Wednesday, 06 July 2011 17:49 သျှမ်းသံတော်ဆင့် (ပေးပို့ သူ-ဗမာ့သွေး)
E-mail Printယခုလဆန်းအတွင်း သျှမ်းပြည်တပ်မတော် SSPP/ SSA ထိန်းချုပ်နယ်မြေအတွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွါး နေသည့် အပြင် စစ်မြေပြင်နှင့်အနီးပါတ်ဝန်းကျင်ရှိ ဒေသခံလူထုအများအပြား မိမိတို့ပိုင်ဆိုင်မှုများမြန်မာ စစ်တပ်၏ ယူငင်စား သောက်ခြင်းခံနေရကြောင်း မိုင်းရှူးရောက်ဒေသခံတဦးကပြောသည်။
တိုက်ပွဲဖြစ်နေသည့် နေရာများမှာ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ မြို့နယ်အမှတ် ၄ ထိန်းချုပ်နယ်မြေဖြစ် သော မိုင်းရှူး မြို့နယ် ၊ မိုင်းနောင်မြို့နယ်ခွဲ၊ ကွန်ဟိန်းမြို့နယ် တို့တွင်ဖြစ်ကြောင်း SSPP/ SSA မှ အရာရှိတဦးက ပြောသည်။“ ဒီ တပတ်ထဲမှာ ကျနော်တို့နဲ့တိုက်ပွဲဖြစ်နေတာ မြန်မာစစ်တပ်က လဲချား ခလရ ၆၄၊ မိုင်းပန် ခမရ ၅၇၇ နဲ့ မိုင်းကိုင် ခမရ ၅၁၃ ။ သူတို့က ပူးပေါင်းတပ်ဖွဲ့တွေ အင်အား ၂၀၀ လောက်ရှိမယ်။
၂ ဖွဲ့ခွဲပြီး မိုင်းရှူးမြို့ ဟိုင်းပါ အုပ်စုဖက် တဖွဲ့ တက်သွားတယ်။ အင်အား ၁၀၀ လောက်ပေါ့။ နောက်တဖွဲ့ကျတော့ တာ့ဆာမ်ပူးရဲ့ အလွန် ကုန်းလင် ဖက် တက်သွား တယ်။ လွယ်ဝု ဆိုတဲ့တောင်ပေါ်မှာ နေရာယူထားတယ်” ဟု အဆိုပါ အရာရှိကပြော သည်။
ယခုလ ၂ ရက်က လဲချားအခြေစိုက် ခလရ ၆၄ ၊ ခမရ ၅၁၅ မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၂ တပ်ရင်း ၈၀၁ တို့ မိုင်းနောင်မြို့(မြို့နယ်ခွဲ) ဝမ့်ခန်ရွာ ကျူမာယွီးတွင်တိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း တိုက်ပွဲအနီးရှိ ကျေးရွာ များမှ သာမန်ရွာသား၎ ဦး လက်သမား ၈ ဦးအား ပေါ်တာဖမ်းဆီးခဲ့ကြောင်း၊ မြန်မာစစ်ဝတ်စုံဝတ်ခိုင်းကာ 0x158င်းတို့ စစ်ကြောင်းအား ပွိုင့်ဦးထွက် လမ်းပြခိုင်းကြောင်း 0x158င်းကဆက်လက်ပြောပြသည်။
“ အဲ့နေ့ဘဲ ခမရ ၅၁၃ နဲ့ ကျနော်တို့တပ် ၃ နေရာ တိုက်ပွဲဖြစ်တယ်။ တပ်ကြပ်ကြီး လုံးမူးမွန်း ဦးဆောင်တဲ့ အင်အား ၅ ယောက်ပါအဖွဲ့နဲ့ တကြိမ်၊ ညနေ ၃ နာရီကျော်မှာလဲ လွယ်တန့်အတက် နမ့်ဟွေဟုတ်တံတားနားမှာတကြိမ် (ဗမာစစ်တပ် က ၄ ယောက်သေ ၄ ယောက်ဒဏ်ရာရ) ၊ ည ၇ နာရီခွဲကနေ ၈ နာရီအထိ ကျူမာယွီးမှာနောက် ထပ်တကြိမ် တပ်ရင်း ၂၄ က ဗိုလ်စိုင်းပန်ဦးဆောင်တဲ့ ၁၄ ယောက်အဖွဲ့က ချုံခိုတိုက်ပြန်တယ်။
အဲ့မှာလဲဗမာ ဖက်က ၂ ယောက်သေ ၃ ယောက် ဒဏ်ရာရတယ်” ဟု ဆို၏။၎ ရက်နေ့ မနက်ပိုင်းတွင်လည်း တာ့ဆမ်ပူး (ဝမ့်ဟိုင်းမှ ကာလိ၊ မိုင်းဇန်သို့အသွား နမ့်ပန်ချောင်းကူးတို့ဆိပ်) အနီး နမ့်ဟူးမောက်ဆန့်တွင် မြန်မာစစ်တပ်အား သျှမ်းပြည်တပ်မတော်က ချုံခိုတိုက်ခိုက်ရာ မြန်မာစစ်တပ်မှ ၁ ယောက် သေဆုံးကြောင်း သိရသည်။အဆိုပါ တိုက်ပွဲအပြီး တာ့ဆမ်ပူးရွာထဲ မြန်မာစစ်ကြောင်းက ဝင်ရောက်ကာ ဒေသခံများ၏ ပိုင်ဆိုင်မှု( ဆန်၊ ဆီ၊ အချိုမှုန့်၊ ကြက်၊ အဝတ်အစားနှင့် ဖိနပ်) များကို ဆွဲငင်ယူဆောင်ခဲ့ကြောင်း မိုင်းရှူးရောက်ဒေသခံများပြောပြချက် အရသိရသည်။
Rest of your post
Thursday, July 07, 2011
သျှမ်းပြည်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွါး လူထုပိုင်ဆိုင်မှုလုယူခြင်းခံရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment