ကြံ့ဖွံ့ ၇၆ ရာနှုန်းကျော်ဖြင့် ရွေးကောက်ပွဲနိုင်ဟုဆို ကိုဝိုင်း | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၃ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ၃ ရပ်လုံးတွင် စုစုပေါင်း ၇၆ ရာခိုင်နှုန်းကျော် နေရာအများဆုံးရသည်ဟု ရွေးကောက်ပွဲကော်မရှင်က မနေ့က ထုတ်ပြန်ကြောင်း တရုတ်အစိုးရ ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။
လွှတ်တော် ၃ ရပ် ၁,၁၅၄ နေရာတွင် ၇၆ ဒသမ ၅ ရာခိုင်နှုန်း နိုင်ခဲ့သည်ဟု စစ်အစိုးရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကိုးကား၍ ဆင်ဟွာက ယနေ့ရေးသားသည်။
စစ်အစိုးရက ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲဝင်ပါတီများပင် အလွယ်တကူ သိနိုင်အောင် ဆောင်ရွက်မပေးရုံမက ကော်မရှင်ရုံးခွဲ တာဝန်ရှိသူများပင် အချိန်မီ မသိရကြောင်း တွေ့ရသည်။
“ကျနော်တို့ဆီတော့ မဝင်သေးဘူး ခင်ဗျ” ဟု ရန်ကုန် အရှေ့ပိုင်းခရိုင် ကော်မရှင်ရုံး တာဝန်ရှိသူတဦးက မဇ္ဈိမအား ပြန်ဖြေကြားခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၃ နေရာဖြင့် ဒုတိယလိုက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP က ၅၇ နေရာ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ၃၅ နေရာ၊ NDF နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMRDP တို့က ၁၆ နေရာစီရကြောင်း သိရှိရသည်။
အနိုင်ရအမတ်စာရင်းအား SNDP ပါတီသို့ သက်ဆိုင်ရာက တရားဝင် အကြောင်းမကြားသေးသော်လည်း ၅၇ နေရာရသည်ဆိုသည်မှာ မှန်ကန်ကြောင်း ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက မဇ္ဈိမကို ပြောသည်။ စုစုပေါင်း အမတ်လောင်း ၁၅၆ ဦး ဝင်ပြိုင်ခဲ့သည်။
“သူတို့အများဆုံးရမှာပဲဆိုတာ သိနေတာပဲ ” ဟု သူက ပြောသည်။
တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် တိုင်းရင်းသား ကိုယ်စားလှယ်များလည်း သတ်မှတ်ထားသည်။
ရှမ်းပြည်နယ်လွှတ်တော်အတွက် ဗမာ၊ ကချင်၊ လီဆူး၊ လားဟူ၊ အင်းသား၊ အာခါနှင့် ကယန်း (ခေါ်) ပဒေါင်။ ကချင်ပြည်နယ်တွင် ဗမာ၊ ရှမ်း၊ လီဆူးနှင့် ရဝမ်။ ကရင်ပြည်နယ်တွင် ဗမာ၊ မွန်နှင့် ပအိုဝ်း။ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ကရင်နှင့် ရခိုင်။ စစ်ကိုင်းတိုင်းတွင် ရှမ်းနှင့် ချင်း။ ကယားပြည်နယ်တွင် ဗမာ။ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတွင် ချင်း။ ပဲခူးနှင့် တနင်္သာရီတိုင်းတွင် ကရင်။ မန္တလေးတိုင်းတွင် ရှမ်းစသည်ဖြင့် အသီးသီး သတ်မှတ်ထားသည်။
ရွေးကောက်ပွဲရလဒ်များ တရားမျှတမှုမရှိသဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုမှုနေကြသကဲ့သို့ အငြင်းပွားသည့် နေရာများတွင် ရွေးကောက်ပွဲအသစ် ပြန်လုပ်ပေးရန် ထုတ်ပြန်တောင်းဆိုနေသည့် ပါတီများလည်း ရှိနေသည်။
ကုလသမဂ္ဂအပါအဝင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ စသည့် အနောက်နိုင်ငံများကလည်း ရွေးကောက်ပွဲ တရားမျှမှုမရှိကြောင်း၊ နိုင်ငံတကာ၏ အနိမ့်ဆုံး စံချိန်စံညွှန်းကိုပင် မမီကြောင်း ထုတ်ဖော်ပြောဆိုနေကြသည်။
ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ ကြိုတင်မဲ၊ ပယ်မဲ၊ ပျောက်မဲ စသည့်ခေါင်းစဉ်ခွဲများဖြင့် မဲမသမာမှုများရှိကြောင်း ပါတီများက ပြည်ပသတင်းဌာနများနှင့် ပြည်တွင်း ဂျာနယ်စာစောင်များသို့ ထုတ်ဖော်ပြောဆိုနေသည်မှာ “ဥပဒေမဲ့” ဖြစ်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံရနိုင်သည်ဟု စစ်အစိုးရက သတိပေးထားသည်။
ိRest of your post
Friday, November 19, 2010
ဖွတ် တွေ ဗမာတပြည်လုံး ၇၅% ရာခိုင်နုံး လိမ်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment