူးလွန်ခြင်း ရှိ၊ မရှိကို သိနိုင်မည်ဟု ဆိုသည်။

CoI ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းခဲ့သူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာဖြစ်ပြီး ယခုအခါတွင် အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ၁၀ နိုင်ငံ၏ ထောက်ခံချက် ကိုလည်း ရရှိထားပြီ ဖြစ်သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */