“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, November 27, 2010

ပြည်သူတဦးပေးစာ

ပြောစရာတွေတော့ ဖြစ်ကုန်ပြီဆိုတဲ့ Irrawaddy က ပေးစာကို ဖတ်ရပြီး commentလဲ ၀င်ရေးလို့မရတာနဲ့ ခံစားချက်တခု ဖော်ပြချင်လို့ မေးပို့လိုက်တာပါ။

သူ့အတွက် လုံခြုံရေး မလိုအပ်ပါဘူးဆိုပြီးတော့ ဒေါ်စုကပြောပါတယ်။ ကျနော်အထင်တော့ လိုကို လိုပါတယ်။အန်တီ တခုခုဖြစ်မှာကို စိုးရိမ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ အများကြီး မျှော်မှန်းထားလို့ပါ။

ဟိုနေ့ကတော့ လုံခြုံရေးယူတာတွေ လုံးဝကို စနစ်မကျပါဘူး။ ကျနော်က အပြင်မှာပဲ နေရတာဆိုတော့ သတင်းထောက်တွေနဲ့ ဘာဖြစ် ကြ လဲ မသိပေမယ့် အပြင်ကနေ ကျနော်မြင်ခဲ့ရတာတွေပါ။ အထူးသဖြင့် I Stand With Aung San Su Kyi ဆိုပြီး T-shirt အဖြူဝတ်ထားတဲ့ သူတွေပါ။ NLD လူငယ်တွေတော့ အ၀ါရောင်တိုက်ပုံ ၀တ်တယ်လို့ သိပါတယ်။ T-shirt ၀တ်တဲ့သူတွေ ကတော့ ကုန်ဈေးနှုန်း ကျဆင်းရေးအုပ်စုလို့ သိရပါတယ်။

အသုဘပို့ဖို့ ဒေါ်စုကားနဲ့ထွက်လာတော့ လူတွေက သူ့ဟာသူ ဖယ်ပေးကြတာပါ။ အဲဒီအချိန်မှာ T-shirt ၀တ်ထားတဲ့လူတွေက လက်ချင်း ချိတ်ပြီး ကားကို ကားထားပါတယ်။ ကားလည်းထွက်ရော လက်ချင်ချိတ်ပြီး ကားတားတဲ့လူတွေလည်း ပြေးလိုက်တဲ့အခါ လူတွေကများ တော့ ဘေးကလူတွေကို တိုက်မိတယ်။ တယောက်ဆို လဲကျသွားလားမသိဘူး ။ ဟိုလူတွေ ဘာမှ တောင်းပန်စကား မပြောဘူး။ သူဟာသူ တော့ ဟုတ်နေကြတာပဲ။ လူတွေကတော့ နားလည်ပေး ပါတယ်။ (ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မော်တော်ကား မထွက် ခင် ၅ မိနစ် (ဒါမှမဟုတ်) ၁၀ မိနစ်လောက် အချိန်ကြိုယူပြီး မော်တော်ကား သွားလို့ရမယ့် လမ်းဖြစ်အောင် လူအုပ်ကြားထဲမှာ ကြိုးအရှည် ၂ ချောင်း (ဒါမှမဟုတ်) လက်တွဲချိတ်ပြီး ဟိုဘက် ဒီဘက် ကာထားလိုက်တဲ့ ပုံစံနဲ့ လမ်းလုပ်ထားပေးသင့်ပါတယ်။ ။စကားချပ်)

လုံခြုံရေးယူပေးတဲ့အုပ်စုကို အပြစ်ပြောတာ လုံးဝမဟုတ်ပါ။ တကယ်ဆို အရက်ထိုင်သောက် မူးယစ်နေတဲ့ (စွမ်းအားရှင်အုပ်စု) က အဲနားမှာ အများကြီး ရှိနေတာ လူတိုင်းသိပါတယ်။ ဒီကောင်တွေက ပြသနာ ရှာချင်နေတာပါ။ မတော်သူတို့နဲ့ ထိခိုက်မိပြီး တခုခုဖြစ်ကြရင် အနားမှာရှိတဲ့ အန်တီလုံခြုံရေးက မတွေးဝံ့စရာပါ။

ပြီးတော့ လူအုပ်ထဲကနေ အတင်းထိုးထွက်လာတာ အန်တီစုအတွက် အရမ်းအန္တရယ်များတယ်ဗျာ။ ဒါကို လူတိုင်းသိမှာပါ။ နောက်ဆို လူအရမ်းကျပ်နေတဲ့အခါ အရေးပေါ်ထွက်ပေါက်တွေ စီစဉ်ထားသင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး စနစ်တကျ လေ့ကျင့်ထားတဲ့ လူတွေကိုပဲ အန်တီ့လုံခြုံရေးကို ယူစေချင်ပါတယ်။ ကြုံသလိုဝင်ယူတာမျိုး လုံးဝမဖြစ်စေချင်ပါ။ လုံခြုံရေးအပြည့်ယူထားတဲ့ အမေရိကန်သမ္မတတွေတောင် သမိုင်းမှာ မကြာခဏ လုပ်ကြံခံခဲ့ရတာပါ။ မိမိလုံခြုံရေးအတွက် စစ်အစိုးရကို လုံးဝမယုံကြည်သင့်ပါ။ သူတို့ကို ယုံကြည်ခဲ့ရင်တော့ ဒုတိယဒီပဲယင်းတောင်မကဘူး။ ဒုတိယ အာဇာနည်နေ့တောင် ဖြစ်လာနိုင်ပါလိမ့်မယ်။

အန်တီ့မှာ ဒေါသ၊ မာန်မာနမရှိဘဲ အင်မတန်ကျက်သရေရှိလွန်း၊ အင်မတန် ယဉ်ကျေးသိမ့်မွေ့လွန်းလှတဲ့ ဖော်ရွေသော အပြုံးပိုင်ရှင်ဆိုတာ လူတိုင်းသိပါတယ်။ ဘယ်အချိန်ပဲကြည့်ကြည့် အန်တီ့မျက်နှာမှာ အပြုံးတွေ ဝေနေတာပါပဲ။ ကျနော်ဆိုအန်တီကိုမြင်ရရင် ကြက်သီးတွေထပြီး ဆံစတွေတောင် ထောင်ကုန်တယ်။ ကျနော်မှမဟုတ်ပါဘူး လူတိုင်းခံစားမိကြမှာပါ။

ဒါကြောင့် အန်တီ့နားမှာ နီးနီးကပ်ကပ် နေတဲ့လူတွေ၊ အလုပ်အတူလုပ်နေတဲ့လူတွေဟာ အန်တီ့လိုပဲ ဘယ်လောက်ပင်ပန်း ခက်ခဲတဲ့ အရာကိုကြုံ တွေ့နေပါစေ။ ရိုင်းသောစကားတခွန်းမပါ။ အပြုံးမပျက် ဖြတ်ကျော်နိုင်ပါစေလို့ ဆန္ဒပြုရင်း

အန်တီကို အပြည့်အ၀ ယုံကြည်တဲ့

ပြည်သူတဦး(ညမင်းသား)

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */