“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, November 17, 2010

ဒေါ်အောင်ဆန်းစုကြည် AIDS ဝေဒနာရှင်များအား တွေ့ဆုံအားပေး




ရန်ကုန် နိုဝင်ဘာ ၁၇။
တောင်ဒဂုံ မြို့နယ်ရှိ HIV နှင့် Aids လူနာများကူညီစောင့်ရှောက်ရေး ဂေဟာတစ်ခုသို့ သွားရောက် အားပေးခဲ့ပြီးနောက် စုစည်းလာသော ရာနှင့်ချီသော ပြည်သူလူထုများကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့ပါသည်။
ထိုသို့ပြောခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က လူသားတိုင်းတွင် လူသားဆိုင်ရာ အခွင့်အရေးများရှိသဖြင့် မည်သူမဆို လူသားဆိုင်ရာ အခွင့်ရေးများရရှိရမည်ကို UNံ Human rights center က တာဝန်ခံထားပြီး ဖြစ်သည်ဟု ပြောဆိုခဲ့သလို၊ သူမအနေနှင့်လည်း ထိုဝေဒနာသည်များ၏ ဘဝနေထိုင်မှု မြင့်မား လာစေရေးအတွက် ကူညီဆောင်ရွက်သွားမည်ဟု လာရောက်နားထောင်သော ပြည်သူလူထုများရှေ့တွင် ဂတိပြု ပြောဆိုခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် AIDS လူနာများ ပြုစုစောင့်ရှောက်ရေး ဂေဟာသို့ ယနေ့ နေ့လည် ၂နာရီက ရောက်ရှိခဲ့ပြီး ဝေဒနာသည်များကို အနီရောင် နှင်းဆီပန်းများ လက်ဆောင်ပေးခဲ့ပြီး တစ်ဦးချင်းစီကို ရင်းနှီးစွာ နှုတ်ဆက် အားပေးခဲ့ပါသည်။ ထို့အပြင် လူနာများကို သူမတို့ပါတီအနေဖြင့် တတ်စွမ်းသမျှ ကူညီ သွားမည်ဟု ဂတိပြုပြောဆိုခဲ့ပါသည်။
ထူးဆန်းသည်မှာ နအဖ၏ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့်သတင်းယူရန် တာဝန်ရှိသူများမှာ ယခုတစ်ကြိမ်တွင်မူ အနီးအနားသို့ ကပ်လာခြင်း မရှိပဲ အဝေးမှပင် စောင့်ကြည့်နေခဲ့ကြသည်ဟု သိရပါသည်။
ပြည်တွင်းတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */