“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 18, 2011

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းအမိန့်အပေါ် နိုင်ငံရေးအကျဉ်းသားမိသားစုနှင့် ပြည်သူလူထုမကျေနပ်ကြ

မိုးယံမခ၊ ရန်ကုန်မေ ၁၇၊ ၂၀၁၁(ပေးပို့ သူ-ဗမာ့သွေး)
အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ လက်ရှိအစိုးရရဲ့ နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် (၂၈/၂၀၁၁) ကို ၂၀၁၁ ခုနှစ်၊ မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းလို့ ခေါင်းစဉ်တပ်ထားပါတယ်။ အမိန့်မူရင်းကို အခုလို တွေ့နိုင်ပါတယ်။


အဲ့ဒီအမိန့်ကို ညနေ ၆ နာရီက MRTV 4 ရုပ်သံအစီအစဉ်က ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။ ညနေ ၈ နာရီသတင်းမှာတော့ MRTY, MRTV 4, မြ၀တီစတဲ့ ရုပ်သံအစီအစဉ်တွေက နေထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

‘‘မနေ့ညနေ ၆ နာရီမှာ MRTV 4 ကနေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဆိုပြီး ကြေညာတာတွေ့လိုက်ရတယ်။ အမိန့်မှာပါတာက သေဒဏ်ကျ တဲ့သူတွေကို ကျွန်းဒဏ်နဲ့ ထောင်ဒဏ်ကျနေတဲ့သူတွေကို ၁ နှစ်လျှော့ပေး တာပါပဲ။ နောက်ထပ်များကျန်သေးလားလို့ ၈ နာရီသတင်းမှာ ထပ်ကြည့်တော့လဲ ဒါပဲပါတာတွေ့ရတယ်။’’

နိုင်ငံရေးအကျဉ်းသူဟောင်းတဦးက အမိန့်ကို စတင်ကြေညာစဉ် ကြည်ခဲ့ရပုံကို ပြောပြတာပါ။ ဒီအမိန့်ဟာ ခံစားခွင့်ပြုထားတဲ့အချက်တွေအရ ခေါင်းစဉ်မှားနေကြောင်း သူက အခုလို ဆက်ပြောပြပါတယ်။

‘‘အမိန့်မှာပါတဲ့ အချက် ၂ ချက်အရ ခံစားခွင့်ရှိတဲ့သူတွေအတွက် ၀မ်းသာပါတယ်။ ဒါပေမယ့် ဒီအမိန့်ကို လွတ်ငြိမ်းချမ်းသာခွင့်လို့ ခေါ်လို့ မရပါဘူး။ ပြင်ဆင်ချက်၊ ဒါမှမဟုတ် လျှော့ပေါ့သက်သာခွင့် လို့ပဲ ခေါ် လို့ရ မယ်။ ခေါင်းစဉ်က မှားနေတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုရင် အနှောင်အဖွဲ့မရှိ လွှတ်ရမယ်။ အခုဟာက ပုဒ်မ ၂၀၄ (ခ) အရ လွှတ်တာလို့ ဆိုတယ်။ လွတ်မယ့်သူတွေကို နောက် နိုင်ငံရေးမလုပ်တော့ပါဘူး ဆိုတဲ့ ခံဝန်နဲ့ လက်မှတ်ရေးထိုးခိုင်းပြီါ် လွှတ်မယ့်သဘောလား မသိဘူး’’ ဟု ပြောပြခဲ့ပါတယ်။

မြောက်ဥက္ကလာမှနေထိုင်းပြီး လက်ရှိအကျဉ်းကျခံနေရတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးရဲ့ မိခင်ဖြစ် သူကတော့ ... ‘‘ကျမသားတွေကို ချထားတာ နှစ် ၆၀ ကျော် ချထားတာပါ။ ဦးခွန်ထွန်းဦးတို့ ရှမ်းအဖွဲ့ဆိုရင် နှစ် ၁၀၀ ကျော်တောင်ပါတယ်။ အခုအမိန့်မှာ ထပ်ဆုံးက သူတို့ ပြောထားတာပဲ။ ပြည်သူလူလို တခဲနက်ေ ထာက်ခံ ထားတဲ့အခြေခံဥပဒေနဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ပေါ်လာပြီတဲ့။ ဒီမိုကရေစီနိုင်ငံဆို ရင် နိုင်ငံေ ရး အကျဉ်းသားမရှိဘူးလေ။ အခုဟာက နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ဆိုရင် အကုန် လွှတ်ပေးရမှာပေါ့။ သူတို့က ထောင်ချတော့ နှစ် ၆၀၊ ၇၀၊ ၁၀၀ တွေချတယ်။ ပေးတော့ ၁ နှစ်ပဲ ခံစားခွင့်ပြု တယ်။ ဒါက ဘယ်လိုမှ ကျေနပ်စ ရာကောင်းတဲ့ အမိန့်မဟုတ်ပါဘူး’’ လို့ ဆိုပါတယ်။

‘‘လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ မဆလခေတ်က ၂/၈၀ အမိန့်လိုပေးတဲ့ အခြေအနေမျိုးမှ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်လို့ ပြောလို့ရတာ ပါ။ အကျဉ်းသားတွေကို ချွင်းခြက်မရှိလွှတ် တယ်။ ပြည်ပရောက်နေတဲ့ သူတွေ နဲ့ တောထဲက လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက သူတွေ၊ နှောင်ကြိုးမဲ့ပြန်လာလို့ရအောင် အဲ့ဒီတုန်း က ကြေညာပေးတာ။ တကယ်တော့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ လက်ရှိအနေအထား အရ နိုင်ငံရေး တင်းမာမှုတွေကို လျော့ပေါ့သွားအောင် အတိုက်အခံတွေကို အာဏာရအစိုးရက သဘောထားကြီးေ ကြာင်း ပြသတဲ့အနေနဲ့ နိုင်ငံ အနာဂတ်အကျိုးအတွက် အလားအလာကောင်းကို စတင်ခြေလှမ်းတဲ့ အစီအစဉ် တ ရပ်လို့ ဆိုရမှာပေါ့။ ဒါပေမယ့် ခုဟာက လွတ်ငြိမ်းချမ်း သာခွင့်ဆိုပြီး နဲနဲဘဲခံစားခွင့်ပြုတာဆိုတော့ လက်ရှိအစိုးရက သဘောထားသိပ်မကြီးဘူးဆိုတာ ပြသရာရောက်တာပေါ့’’ ဆိုပြီး ပြောခဲ့သူက ၂/၈၀ ကိုကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးပါ။

လှိုင်သာယာက အကျဉ်းကျခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးရဲ့ ဇနီးကတော့ ‘‘ကျမယောက်ျားက ၂၀၀၈ ရွှေဝါရောင် တော်လှန်ရေးမှာ ၇ နှစ် ကျခဲ့တာပါ။ အခုအမိန့်က ၁ နှစ်ပဲ ခံစားခွင့်ရ တာ ဆိုတော့ မလွတ်နိုင်ပါဘူး။ သူတို့ကလည်း မလွတ်အောင် အသေ အချာချိန်ပြီး ကြေညာတယ်လို့ထင်တယ်။ ၂၀၀၈ တုန်းက ၄ နှစ်လောက်ကျခဲ့တဲ့သူတွေတော့ လွတ်နိုင်တာပေါ့။ လွတ်မယ့်သူတွေအတွက် ၀မ်းသာပါ တယ်။ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်က အားရစရာ မရှိပါဘူး’’ ဟု ပြောခဲ့ပါတယ်။

ယမန်နေ့ညက လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပတ်သက်ပြီး ဒီနေ့မနက် ဆင်ခြေဖုံးရပ်ကွက်ကဈေးတွေထဲမှာ ၊ လက်ဖက်ရည်ဆိုင်တွေမှာ ပြောသံဆိုသံတွေ အနည်းငယ်ကြားရပါ တယ်။ တောင်ဥက္ကလာ မှာ နေထိုင် တဲ့ ကျောင်းသားလူငယ်တဦးကတော့ ဒီအမိန့်ပတ်သက်ပြီး ‘‘ ကျနော်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ကြေညာ တယ်ဆိုတော့ ၂၀၀၈ သံဃာ့အရေးအခင်းတုန်းက အထဲရောက်သွားတဲ့ ကျနော့်သူငယ်ချင်း တွေ ပြန်လွတ်ေ တာ့ မယ် ထင်နေတာ။ သူတို့အိမ်တွေသွားမေးတော့ ၅ နှစ်ကျလို့ အခုအမိန့်မလွတ်နိုင်သေးဘူးတဲ့။ တကယ်ဆို အကုန် လွှတ်ပေးရမှာ မဟုတ်လား။ တကယ့် လွတ်ငြိမ်းချမ်းသာခွင့်ဆိုရင် ထောင်ရှေ့မှာ အိုးစည်ဗုံမောင်းတွေနဲ့ သွားကြိုကြမလို့။ အခုတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးဆိုပြီး ဆန္ဒပြရမလိုဖြစ်နေပြီ’’ ဟု အားမလိုအားမရနဲ့ ပြောပါတယ်။

‘‘ဘောင်းဘီချွတ်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျုံးဝင်ပြီး လွတ်နိုင်တဲ့ နိုင်ငံရေးအကျဉ်းသားက ၁၀၀ တောင် ပြည့်မယ်မထင်ပါဘူး။ သူတို့က အမျိုးမျိုးချိန်ထိုးပြီး လွှတ်ရမယ့်အနည်းဆုံးရလဒ်ရဲ့ အများဆုံးအ ကျိုးအမြတ်ရအောင်လုပ်တာပါ။ အာဆီယံ ဥက္ကဌဖြစ်ဖို့ကိစ္စတွေ၊ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ်လာတဲ့ ကိစ္စတွေနဲ့ နိုင်ငံတကာမှာ သိက္ခာဆယ်ဖို့ လုပ်တာဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်း ထားပြီး ပြန်ပေး ဆွဲထားသလို နိုင်ငံတကာက အခွင့်အရေးတခုခုရမှ နည်းနည်းစီ လွှတ်ပေးတာ စစ်အစိုးရထုံးစံပဲ။ စစ်ဗိုလ် ချုပ်တွေလုပ်တတ် တဲ့နိုင်ငံရေးက ဒါမျိုးပဲ။ ဒါကို ကျနော်တို့က ဘာကိုဆက်ပြီး စောင့်ကြည့်ေ နရဦးမှာလဲ’’ ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက သုံးသပ်ပါ တယ်။

အခုအချိန်ထိ ဒီအမိန့်နဲ့အကျူံးဝင်ပြီး လွတ်မယ်လို့ သတင်းကြားရသူတွေကတော့ ကိုထွန်းထွန်းနိုင် (၈၈ မျိုးဆက်ကျောင်းသား၊ ၄ နှစ်၊ ဗန်း မော်ထောင်)၊ ဦးဘစိုး (ရွှေဝါရောင်တော်လှန်ရေး၊ ၄ နှစ်၊ ပျဉ်းမနားထောင်၊ ဦးဝါးကြီး ၁၇ (၁) ပုဒ်မ၊ (၄) နှစ်၊ ဘားအံထောင်၊ ဖားဒဘာ ၁၇ (၁) ပုဒ်မ ၄ နှစ်၊ ဖားအံထောင်၊ ကိုကိုလတ် (ရွှေဝါရောင်တော်လှန်ရေး၊ ၄ နှစ်၊ အင်းစိန်ထောင်နဲ့ စစ်တွေထောင်တွေမှာ ကျနေ တဲ့ ရွှေဝါရောင် တော်လှန်ေ ရးမှ သံဃာတော် (၃) ပါးတို့ ပါဝင်ကြပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်လို့ခေါ်တဲ့ အခု ကြေညာချက်အရ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာလွတ်မြောက်နိုင်ပြီး ရာဇ၀တ်မှုအကျဉ်းသား အများအပြားလွတ်မြောက်လာမှာဖြစ်ကြောင်း ပြည်သူအများ စုက ပြောဆိုသုံး သပ်နေကြပါ တယ်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */