“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, November 19, 2010

မြန်မာ့ရွေးကောက်ပွဲ ကုလ ရှုတ်ချ

စာကြွင်း= ဒီမိုကရေစီရင်းမြစ်တွေ ပေါင်းစီးထားတဲ့ ကုလ က မြန်မာပြည်မှာ လုပ်သွားတဲ့  ရွေးကောက်ပွဲ ကိုဘယ် ယုံမလဲနော်။ ကွန်စတီကျူးရှင်း constitution မြန်မာလိုဆိုရရင် ဖွဲ့ စည်းအုပ်ချုပ်ပုံ (ကွန်စတီကျူးရှင်း =နား မလည်တဲ့ သူတွေအတွက် ရှုပ်တဲ့ စကားပါ ကဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ နဲ့ ပြောရင်လည်း နိုင်ငံရေးစကားလုံးဖြစ်တဲ့ အတွက် ရှုပ်ဆဲဘဲ၊ ဖွဲ့ စည်းအုပ်ချုပ်ပုံ ရဲ့အခြေခံသဘောကတော့ တိုင်းပြည်ကိုဘယ်လို အုပ်ချုပ်မယ်ဆိုပြီး စည်းကမ်းဥပဒေတွေ ရေးသွင်းထားတဲ့  မူပါ။ ဥပမာ အိမ်တအိမ်နဲ့ အလွယ်ဆုံး ရှင်းပြရမယ်ဆိုရင် ဦးဆောင်အုပ်ထိန်းသူ မိဘတွေရဲ့  စီးကမ်းတွေ အပေါ်မူတည်ပြီး သားသမီးတွေ လိုက်နာရတဲ့ သဘောပါ။ဒါလုပ်ခွင့်ရှိတယ် ဒီအချိန် အပြင်မထွက်ရဘူး ဆိုတဲ့  မိဘရဲ့ကန့် သန့် ချက်တွေအပေါ် သားသမီးတွေ လိုက်နာရပါတယ်။စည်းကမ်းတွေသိပ်ကြပ်တဲ့  မိသားစုတွေမှာ မိဘတွေကို အာခံတဲ့  သားသမီးတွေ တွေ့ ဖူးမှာပေါ့။ ကဲ ၂၀၀၈ တုန်းက နအဖ လို့ ခေါ်တဲ့  ဘယ်သူမှ မတင်မြောက်ထားတဲ့  အုပ်စုက သူတို့ က ဗမာပြည်ကို ဘယ်လို အုပ်ချုပ်ပါမယ်ဆိုပြီးတော့ သူတို့ စိတ်ကြိုက် ရေးပြီးထဲ့ သွင်းထားတဲ့  (စည်းကမ်း=ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ) ကို ၂၀၀၈ ခုနှစ်မှာ လူထုကြီး နာဂစ်မှာ ဒုက္ခရောက်နေပေမယ့် အတင်းဘဲ မဲကောက်ပြီး သူတို့ ရေးထားတဲ့ စီးကမ်းတွေကို ပြည်သူလူထုက ထောက်ခံပါကြောင်း အရှက်မဲ့ စွာကြေငြာထုတ်ပြန်ခဲ့ တယ်။ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲ မှာ ၇၆% ဖြင့် အောင်မြင်ခဲ့ကြောင်း မတရားမဲလိမ်ပြီး အရှက်တရားမဲ့ လိမ်ညာပြန်တယ်။ ပြည်သူတွေ တခုဘဲသိဖို့ လိုတာက ကိုယ်ကို့ အုပ်ချုပ်မည့် သူတွေဟာ တကယ်လေးစားအားထားလောက်တဲ့ လူတွေလားလို့ မေးခွန်းကိုယ့် ကိုယ်ကို မေးပြီးဖြေကြည့်ကြပါလို့  ပြောရင်း။ လေးစားစွာဖြင့် ဒေါင်းTm
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 18 နိုဝင်ဘာ 2010
မြန်မာစစ်အစိုးရက ဒီလဆန်းကပဲ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိသလို ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ရှုတ်ချလိုက်ပါတယ်။

လူ့အခွင့်အရေး ကော်မတီက မြန်မာနိုင်ငံဆိုင်ရာ ဒီအဆိုပြုချက်ကိုတော့ ကြာသပတေးနေ့မှာပဲ ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၂၈ မဲနဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။

ဆုံးဖြတ်ချက်က မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ကြာသပတေးနေ့ကပဲ မြန်မာနိုင်ငံက နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် ဘီဂျေး နမ်ဘီယာက မြန်မာနိုင်ငံက နောက်ဆုံး အခြေအနေတွေကို လုံခြုံရေးကောင်စီကို တင်ပြပြီး အဖွဲ့ဝင် နိုင်ငံတွေကြား ဆွေးနွေးကြတာ ဖြစ်ပေမဲ့ အသေးစိတ် အချက်အလက်တွေတော့ တိတိကျကျ မသိရပါဘူး။

တချိန်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိနဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာတ၀န်းမှာရှိတဲ့ လူသန်းပေါင်း များစွာအတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေတဲ့အတွက် လေးစားကြည်ညိုကြောင်း ပြောဆိုထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဒေါ်အောင်ဆန်းစုကြည်ကို ကြာသပတေးနေ့မှာ တယ်လီဖုန်းကတဆင့် တိုက်ရိုက် စကားပြောဆိုခဲ့ပါတယ်။

နွေးထွေးတဲ့ ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အာရုံစိုက် ပြောဆိုခဲ့တယ်လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ရုံးက ပြောပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */