လွင်မိုးက ကြံ့ဖွံ့ကို ၀မ်းသာအားရ မဲပေးခဲ့
မိုးမခ မှ
နိုဝင်ဘာ ၁၆၊ ၂၀၁၀
အကယ်ဒမီ မင်းသား လွင်မိုးက ဗိုလ်ချုပ်ကြီးတို့၏ ကြံ့ဖွံ့ပါတီကို မဲပေးခဲ့သည်ဟု သတင်းထောက်များကို တရားဝင် ပြောဆိုကြောင်း သောကြာနေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ်တွင် ရေးထားသည်။ ထိုသို့ မဲပေးရန် ဇနီးသည်ကို ခေါ်ပြီး မြိတ်မြို့သို့ လေယာဉ်ဖြင့် သွားခဲ့သည်ဟု ဆိုသည်။ သရုပ်ဆောင် မေသန်းနု၊ ဇူးဇူးမောင်တို့လည်း ပါသည်ဟု ဆိုသည်။
“ကျွန်တော်တို့ ဦးဌေးမြင့်ကို လာအားပေးတာ။ ဒီမြို့က ကျွန်တော့ ဇာတိပဲလေ။ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက အင်အားကြီးပဲလေ။ နိုင်မယ် ဆိုတာ သိပြီးသား အဲဒါကြောင့် ရန်ကုန်ကနေ ဒီ မြိတ်ကို ပြောင်းပြီး ဆန္ဒမဲ လာပေးတာ” ဟူသော လွင်မိုး၏ စကားကို လျှပ်တစ်ပြက်တွင် တွေ့ရသည်။
လွင်မိုး မဲပေးလိုက်သည့် နိုင်ငံကျော် လုပ်ငန်းရှင် ဦးဌေးမြင့်သည် ရွေးကောက်ပွဲ မတိုင်မီက ကချင်ပြည်နယ်မှ မြေယာအသိမ်းခံ ရသည့် တောင်သူ ၄၆ ဦး၏ တရားစွဲခြင်း ခံခဲ့ရသည်။ သို့သော်လည်း ကချင် ပြည်နယ်တရားရုံးက တရားခံအမည် နေရာတွင်ကြံ့ဖွံ့အမတ် လောင်း ဦးဌေးမြင့်ကို ဖြုတ်ပြီး သူ၏ လက်ထောက်တဦး၏ အမည်ကို အစားထိုးရန် ထူးဆန်းစွာ အမိန့်ချခဲ့သည်။
ထိုသို့ နာမည်ပျက် ရှိသည့် လုပ်ငန်းရှင်နှင့် မင်းသားလွင်မိုး မည်သို့ ဆက်စပ်နေကြောင်း မသိရသေးပေ။
မင်းသား လွင်မိုးသည် တခြား လုပ်ငန်းရှင်ကြီး တဦးဖြစ်သူ ဦးခင်ရွှေ၏ ကြံ့ဖွံ့ပါတီ မဲဆွယ်ခရီးတွင်လည်း လုပ်အားပေးခဲ့သည်။
ထိုသို့ ကြံ့ဖွံ့နှင့် နီးစပ်သဖြင့် နောင်တမရဟု စက်တင်ဘာလက အသက် ၄၀ ပြည့်ခဲ့သူ မင်းသားချောက ဆိုသည်။
“ဒီခရီးစဉ်တွေကို လိုက်ပါတဲ့အတွက် ကျနော့်အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။ အခု အချိန် မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာ ပေါ့လေ” ဟု သူက ပြောဆိုကြောင်း ဧရာဝတီ သတင်းဌာနက ရေးသားခဲ့သည်။
ရလဒ် ကြိုသိနေသည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မင်းသားက အကောင်းမြင်သူ ဖြစ်သည်။
“မဲပေးတဲ့နေရာမှာလည်း အဆင်ပြေတာမှ ချောနေတာပါပဲ။ မဲပေးနေတုန်း ထူးခြားချက်ကတော့ တော်တော်များများ မဲပေးကြပါတယ်။ ကျွန်တော်ပေးတဲ့ အချိန်ကဆို မဲတွေတောင် ပြည့်နေပြီ။ နေ့လယ် ၁၁ နာရီပဲ ရှိသေးတာတောင် မဲပုံးက ပြည့်နေတာပဲ - - သူတို့ကြိုက်တဲ့ ပါတီကို လွတ်လွတ် လပ်လပ် မဲပေးခွင့် ရှိလာတော့ လွတ်လပ်ခြင်းရဲ့ အရသာကို စပြီး ခံစားရပြီ လို့ ကျွန်တော် ခံစားရတယ်။ နိုင်ငံရေး အမြင်တွေ၊ နိုင်ငံ ရေးဗဟုသုတတွေ၊ နိုင်ငံရေးအတွေ့ အကြုံတွေကို လူတွေ စပြီး ရရှိရတော့မယ် ဆိုပြီး မြန်မာနိုင်ငံရဲ့အလား အလာကို ကြိုတွေးလို့ ကျွန်တော် ကိုယ်တိုင် အလိုလို ဝမ်းသာနေမိပါတယ်” ဟူသော မင်းသား၏ ပြောဆိုချက်များကို ပေါ်ပြူလာ ဂျာနယ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ http://moemaka.com/index.php?option=com_content&task=view&id=7659&Itemid=1
Tuesday, November 16, 2010
ကြံ့ဖွတ်အောက်ဆွဲ လွင်မိုး.( အမတ်ရူး လွင်မိုး)
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment