“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, November 19, 2010

တော်တော်လည်း ယုတ် တော်တော်လည်း ပုပ်

ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေးတဲ့ အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို အာဏာပိုင်များက ဧည့်စာရင်း ထုတ်မပေးတော့လို့ ပြောဆို
မြင့်လှိုင် (နယူးယောက်)၊ နိုဝင်ဘာ ၁၈ ရက်

ဓါတ်ပုံ ဒီမိုဝေယံ

မြန်မာ့ အမျိုးသားခေါင်းဆောင်၊ ကမ္ဘာ့ ဒီမိုကရေစီ လှုပ်ရှားမှု ပြယုဂ် ဒေါ်အောင်ဆန်းစုကြည်သွားရောက် တွေ့ဆုံခဲ့တဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) အမှတ် ၁၈ (ခ) ရပ်ကွက်၊ ကမ္ဘောဇ ၂ လမ်း၊ အမှတ် ၃၇၆ တွင် နေထိုင်နေတဲ့ အိပ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အား ဧည့်စာရင်း ထပ်မံ ထုတ်ပေးတော့မှာ မဟုတ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်က နိုဝင်ဘာ ၁၈ ရက်နေ့ ည ၈ နာရီမှာ လူနာများအား ကူညီပေးနေသူ ဦးစူပါ (ခ) ဦးထင်အောင်ကို ပြောကြားကြောင်း သတင်း ရရှိပါတယ်။

ရပ်ကွက်အာဏာပိုင်တွေဟာ လူနာတွေကို ကူညီပေးနေသူ ဦးစူပါ (ခ) ဦးထင်အောင်ကို ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ် ရပ်ကွက်အာဏာပိုင်ရုံးကို နိုဝင်ဘာ ၁၈ ရက်နေ့ ည ၈ နာရီတွင် လာရောက်ဖို့ အကြောင်းကြား ခဲ့ပါတယ်။ အဲဒီလို အကြောင်းကြားမှုနဲ့ ပတ်သက်ပြီး ဦးထင်အောင်က ရပ်ကွက်အာဏာပိုင်တွေနဲ့ သွားရောက် တွေ့ဆုံစဉ် သက်ဆိုင်ရာက ဝေဒနာရှင်များအား ဧည့်စာရင်း ထုတ်ပေးတော့မှာ မဟုတ်ကြောင်း အသိပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဧည့်စာရင်းဟာ နိုဝင်ဘာ ၂၄ ရက်ခန့်အထိသာ သက်တမ်းရှိတဲ့အတွက် အဲဒီနောက်ပိုင်း ကျ ရင် လူနာတွေ နေထိုင်နိုင်ခြင်း မရှိတော့ဘူးလို့ ဆိုလိုက်တာနဲ့ အတူတူပါပဲ။ အခုလို အကြောင်းကြားတာနဲ့ ပတ်သက်ပြီး ဝေဒနာရှင်များ၊ ကူညီ လုပ်ဆောင်နေသူများ ဘယ်လို ခံစားရပါသလဲလို့ မေးကြည့်တဲ့အခါ “ကျွန် တော်တို့က လူနာတွေကို ကူညီပေးနေတာလည်း ကြာပြီဆိုတော့ သိတ် မတုန်လှုပ်ပါဘူး။ ဖမ်းလည်း ဖမ်းပေါ့။ လူမမာတွေ ကတော့ တော်တော်များများ မသိကြသေးဘူး။ အိပ်တဲ့သူကတော့ အိပ်ကုန်ပြီ။ သိတဲ့သူက သိ တယ်။ လူမမာတွေကတော့ ဒေါသထွက်နေတာပေါ့။ ကြောက်လည်း ကြောက်နေကြတာပေါ့၊“ လို့ ပြောပြပါ တယ်။ သူက ဆက်ပြီး “ကျွန်တော်တို့ကတော့ မပြောင်းဘူုး ခင်ဗျ။ ဘယ်အခြေရောက်ရောက် နေထိုင်သွား မှာပဲ။“ လို့ ပြောပါတယ်။ သူ့ခံစားချက်နဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ “စိတ်ထဲမှာ တော်တော်ခံစားရတာပေါ့။ တရားတယ် လို့ ဘယ်ထင်မလဲ၊ ဒုက္ခရောက်နေတဲ့ လူနာတွေလေ။ ခိုကိုးရာမဲ့လို့ ကူညီကယ်တင်မယ့် နေရာ ဌာနကို ရောက် နေ တယ်။ ဒါကို မောင်းထုတ်မယ်ဆိုရင် ဒီလူနာတွေ အကုန် ဒုက္ခရောက်သွားမှာပေါ့။ စိတ်မကောင်းလည်း ဖြစ်တယ်။“ လို့ ပြောပါတယ်။

ရပ်ကွက်အာဏာပိုင်တွေ ပြောစကားနဲ့ ပတ်သက်ပြီး ဦးထင်အောင်က “သူတို့က အကြောင်းရှာနေတာပဲ။ ပတ်ဝန်းကျင်နဲ့ အဆင်မပြေဘူး ပေါ့။ ရပ်ကွက်ထဲက ဒီအိမ်နဲ့ ပတ်သက်ပြီး ရပ်ကွက်ထဲမှာ မထားချင်တဲ့ပုံစံမျိုး ပြောတယ် ပေါ့။ လူဦးရေ ဒီလောက် များများကို လက်ခံထားတာ တန်စိုးလက်ဆောင် ရလို့လား၊ ပြောစရာဖြစ် နေတယ် ဘာညာပေါ့။ အဲဒီလို ပြောတယ်။ ရပ်ကွက်နဲ့ကတော့ ပြဿနာ မရှိဘူး။ ရပ်ကွက်ထဲကတောင် ထမင်း တွေ ဟင်းတွေ လာ လှူတာမျိုးရှိတယ်။ တခုခု အလှူလုပ်ရင် ကျွန်တော်တို့ကို ဖိတ်ပြီးတာမျိုး၊ အိမ်ကို လာပို့တာ မျိုး ရှိတယ်။ ကျွန်တော်တို့ကလည်း အိမ်မှာ တခုခုလုပ်ရင် ပို့တာမျိုး ရှိပါတယ်။ သိတ်ပြီး ထူးထူး ခြားခြား ခွဲခွဲခြားခြား ပြဿနာတက်တာ မရှိဘူး ဗျ။“ လို့ ရှင်းပြပါတယ်။

အိပ်ခ်ျအိုင်ဗီ အေအိုင်ဒီအက် ရောဂါရှင်များအား ကူညီလုပ်ဆောင်မှုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဒေါ်ဖြူဖြူသင်းက ဦးဆောင် လုပ်ကိုင်နေပြီး အခုအခါမှာ ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) အမှတ် ၁၈ (ခ) ရပ်ကွက်၊ ကမ္ဘောဇ ၂ လမ်း၊ အမှတ် ၃၇၆ တွင် လူနာများကို ကူညီ စောင့်ရှောက်လျက် ရှိပါတယ်။ အခုလို လူနာများအား ဧည့်စာရင်း ထပ်မံ ရက်တိုးပေးမှာ မဟုတ်ကြောင်း သက်ဆိုင်ရာက အကြောင်းကြားခြင်း ဟာ လူနာများကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးပြီး နောက်တရက်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါ တယ်။
ref; Burma Today http://burmatoday.net

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */