http://www.naytthit.net/?p=13152 (ပေးပို့ သူ eimmet mahotpar )
သကြား- မာတလိရေ ဘာထူးသေးလဲကွ
မာတလိ - ထူးတယ်ဖရာ့ – ကြပ်ပြေးမှာကျေးလက်ဒေသ ဆင်းရဲမွဲတေမှု ပပျောက်ရေး
အစည်းဝေး (Poverty Seminar)လုပ် သွားတယ်လို့သိရ ပါတယ်ဖရာ့။
သကြား- ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတော့ မြို့နေလူတွေက
ချမ်းသာလာပြီပေါ့။
မာတိလိ- မထူးပါဘူးဗျာ။
သကြား- အစည်းဝေးကို လူတွေဘယ်လောက်တက်လဲကွ ၊
မာတိလိ- လူ ၈၀၀ လောက်တက်တယ်ဖရာ့။
သကြား- ဟ- များသားပဲကွ။
မာတလိ- ဒါပေမယ့် လာတက်ကြသူတွေထဲမှာ သူတို့ လက်သပ်မွေးထားတဲ့
စီးပွားရေးသမားတွေရယ်၊ ကြံ့ဖွတ်တွေက
များနေတယ်ဖရာ့။ တကယ်စီးပွားရေးလုပ်ငန်းရှင်တွေက သိတောင်မသိဘူး ဖရား။
သကြား- ဆိုးသကွာ။
မာတလိ- အစည်းဝေးကို နံနက် ၁၀ နာရီကနေ ညနေ ၇ နာရီထိလုပ်တယ်ဖရာ့။
သကြား- ကြာသားကွ။
မာတလိ- ထူးတာကတော့  သမတ သိန်းစိန် က အစည်းဝေးကို နံနက် ၁၀ နာရီကနေ ညနေ၇
နာရီအထိတက်သဗျ။
သကြား- ဇွဲကောင်းသားပဲကွ။
မာတလိ- သူလည်း ဘော့စ်လိုပါပဲ အလုပ်မယ်မယ်ရရရှိပုံမရလို့ ဖြစ်ပါလိမ့်မယ် ဖရာ့။
သကြား – ထားပါတော့လေ။ ဘာတွေဆွေးနွေးကြသလဲ မောင်မင်းရဲ့။
မာတလိ- အင်း အစည်းဝေးမှာ အကြံပေးအဖွဲ့ထဲပါတဲ့ ဦးမြင့်နဲ့ ဦးဆက်ပိုင်
တို့ရဲ့ ဖတ်တဲ့စာတန်းတွေကို တက်လာတဲ့
သူတွေက ကြိုက်ဆိုပဲ။
သကြား- စာတန်းရဲ့အနစ်သာရ (Concept ) က
မာတလိ- အနှစ်သာရကတော့ ဆင်းရဲမွဲတေမှုပပျောက်ဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို
တစုံလုံး ဖျက်သိမ်းမှရတော့
မယ်ဆိုတဲ့ သဘောမျိုးတင်ပြတယ် ဖရာ့။
သကြား- အေး- ဟုတ်တာပေါ့။
မာတလိ- မဟုတ်နဲ့ လေဖရား။ ဒါကို ကြံဖွတ်အစိုးရက မကြိုက်ဘူး။
သကြား- ဒီတော့ သူတို့က ဆင်းရဲမွဲတေမှုဟာ ဘာကြောင့်လို့ ယူဆလဲ။ ဘယ်လိုလုပ်ကြမလဲ။
မာတိလိ- ဆင်းရဲရတဲ့အကြောင်းကတော့ အရင်ဘ၀က မလှူလို့ ဆုံးဖြတ်တယ် ဖရား။
သကြား- ဟ- မဟုတ်တာကွာ။
မာတလိ- မဟုတ်တာမလုပ်နဲ့ အရှင်မင်းကြီးတို့ လုပ်ထားတာပဲ။
သကြား- ဟေ့ကောင် တိုးတိုးလုပ်ပါကွ။ ဒီတော့ ဆင်းရဲမွဲတေမှု ပပျောက်အောင်
တိုက်ဖျက်မယ့် နည်းနာ (Method)
ကရော။
မာတလိ- ငွေ မလှူနိင်ရင် လုပ်အား အလှူထည့်ဝင်နိုင်တဲ့နည်းကို သုံးမယ်လို
ဆုံးဖြတ်တယ် ဖရား။
သကြား- ဘယ်လိုကွ
မာတလိ- လမ်းဖေါက် တံတားဆောက်ရင် ပေါ်တာ ပိုဆွဲမယ်ပေါ့ဗျာ။
သကြား- တိန် !
(ကားလိတ်ချ)
သကြားမင်းကြီးRest of your post
Tuesday, May 24, 2011
ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်…
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment