“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 18, 2011

မြန်မာပြည်တွင် ဆယ်စုနှစ် တခုကျော်အတွင်း ပြင်းအားမြင့်ငလျင်များ လှုပ်ခတ်မည်

ဧရာဝတီ Tuesday, 17 May 2011 10:59
စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် တည်ရှိသော ပဲခူးတိုင်း ပဲခူးမြို့နှင့်ဖြူးမြို့နယ်ကြားတွင် လာမည့် ဆယ်စုနှစ်တခုကျော် အတွင်း ပြင်းအား ရစ်ခ်ျတာ စကေး ၇ အဆင့်ရှိ ငလျင်များ လှုပ်ခတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ကျွမ်းကျင်ပညာရှင် ဦးသူရအောင်က ပြောသည်။

AP3

၂၀၁၁ မတ်လက လှုတ်ခတ်ခဲ့သည့် တာလေငလျင်ကြောင့် မြေသားကွဲအက်သွားသည်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - AP)
ပဲခူးမြို့နှင့်ဖြူးမြို့အကြားရှိ တောင်သုံးလုံး အနီးကို အခြေခံပြီး ပြည်ပကျွမ်းကျင်ပညာရှင်များနှင့် မြန်မာပညာရှင်တချို့ပူးပေါင်းကာ ငလျင်နှင့် ပတ်သက်သော သုတေသနများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ သုတေသနကို နှစ်ပေါင်းများစွာ အခြေခံ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရရှိလာသော လေ့လာချက်များအရ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် တည်ရှိသည့် ပဲခူးမြို့နယ်နှင့် ဖြူးမြို့နယ် အကြား နှစ်ပေါင်း ၁၀၀ လျှင် ၁ ကြိမ် ငလျင်လှုပ်လေ့ရှိကြောင်း၊ ငလျင်၏ ပြင်းအားအဆင့် ၇ ရှိကြောင်း ၎င်းက ရှင်းပြသည်။

“တောင်သုံးလုံး တ၀ိုက်က မြေကြီးအလွှာတွေကို အချိန်အများကြီး တူးယူပြီး ပြည်ပ ပညာရှင်တွေနဲ့အတူ လေ့လာခဲ့ပါတယ်။ လော လောဆယ် ဆန်းစစ်ချက်တွေအရ လာမယ့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ပြင်းအား ၇ အဆင့်ရှိတဲ့ ငလျင်ကြီးတွေ လှုပ်ဖို့ရှိ ပါတယ်။ ကျနော်တို့ လေ့လာ ဆန်းစစ်ထားတာက ဖြူးမြို့နယ်နဲ့ ပဲခူးမြို့ကြားမှာ ဖြစ်နိုင်မယ့်အခြေအနေကို ဆန်းစစ်ထားတာပါ” ဟု သူက ဆိုသည်။

ပဲခူးမြို့တွင် ၁၉၃၀ ပြည့်နှစ် မေလက ငလျင်လှုပ်ခတ်ခဲ့ပြီး ဒီဇင်ဘာတွင် ဖြူးမြို့နယ်အတွင်း ငလျင် လှုပ်ခဲ့ဖူးကြောင်း၊ ငလျင် ပြင်းအားသည် ၇.၃ အဆင့်ရှိခဲ့ပြီး လူအသေအပျောက်နှင့် အပျက်အစီးများခဲ့ကြောင်း၊ လေ့လာဆန်းစစ်ချက် များအရ နှစ်ပေါင်း ၁၀၀ ခြားတိုင်း ငလျင် ပြန်လှုပ်လေ့ရှိသည့်အတွက် လာမည့်ဆယ်စုနှစ် အနည်းငယ်အတွင်း ငလျင်လှုပ်မည်ဟု ခန့်မှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

“ငလျင်သဘောကိုက သူ့နှစ် အပိုင်းအခြားအလိုက် ပြန်လာလေ့ရှိတယ်။ မိုးလေ၀သလို ဂြိုဟ်တု ရုပ်ပုံကြည့်ပြီးတော့ ခန့်မှန်းလို့တော့ မရပါဘူး။ ဒါပေမယ့် မြေသားအလွှာတွေကို တူးဖော် လေ့လာပြီးတော့ ငလျင် ဖြစ်နိုင်မယ့် အခြေအနေကို ခန့်မှန်းလို့ ရပါတယ်” ဟု ငလျင်ကျွမ်းကျင် ပညာရှင် တဦးက ဆိုသည်။

ပဲခူးမြို့နှင့် ဖြူးမြို့နယ်အကြားရှိ စစ်ကိုင်းပြတ်ရွေ့ကိုသာ လေ့လာခဲ့ခြင်း ဖြစ်ပြီး ကီလိုမီတာ ၁၀၀၀ ကျော် ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့ တခုလုံးကို ဆိုလိုခြင်း မဟုတ်ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ တလျှောက်နှင့် စစ်ကိုင်းပြတ်ရွေ့နှင့် နီးကပ်သည့် လူဦးရေ ထူထပ်သောမြို့ကြီးများသည် ငလျင်ဖြစ်နိုင်ခြေရှိသော မြို့ကြီးများဖြစ်ကြောင်း၊ အထူးသဖြင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း စသည့် မြို့ကြီးများ ဖြစ်ကြောင်း အဆိုပါ ပညာရှင်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့ အပါအ၀င် ပြတ်ရွေ့ကြောင်း များစွာရှိနေပြီး ငလျင်နှင့်ပတ်သက်သော သုတေသနများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လက်ရှိလုပ်ဆောင်နေသော သုတေသန လုပ်ငန်းများမှာ လုံလောက်ခြင်း မရှိကြောင်း ပညာရှင်များက ဆိုသည်။

“အများကြီး လုပ်ဖို့လိုသေးတယ်။ ကျနော်တို့မှာ စစ်ကိုင်းပြတ်ရွေ့တလျှောက် GPS တွေ အများကြီးတပ်ရမယ်။ နိုင်ငံတကာ အဆင့်မီ ငလျင် အခြေခံစခန်းတွေရှိဖို့လည်း လိုတယ်။ နိုင်ငံတကာအကူအညီ လိုအပ်သလို၊ အစိုးရပိုင်းကလည်း အားတက် သရော ဆောင်ရွက်မှုတွေ လိုအပ်ပါတယ်” ဟု ငလျင်ပညာရှင်ကြီး တဦးက ဆိုသည်။

စစ်ကိုင်းပြတ်ရွေ့တွင် ပြည်ပအကူအညီဖြင့် GPS ၄ လုံးတပ်ဆင်ထားပြီး လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ သိရှိရသည်။

၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ်၊ လွယ်မွေမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ လူ ၇၄ ဦးသေဆုံးပြီး အဆောက်အအုံးများပြိုကျ ပျက်စီးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်း ငလျင်ကြော၊ ဂွေးချို ငလျင်ကြော၊ မိုးမိတ် ငလျင်ကြော၊ ကဘော် ငလျင်ကြော၊ မြောက်ဦး ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ ဖာပွန် ငလျင်ကြောနှင့် ဘုရားသုံးဆူ ငလျင်ကြော တို့ရှိပြီး အကြီးအကျယ်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်များမှာ ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်သည့် အင်းဝငလျင်၊ ၁၉၂၇ ခုနှစ်တွင် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၃၀ ခုနှစ်တွင် ဒုတိယ အကြိမ် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်သည့် ပုဂံငလျင်တို့သည် အပျက်အစီး အကြီးမားဆုံး ဖြစ်သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */