“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, November 20, 2010

စစ်အာဏာရှင်ခေါင်းဆောင်ကြီးသုံးဦး (A,B,C) ၏ ပိုင်ဆိုင်မှုစာရင်း အကြမ်းဖျဉ်း (အထင်မကြီးပါနဲ့ဗျာ..ကျွန်တော်တို့ ပိုင် ပစ္စည်းတွေ ခိုးထားတာပါ)

၂၀၁၀ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ တိုက်ရိုက်ခန့်ထားခံကြရမဲ့ သမတ၊ ဒုသမတတွေ၊ ကာကွယ်ရေးဦးစီး ချုပ်တွေရော၊ ပိုင်ဆိုင်မှု စာရင်း တင်ပြခြင်းမှ ကင်းလွတ်ခွင့်ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လက်ရှိ စစ်အာဏာရှင်တွေနဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှု (ခန့်မှန်း) စာရင်းကို ပြည်သူတွေ သိထားသင့်ပါတယ်။ (ဒီစာရင်းကို ၎င်းတို့နဲ့ နီးစပ်တဲ့ စစ်အရာရှိကြီး တဦးမှ ခန့်မှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။)


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ။

သားသမီး(၈)ယောက်ရှိပါတယ်။ တယောက်ကိုအနည်းဆုံး အမေရိကန်ဒေါ် လာ(၁၀)သန်းခန့် ချမ်းသာနေကြပါတယ်။ မိသားစု(၁၀)ယောက်ဆိုတော့ အမေရိကန်ဒေါ်လာသန်း (၁၀၀)ခန့်ရှိနေပါတယ်။ ဥပမာ…..ရန်ကုန်ပြည်လမ်းမကြီးပေါ် မာလာဆောင်ရှေ့ရှိ ကမာရွတ်မယကရုံးဝင်း ကြီးကို သမီးအလတ်ဖြစ်တဲ့ မပြုံး(ခ)ပြုံးပြုံးရွှေကို နာမည်လွှဲပေးခဲ့ပါတယ်။ ကာလပေါက်ဈေးမြန်မာကျပ်ငွေ သိန်းပေါင်းတစ်သိန်းခန့် ( အမေရိကန်ဒေါ်လာ ၁၀သန်းခန့် ) တန်ကြေးရှိပါတယ်။ ဒါ့အပြင် IBC အဆောက် အဦးဘေးရှိ အစိုးရပိုင် ကန်သာယာဆေးရုံဝင်းနဲ့ အခြားအင်းယားကန်ဘေးရှိ တပ်မတော်ပိုင်မြေကွက်များ ကိုလည်းသမီး မသြ(ခ)ကြည်ကြည်ရွှေ နာမည် ပေါက်များအဖြစ် လုပ်ဆောင်ပြောင်းလဲပေးခဲ့ရပါတယ်
။ Myanmar Infotech ရုံးဖွင့်ထားတဲ့ပြည်လမ်းကခြံကို သားလတ်ဖြစ်တဲ့ ထွန်းနိုင်ရွှေ ( စွန့်လွှတ်ဟန်ဆောင် ထားသူ ) ကပိုင်ဆိုင်ပါတယ်။
.
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး။ ။


သမီးတစ်ဦး မွေးစားထားပေမဲ့ တူ၊ တူမတွေ အလွန်များလှပါတယ်။ ဒီမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကလည်း အမေရိကန်ဒေါ်လာ သန်း ပေါင်း(၁၀၀)ထက် မလျော့ပါဘူး။ သမီး ဖြစ်သူ နန္ဒာအေး ဟာ၊ Queen Star ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး Computer နဲ့ IT ပစ္စည်းများကို လိုင်စင်မဲ့ အခွန်မဲ့ တင်သွင်းခွင့် ရရှိထားတာကြောင့် တနှစ်ကို ဒေါ်လာသန်း(၂၀)ခန့် အမြတ်အစွန်း ရရှိနေသူတဦးပါ။ ဒါအပြင် နန္ဒာအေးဟာ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဗိုလ်မှူး ပြည်အောင်နဲ့ အိမ်ထောင်ပြုလိုက်တဲ့အတွက် ချမ်းသာကြွယ်ဝမှုကိုတော့ တွက်ချက်လို့ မရနိုင်အောင်ပါဘဲ။

ဗိုလ်ချုပ်ကြီးသူရရွှေမန်း။ ။

သား(၂)ယောက်ရှိပါတယ်။ အကြီးဖြစ်တဲ့ တိုးအောင်မန်းဟာ ဇေကမ္ဘာခင်ရွှေ ရဲ့သမီးနဲ့ လက်ထပ်ယူထားပြီး စီးပွားရေး သောင်းကျန်းမှု မှာတော့ ထိပ်ခေါင်စာရင်းဝင်ပါဘဲ။ နိုင်ငံတော်ပိုင် ကရဝိတ်ဟိုတယ်နဲ့ မြရိပ်ညို ဟိုတယ်တွေကို နိုင်ငံတော် အမည်ကနေ ကိုယ်ပိုင်အမည် ပြောင်းလဲပိုင်ဆိုင်ထား ပါတယ်။ အငယ်ဖြစ်သူ အောင်သက်မန်းကတော့ ပြည်သူ့ချဉ်ဖတ် တေဇနဲ့ ထူးကုမ္ပဏီမှာ အတူတကွ ပူး ပေါင်းပြီး သံယံဇာတ အားလုံးကို သိမ်းကျုံး ရယူ ရောင်းစားနေသူတဦးပါ။ ကြွယ်ဝမှုတွေကတော့ အဲ့ဒီ့မိသားစု တွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာသန်း (၁၀၀၀) ခန့်ရှိပါတယ်။

ဒါ့ကြောင့် စစ်အာဏာသိမ်းအဖွဲ့ဝင် ဝန်ကြီး ဒုဝန်ကြီး တိုင်းမှူးနဲ့ ဗိုလ်ချုပ်ကြီးတွေ အရေအတွက်ဟာ (၃၀၀) ခန့်ရှိပါတယ်။ ပျမ်းမျှတစ်ဦးလျှင် ဒေါ်လာ(၁၀)သန်းနဲ့တွက်ပါက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၀၀၀)ခန့်ရှိပါတယ်။ အဲဒီငွေပမာဏနဲ့ မြန်မာတစ်နိုင်ငံလုံးကို (၂၄)နာရီ မီးလင်းအောင် လုပ်လို့ရပါတယ်။ လမ်းတွေပြင်လို့ရပါတယ်။ ဆေးရုံတွေပြင်လို့ရပါတယ်။ စာသင်ကျောင်းတွေ ပြင်ဆင် တိုးချဲ့ဆောက်လုပ် နိုင်ပါတယ်။

ရိုးရိုးသားသားနဲ့ ရှာဖွေထားတာမဟုတ်ဘဲ နိုင်ငံပိုင်ငွေကြေးတွေကို မတရားတဲ့နည်းလမ်းပေါင်းစုံသုံးပြီး လိမ်လည်ရယူထားတာကြောင့် ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင် ပိုင်ဆိုင်မှုစာရင်းကို တိုင်းပြည်နဲ့ပြည်သူလူ ထုထံကြေငြာတင်ပြရန် အထူး ကြောက်ရွံ့နေကြခြင်းသာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။


လေးစားစွာဖြင့်၊
သူရဲကောင်း။

email ပေးပို့ သူအားကျေးဇူးပါ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */