“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, July 07, 2011

မြစ်ဆုံရွှေတူးခြင်းခေတ္တရပ်ရာမှ ဒေသခံများ အားခြိမ်းခြောက်ကာ စီမံကိန်းသစ်ချတူးဖော်လာ

Wednesday, 06 July 2011 11:12 KNG (ပေးပို့ သူ-ဗမာ့သွေး)
ကချင်ပြည်နယ်မြစ်ကြီးနားမြို့ဧရာဝတီမြစ်ဆုံတ၀ိုက်ရွှေတူး ဖော်မှု အားရပ်ဆိုင်းထားရာမှယခုလဇွန်လိုင်လဆန်းတွင် ပြန်လည်စီမံ ကိန်းသစ်ချရာဒေသခံများအားခြိမ်းခြောက်၍ ရပ်ရွာတွင်းပိုမိုတိုးချဲ့လုပ်ဆောင်လာနေကြောင်းတန်ဖရဲ ဒေသခံ တစ်ဦးပြောသည်။

“ပြည်နယ်ဝန်ကြီးချုပ်ဦးငန်ဆိုင်းက ရွှေတူးဖော်မှုလုပ်ငန်းကိုရပ်ဆိုင်းလိုက်တော့ ကျွန်တော်တို့ပြည်သူပြည်သား ရွာသူရွာသားတွေလည်း အရမ်းဝမ်းသာတယ်။ ဒါမဲ့အခု ဒီလဆန်းပိုင်း အပစ်ခတ်နေတဲ့ကြားမှာ သူတို့ခြိမ်းခြောက်ပြီးပြန်လုပ်လာတာတွေ့ရတယ်။ ဦးရ၀မ်ဂျုံး ပြည်နယ်လွတ်တော် ဥက္ကဌ ရဲ့ကုမ္ပဏီ ခါကာဘိုရာဇီ ရွှေမင်းဟိန်းဆိုတာက ရဲမင်းကြီးဦးမြင့်လွင်ရဲ့သားရဲ့ကုမ္ပဏီဟုတ်တယ်။ ပြီးတော့ လွယ်ငူဘွမ် (Loi Ngu Bum) ဆိုတာက ဦးလဆန်အောင်ဝါတို့ ဒီမှာ Sea Sun Star လည်းပါတယ်။”

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတပ်များ နှစ်ဖက်တင်းမာမှုတိုက်ပွဲကြောင့် ဒေသခံများကြောက်လန့်နေချိန် အစိုးရနှင့်အကျိုးတူ ကုမ္ပဏီများမှ ရွာတွင်းလယ်ယာမြေများကို တိုင်းတာနေရာယူ လုပ်ငန်းစတင်လာခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“သူတို့က ကျွန်တော်တို့လယ်မြေတောတွေကို စိုက်ခင်းတွေကို ဥယဉ်ခြံတွေကို ပြန်ယူပြီးမှ ခြိမ်းခြောက်မှုအားဖြင့်ပြန်လုပ်နေတယ်။ သူတို့က ခင်ဗျားတို့က KIAနဲ့ စစ်တိုက်နေတဲ့ ဆက်စပ်မှုမှာ ခင်ဗျားတို့သားသမီးတွေပါတယ်။ အဲမှာ တိုင်ချက်ဖောက်လိုက်မယ်ဆိုတော့ ကျွန်တော်တို့ဘက်လည်း ခုပဋိပက္ခဖြစ်နေတဲ့အခါမှာ တော်တော်တော့လန့်သွားကြတာပေါ့။”

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ရေလွှမ်းမိုးမှုအန္တရာယ်မှမလွတ်ကင်းသည့် ဒေသများတွင် အစိုးရအာဏာပိုင်များနှင့် ကုမ္ပဏီများသည် လွန်ခဲ့သည့်နှစ်မှစ၍ လုပ်ကွက်ရောင်းချရာတွင် ရပ်ရွာတွင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းများနှင့် အိမ်ခြံမြေမကျန် လမ်းမကြီးအနီးထိ ချဲ့ထွင်လာနေကြောင်းသိရသည်။

သို့သော် ဒေသခံများ၏ လယ်ယာမြေများအတွက် လျော်ကြေးငွေကိုလည်း အပြည့်အ၀ပေးခြင်းမရှိကြောင်း ပြောသည်။

“အထူးသဖြင့် ရွှေတူးတဲ့နေရာမှာ ကောက်ခံတာက ကျွန်တော်တို့လယ်မြေတွေကိုသိမ်းပြီးမှ တချို့တော့လျော်ကြေးပေးတယ်။ ဒါပေမယ့် ရွာသားတွေကမရကြဘူး။ ပေးတော့ပေးတယ်လို့ပြောတယ်။ ဒါပေမယ့်တိကျရေရာမှုမရှိဘူး။ အထူးသဖြင့် ခါကာဘိုရာဇီ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌဦးရ၀မ်ဂျုံရဲ့ ကုမ္ပဏီကပိုဆိုးပါတယ်။ သူတို့က ကျွန်တော်တို့လယ်မြေတွေကို ပေတစ်ရာနဲ့ ၅၀ ကျင်ဆိုရင် တစ်နှစ်စာ ၅ သိန်း တစ်လစာကို ရွှေ ရွေး ၉၀ နဲ့ကျပ်တစ်သိန်းထည့်ရတယ်။ အဲမျိုးပေါ့။”

ဒေသခံများသည် ယခုလို KIAနှင့် အစိုးရစစ်တပ်တွေကြား တင်းမာမှုဖြစ်ပွားနေချိန် ကုမ္ပဏီများ ၀င်ရောက်မှုအပေါ် အခွင့်ရေးယူနေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုနေပြီး အရေးယူလုပ်ဆောင်လိုသော်လည်း မ၀ံ့မရဲဖြစ်နေသည်။

“သူတို့ဒါမျိုးလုပ်တော့ ကျွန်တော်တို့တောင်ယာတွေကော မြေဂရမ်မရှိ ပြေစာမရှိ ဘာမရှိ ဆိုမှ သူတို့ကကြိုက်တာကိုအဲမျိုး လုပ်နေတာကို အားလုံးတိုင်းတာပြီးမှပြန်တူးစားနေကြတာ။ ကျွန်တော်တို့လည်း တောတောင်ဘက်ပြန်သွားဖို့ဆိုတာလည်း လယ်ခုတ်စားဖို့ဆိုတာ အခုက စစ်ကပြန်ဖြစ်လာ လုံခြုံရေးတွေက ထူထပ်လာ ဆိုတော့ တောင်ယာခုတ်ဘက်လည်းပြန်မရောက်။ မြို့ဘက်မှာ ကျွန်တော်တို့ဆွေးမျိုးတွေရှိတဲ့ ဘက်မှာသွားပြီး အလုပ်ရှာထွက် ဒါမျိုးပေါ့။ အထူးသဖြင့် ကျွန်တော်တို့ တန်ဖရဲရွာနဲ့ စံပြကျေးရွာကြားက လမ်းတွေပါမကျန်သူတို့တူးလာကြတာ အခုကားတွေတောင်ဖြတ်လို့မရတော့ဘူး။”

၂ဝဝ၇ နှစ်ကုန်ပိုင်းမှစ၍ အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြုပ်နှံရေး ကော်ပိုရေးရှင်း CPI တို့ ပူးပေါင်း၍ မြစ်ဆုံရေကာတာ စီမံကိန်းစတင်အကောင်အထည်ဖော်ခဲ့ရာ ရေလွှမ်းမိုးမှုနှင့် မလွတ်သည့် ကျေးရွာပေါင်း ၄ဝ ကျော်နှင့် လူ ၂သောင်းခန့်အား နေရာပြန်လည်ချထားရေး စံပြရွာတွင် ပြောင်းရွှေ့ပေးခဲ့သည်။

ကျေးရွာတွင်း အစိုးရနှင့်ကုမ္ပဏီများဝင်ရောက် တိုးချဲ့တူးဖော်မှုကြောင့်ဒေသခံများ လယ်ယာမြေဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကာ လက်ရှိအချိန်ထိ ရွာသစ်တွင် အစာရေစာမဖူလုံမှုပြဿနာနှင့်ကြုံနေဆဲဖြစ်ပြီး ဆက်လက်၍လည်း ပဋိပက္ခများကို အစိုးရနှင့် ညှိနှိုင်းမှုမရမချင်း ပိုမိုဆိုးရွားလာနိုင်ကြောင်း စောင့်ကြည့်လေ့လာသူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ စာဂျီက သုံးသပ်ပြောဆိုခဲ့သည်။



Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */