“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 21, 2011

တပ်ရုပ်သိမ်းရန် KIO က မပခကို သတိပေး

ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၆ မိနစ်
ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေ တပ်ရင်း ၅ ဒေသအတွင်း အစိုးရတပ်များ သွားလာလှုပ်ရှားနေသဖြင့် မေလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ တပ်ရုပ်သိမ်းရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ကြာသပတေးနေ့တွင် သတိပေးလိုက်ကြောင်း ကချင်အရာရှိတဦးက ပြောသည်။

ခလရ ၁၄၂ တပ်ဖွဲ့များသည် မိုးညှင်းမြို့နယ်အရှေ့ဘက်ခြမ်းရှိ KIO တပ်ရင်း ၅ တပ်ရင်းနှင့် တဖာလုံခန့်အကွာတွင် လှုပ်ရှားမှုများ ရှိနေကြောင်းနှင့် ဆိုးကျိုးများ ပေါ်ပေါက်လာနိုင်ကြောင်း စာတွင် ရေးသားထားသည်။

“ ပြန်မရုပ်ပေးဘဲနဲ့ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ ပေါ်ပေါက်လာမယ်ဆိုရင် ကျနော်တို့ KIO ဘက်က တာဝန်မရှိဘူးဆိုပြီးတော့ ကြိုတင်အသိပေးထားတဲ့စာ ပို့ထားတယ်” ဟု အရာရှိ ဦးလှနန်က မဇ္ဈိမကို ပြောသည်။





မေလ ၁၅ ရက်နေ့ကတည်းက ရေးသားခဲ့သည့် စာအား ကြာသပတေးမနက်ကျမှ ပေးပို့ခဲ့ကာ၊ မိတ္တူကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းထံသို့ပါ ပို့ခဲ့သည်။

“ အခြေအနေတင်းမာလာတဲ့ အခြေအနေထိ ရောက်လာတယ်လို့ သတ်မှတ်လို့ ရတယ်။ အကြောင်းကြားတဲ့စာကို အပြုသဘော လက်ခံပြီး ရုပ်သိမ်းသွားမယ်ဆိုရင် အခြေအနေက အေးသွားမှာပါ” ဟု ဦးလှနန်က ဆိုသည်။

ကချင်တပ်ကို မြန်မာစစ်တပ် ကာကွယ်ရေး ဦးစီးချုပ်လက်အောက် သွတ်သွင်းမည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကြောင့် တင်းမာမှုများက ယခုတကျော့ပြန် ဖြစ်ထွန်းနေသည်။

မြစ်ကြီးနားမြို့ KIO တပ်ရင်း ၁၁ နယ်မြေအတွင်း၌ မပခ လက်အောက်ခံ ခလရ ၁၂၁ တပ်ဖွဲ့သည် KIO ချထားသည့် မိုင်းကို နင်းမိရာက သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည်။

“ ကျနော်တို့က တပ်လုံခြုံရေးအတွက် နေရာတကာမှာ မိုင်းလုပ်ထားတာ။ မိုင်းနင်းမိပြီး သူတို့က လန့်ဖြန့်ပြီး လက်နက်ငယ်နဲ့ မိုးပေါ် ထောင်ပစ်ခဲ့တာပါ” ဟု ဦးလနန်က ပြောသည်။



မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က နောက်နောင် ထိုသို့မဖြစ်ရေးအတွက် ထိန်းသိမ်းရန် ဗုဒ္ဓဟူး ည ၁၁ နာရီခန့်တွင် KIO ၏ မြစ်ကြီးနားမြို့ရှိ ဆက်ဆံရေးရုံးသို့ တယ်လီဖုန်းဖြင့် အကြောင်းကြားသည်။

အခြား KIO အရာရှိ တဦးက မိုင်းနင်းမိသဖြင့် လူ ၄ ဦး ဒဏ်ရာရခဲ့သည်ဟု မဇ္စျိမကို ပြောပြသည်။ သို့သော် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူပင် ဗုဒ္ဓဟူးမနက်ပိုင်းတွင် စစ်အစိုးရ၏ ဒေါ့ဖွန်းယန်မြို့နယ်ခွဲ မြို့သစ်အခြေစိုက် ခမရ ၃၂ဝ ဘက်မှ တာခေါ်မြစ် (တာပိန်မြစ်) အနောက်ဘက်ရှိ KIO တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၂၅ ရှိရာသို့ ၇၅ မမ လောင်ချာဖြင့် ၃ ကြိမ် ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“တာပိန်မြစ်မှာ တရုတ်ကုမ္ပဏီက ရေကာတာ ဆောက်နေတယ်။ အဲဒီမှာ ကျနော်တပ်နဲ့ သူတို့ဘက်ကလည်း လုံခြုံရေး ယူထားတာ ရှိတယ်။ အဲဒါ ကျနော်တို့ တပ်ရင်းဘက်ကို ခြောက်တာနေမှာပေါ့။ သူတို့ ထိုးစစ်စဉ်ဖို့ ခြောက်လာတာ
နေမှာပေါ့။ ကျနော်တို့ တပ်ရင်းဘက် ၃ ခါ ပစ်တာ မထိဘူးလို့ ပြောတယ်” ဟု အဆိုပါအရာရှိက ပြောသည်။

KIO တပ်ရင်း ၅ နယ်မြေတွင်ရှိနေသော ကသာ-ဗန်းမော် ကားလမ်းဖောက်လုပ်သည့် စီမံကိန်းအတွက် အစိုးရတပ်က လုံခြုံရေးယူခဲ့သော်လည်း ထိုစီမံကိန်းမှာ ရပ်ဆိုင်းသွားပြီ ဖြစ်သည်။

KIO ၏ တပ်မဟာ ၃ လက်အောက်ခံ မန်စီမြို့နယ်ရှိ KIO တပ်ရင်း ၁ အနီး မြန်မာစစ်တပ်များ လှုပ်ရှားလာသဖြင့် တပ်လှန့်ထားသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်သတင်းဌာနတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကချင်ပြည်နယ် ဗန်းမော်မြို့ အနောက်မြောက်ဘက် မန်စီမြို့နယ်အတွင်း ခလရ ၁၅ နှင့် KIO တပ်ရင်း ၂၇ အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးယဉ်ထွေး
သေဆုံးခဲ့သည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ခုခံတိုက်ပွဲဝင်နေသည့် KIO သည် ဖေဖော်ဝါရီလအတွင်း ဖွဲ့စည်းခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် အဖွဲ့ဝင်ဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ General Xu Caihou သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် မြန်မာ- တရုတ်နယ်စပ်မှ KIO တပ်များနှင့် အစိုးရတပ်ဖွဲ့များအကြား တင်းမာမှုများတိုးလာခြင်းလည်းဖြစ်သည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */