“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 21, 2011

ဇေယျာသော်နှင့်မေးမြန်းခန်း

http://www.irrawaddy.org/bur/index.php/interview/4-interview/6431-2011-05-20-11-39-31
(ပေးပို့ သူ eimmet mahotpar )သမ္မတ ဦးသိန်းစိန် အစိုးရသစ် ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကော့သောင်း
ထောင်မှ မကြာသေးခင် ရက်ပိုင်းက ပြန်လည်
လွတ်မြောက်လာသော ဇေယျာသော်ကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ်
မေးမြန်းထားပါသည်။

ဇေယျာသော်သည် ဟစ်ပ်ဟော့ပ် ဂီတကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး
စတင်ခဲ့သော ACID တေးဂီတ အဖွဲ့မှ အဆိုတော်

တဦး ဖြစ်သည်။

ဇေယျာသော် ၏ ဦးဆောင်မှုဖြင့် Generation Wave(GW)အဖွဲ့ကို ၂၀၀၇ ခုနှစ်
ရွှေဝါရောင်တော်လှန်ရေးကာလတွင်

ထူထောင်ခဲ့သည်။ GW အဖွဲ့သည် အစိုးရဆန့်ကျင်သည့် လက်ကမ်းစာစောင်များ၊
သီချင်းများကို လူငယ်များအကြား

ဖြန့်ဝေခဲ့ပြီး လူငယ်ထု နိုးကြားလာရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်း
တခုဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် ဇေယျာသော်ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ယင်းနောက် တရားမ၀င်အသင်း ဖွဲ့စည်း တည်

ထောင် မှု၊ နိုင်ငံခြားငွေ တရားမ၀င် ကိုင်ဆောင်မှုများဖြင့် ထောင်ဒဏ် ၅
နှစ် ချမှတ်ခဲ့သည်။ လွတ်မြောက်ရန် လပိုင်းမျှ

အလို တွင် တနှစ်လျှော့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်
လွတ်မြောက်လာခြင်းဖြစ်သည်။


မေး။ ။ နာမည်ကြီး အဆိုတော် တယောက်အနေနဲ့ နိုင်ငံရေးပုဒ်မနဲ့
ထောင်ကျသွားတာ ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးလမ်းကြောင်းအပေါ်
လျှောက်မယ်ဆိုရင် ၉၀ ရာခိုင်နှုန်းကတော့ အကျဉ်းထောင်ထဲ

ရောက်နိုင်ပါတယ်။ ဒါကို ကျနော် သေသေချာချာ စဉ်းစားဝေဖန်ပိုင်းဖြတ်ပြီးမှ
ဒီနိုင်ငံရေး အလုပ်ကို လုပ်ခဲ့တာပါ။ ဒီလို

ဖြစ်တဲ့ အတွက်ကြောင့် ကျနော် ၀မ်းမနည်းသလို စိတ်မကောင်းလည်း မဖြစ်ပါဘူး။
ဂုဏ်ယူစရာ တရပ်အနေနဲ့ ကျနော်

သတ်မှတ် ပါတယ်။

မေး။ ။ အဆိုတော် တယောက်အနေနဲ့ နိုင်ငံရေးလုပ်ဖို့ ဘာဖြစ်လို့ ဆုံးဖြတ်ခဲ့တာလဲ။

ဖြေ။ ။ အနုပညာသမားတွေက ပြည်သူတွေနဲ့ အမြဲတမ်းထိတွေ့ ဆက်ဆံနေရပါတယ်။
အဲဒီတော့ ပရိသတ် ဖြစ်တဲ့ ပြည်

သူတွေရဲ့ စိတ်ခံစားမှုတွေ၊ သူတို့ရဲ့ မပြေလည်မှုတွေ၊
သူတို့ရဲ့မွန်းသိပ်ကျပ်တည်းမှုတွေ ဒါတွေ

ကျနော်တို့အနုပညာသမားတွေရဲ့ ရင်ထဲကို လာပြီးတော့ ရိုက်ခတ်တယ်ခင်ဗျ။
ဒီလိုမျိုးရိုက်ခတ်လာတဲ့ အချိန်မှာ

ပြည်သူတွေဘက်က မားမား မတ်မတ် ရပ်ပြီး ပြည်သူတွေရဲ့အသံကို
ကျနော်ကြိုးစားထုတ်ကြည့်တာပါ။

ပြည်သူတွေရဲ့ကိုယ်စား ပြည်သူ့အတွက် ပြည်သူ့ အသံကို ထုတ်ကြည့်တာပါ။

မေး။ ။ ကိုဇေယျာသော် ၂၀၀၈ ခုနှစ်က စားသောက်ဆိုင်မှာအဖမ်းခံခဲ့ရတဲ့
အကြောင်းရော နည်းနည်းပြောပြပေးပါလား။

ဖြေ။ ။ ကျနော်အပါအ၀င် ကျနော်တို့ သူငယ်ချင်း ၆ ယောက်
စားသောက်ဆိုင်မှာရှိနေတဲ့အချိန် စရဖ (စစ်ဘက်ဆိုင်ရာ

လုံခြုံရေးအဖွဲ့)ကနေပြီး လာဖမ်းသွားတာပါ။

မေး။ ။ ကိုဇေယျာသော် အနေနဲ့ စုံစမ်းစစ်ဆေးရေးဌာနမှာလည်း ရိုက်နှက်
နှိပ်စက်ခံရတယ်လို့ ကြားတယ်။ အဲဒီ အတွေ့

အကြုံလေးရော ပြောပြပေးပါလား။

ဖြေ။ ။ ကျနော်တို့ကို ပထမဦးဆုံး အနေနဲ့ အနီးဆုံး စခန်းဆိုပြီး
ဗဟန်းစခန်းထဲကို အရင်သွားပါတယ်။ ဗဟန်း စခန်းထဲ

ရောက်ပြီးတဲ့ အချိန်နောက်ပိုင်း မိုးချုပ်လာတဲ့ အချိန်ကျတော့
မျက်နှာကိုအ၀တ်နဲ့စည်းပြီးတော့

ဘယ်မှန်းမသိတဲ့နေရာပေါ့ဗျာ။ အဲဒီနေရာကို ကားနဲ့ ခေါ်သွားပါတယ်။
သွားပြီးတော့ အဲဒီမှာ စစ်ကြောမေးမြန်းတဲ့အချိန်

သွေးထွက်သံယိုဖြစ်တဲ့အထိ အကြမ်း ဖက်မေးမြန်းမှုတွေ ရှိခဲ့ပါတယ်။
ကျနော့်အနေနဲ့ ဒီစကားကိုပြောတာက အာဃာတ

တခုအနေနဲ့ ပြောတာ မဟုတ်ပါဘူး။ ကျနော် လူပုဂ္ဂိုလ် တဦးတယောက်ကို
မုန်းတီးလို့လည်း မဟုတ်ပါဘူး။ ကျနော်

ဒီစကားကို ပြောရတာက မစစ်မှန်တဲ့ မှားယွင်းနေတဲ့ စနစ်တခုရဲ့အပြစ်ကိုပဲ
ကျနော်ပြောတာပါ။ စနစ်ဆိုးရှိနေတဲ့အတွက်

ဘက်၂ဘက် ဆိုတာ ဖြစ်သွားပါတယ်။ ကျနော်တို့က စနစ်ဆိုးကို တိုက်ဖျက်တဲ့
ဘက်ကို ရောက်နေတယ်။ ကျနော်တို့ကို

စစ်ဆေးမေးမြန်းတဲ့ သူတွေကတော့ ဒီစနစ်ဆိုးကြီးကို ကာ ကွယ်တဲ့ဘက်ကို
ရောက်နေတယ်။ အကယ်၍ ဒီစနစ်ဆိုးကြီးကို

ဖျောက်ဖျက်နိုင်လိမ့်မယ်ဆိုရင် ဘက်ဆိုတာလည်း မရှိတော့ပါဘူး။ ဒါကြောင့်မို
မှားယွင်းတဲ့ စနစ်ဆိုးကိုသာ

ကျနော်ပြောခြင်းဖြစ်ပါတယ်။ အဃာတ တခုအနေနဲ့ မဟုတ်ဘူးဆိုတာကိုတော့
ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။

မေး။ ။ ဘယ်လို အကြမ်းဘက်စစ်ဆေးမှုတွေနဲ့ ကြုံခဲ့ရလဲ နည်းနည်း
အသေးစိတ်ပြောပြပါလား။

ဖြေ။ ။ အသေးစိတ်တော့ ကျနော် မပြောချင်ပါဘူး ခင်ဗျ။ ဘာဖြစ်လို့လဲ
ဆိုတော့ အသေးစိတ်ပြောတယ် ဆိုရင် ကျနော်

အငြိုးအတေးနဲ့ ခုနက ကျနော်ပြောသလိုပေါ့ အငြိုးအတေးတွေ အာဃာတတွေနဲ့
ပြောသလို ဖြစ်နေမှာပါ။ အဲဒီတော့

အသေးစိတ်က မပြောတာဘဲ ကောင်းပါတယ်။ ခုနက ကျနော်ပြောသလိုပေါ့။
သွေးထွက်သံယို ဖြစ်တဲ့အထိ အကြမ်းဖက်ပြီး

စစ်ဆေး မေးမြန်းတဲ့ ဖြစ်စဉ်မျိုးတွေရှိခဲ့တယ်ဆိုရင်တော့ လုံလောက်ပါပြီ ခင်ဗျ။

မေး။ ။ ဘယ်နှစ်ရက်လောက် အဲသလို စစ်ဆေးမေးမြန်းတာ ခံခဲ့ရလဲ။

ဖြေ။ ။ အဲဒီအချိန်မှာက ကျနော်တို့ကို အခန်းထဲမှာ တယောက်စီ ပိတ်ထားပြီး
မီးတလုံးထွန်းထားတယ်ဗျာ။ ပြီးသွားတော့

နာရီမသိ အချိန်မရှိဆိုတော့ ဘယ်နှစ်နေ့ ဘယ်နှစ်ရက်ဆိုတာတော့
မသိလိုက်ဘူးပေါ့ဗျာ။ ပြီးသွားတော့

ပြန်ထွက်လာတဲ့အချိန် ကျတော့မှ ဘယ်နှစ်ရက်ဆိုတာ ကိုယ့်ဘာသာကိုယ်
ပြန်တွက်ယူကြတာကို တယောက်နဲ့

တယောက်နဲ့ကတော့ စစ်ဆေး မေး မြန်းတာရော နောက် အလေးထားမှု
မထားမှုပေါ်မှုတည်ပြီးတော့ ရက်တွေ

အချိန်တွေက ကွာခြားမှုရှိပါတယ်။ ကျနော်လည်း တဦးချင်းစီ မဟုတ်တော့
သက်ဆိုင်ရာ သက်ဆိုင်ရာ လူတွေကြားမှာပဲ

ပြောတာကောင်းပါတယ်။ ကျနော်တို့ကို စစ်ကြောပြီး တဲ့ အချိန်မှာ နောက်ပိုင်း
အင်းစိန်အကျဉ်းထောင်ကို ပို့ပါတယ်။

အင်းစိန် အကျဉ်းထောင်ကနေပြီး ရုံးတင်တရားစွဲ နောက်ဆုံး အမိန့်ချပြီးတဲ့
အချိန်ကျတော့မှ ကျနော့်ကို ကော့သောင်း

အကျဉ်းထောင်ကို ပြောင်းတာပါ။

မေး။ ။ ကော့သောင်း ထောင်မှာ နိုင်ငံရေးသမား ဘယ်သူတွေနဲ့ တွေ့ခဲ့ရလဲ။

ဖြေ။ ။ ကော့သောင်းအကျဉ်းထောင်မှာ ကျနော်မရောက်ခင်ရောက်နေတာဆိုလို့ ၈၈
မျိုးဆက်ကျောင်းသားထဲကဆို ကိုပြုံး

ချိုရှိပါတယ်။ နောက်ပြီး ကိုအောင်မျိုးပိုင် ဆိုတာရှိပါတယ်။ နောက်
ကိုဇော်မင်း၊ ကိုမျိုးမင်း၊ ကိုထွန်းမင်းအောင် နောက်ပြီး

ဦးလေး ဦးချစ်ခင် ဆိုတဲ့ အသက် ၆၅ နှစ်ကျော်နေတဲ့သူတယောက် အားလုံး ပေါင်း
၆ ယောက်ရှိပါတယ်။

ကိုထွန်းမင်းအောင်က ၂၀၀၉ မှာလွတ်သွားပြီး ဦးချစ်ခင်ကတော့ ၂၀၁၀
ဒီဇင်ဘာလမှာ လွတ်သွားပါတယ်။

နောက်ဆုံးလွတ်တာက ကျနော်ပါ။

မေး။ ။ အဲဒီမှာ ကိုပြုံးချိုတို့နဲ့ ရော တွေ့ဆုံဆွေးနွေး စကားပြောဖြစ်ခဲ့လား။

ဖြေ။ ။ ကျနော်တို့ကို တိုက်၂ တိုက်ခွဲထားတယ်ခင်ဗျ။
ကိုအောင်မျိုးပိုင်ရယ် ကိုမျိုးမင်းရယ် ကိုဇော်မင်းရယ်က

တတိုက်ဖြစ်ပြီး ကျနော်နဲ့ ကိုပြုံးချိုနဲ့က တတိုက်ပါ။
တခြားတိုက်ကလူတွေနဲ့တော့ ကျနော်တို့ တွေ့ဆုံခွင့်

စကားပြောခွင့်တော့ မရှိပါဘူး။
ဒါပေမယ့် တတိုက်တည်းဖြစ်တဲ့ ကိုပြုံးချိုနဲ့ကတော့ ရံဖန်ရံခါတော့ စကားပြောဖြစ်ပါတယ်။

မေး။ ။ ကိုပြုံးချိုနဲ့က ဘာတွေဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ အဲဒါကတော့ ကျနော်မပြောတော့ဘူးဗျ။ ကျနော်နဲ့ ကိုပြုံးချိုနဲ့
စကား အေးအေးဆေးဆေး ပြောလို့ရတယ်ဆိုတာ

ထွက်သွားလို့ရှိရင် ဟိုဘက်မှာ တံခါးပိတ်တဲ့ ကာလတွေ ရက်တိုးကုန်မှာ စိုးလို့ပါ။

မေး။ ။ ထောင်ထဲမှာ ဘယ်လို ဖြတ်သန်းခဲ့တယ်ဆိုတဲ့ အတွေ့အကြုံလေးရော
နည်းနည်းပြောပြပေးပါလား။

ဖြေ။ ။ အကျဉ်းထောင်ကတော့ အကျဉ်းထောင်ဖြစ်နေတဲ့ အတွက်ကြောင့် မို့လို
သူရဲ့ စည်းမျဉ်း စည်းကမ်းတွေ လိုက်နာ

ရမယ့်ဟာတွေ ကျင့်ဝတ်တွေ ဥပဒေတွေ ဒါတွေကတော့ အများကြီးရှိတာပေါ့ဗျာ။
ဒါပေမယ့် ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ

ကျနော်တို့က ကိုယ့်ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကို မြဲမြဲ
ဆုပ်ကိုင်ပြီးတော့ပဲ နေ့စဉ်နေ့တိုင်း ကျော်ဖြတ်ခဲ့ကြတာပါပဲ။

မေး။ ။ ထောင်တွင်းမှာ လူအခွင့်အရေးချိုးဖောက်တာတွေ ဘာတွေရောရှိနေလား။
ကော့သောင်း အကျဉ်းထောင် အခြေ

အနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ ကော့သောင်း အကျဉ်းထောင်မှာ တိုက်တတိုက်နဲ့ သီးသန့် နေရတယ်၊
အဲဒီတိုက်ကိုလည်း ၀င်းတ၀င်းနဲ့ခတ်ထားပြီး

သား ဖြစ်နေတယ်ဗျ။ အဲဒီတော့ တခြားနေရာတွေကို မမြင်ရတဲ့ အတွက်ကြောင့်
ကျနော်ကောင်းသည်ဆိုးသည် မသိပါဘူး။

ကျနော်တို့ လက်ရှိနေနေရတဲ့ ပုံစံအရဆိုရင်တော့ အဓိက လိုအပ်နေတာကတော့
ကျန်းမာရေး စောင့်ရှောက်မှု ပါပဲ။

ဘာဖြစ်လို့လဲ ဆိုတော့ ကိုပြုံးချိုက သွေးတိုးရောဂါရှိပါတယ်။
ရှေ့ရှိခဲ့တဲ့ ဆရာဝန် အဆက်ဆက်တွေကလည်း

သွေးတိုးရောဂါရှိသည် သွေးနေ့စဉ် ပုံမှန်သွေးပေါင် ချိန်ဖို့လိုအပ်ပါသည်
ထူးခြားချက်ရှိလျှင် ချက်ချင်းသတင်းပို့

ရပါမည်ဆိုပြီး မှတ်ချက်ရေးထားပါတယ်။ ဒါပေမယ့် အခု လက်ရှိအခြေအနေမှာတော့
ကျနော်တို့ ကျန်းမာရေး

စောင့်ရှောက်မှုက ၆ လလောက် လွတ်နေတယ်ဗျ။ အဓိက လိုအပ်နေတာကတော့ ကျန်းမာရေး
စောင့်ရှောက်မှုလို့

ထင်ပါတယ်။

မေး။ ။ ကိုဇေယျာသော်အနေနဲ့ နိုင်ငံရေးမှုနဲ့ ထောင်ကျနေတဲ့ ရဲဘော်ရဲဘက်
အနုပညာရှင်တွေ အတွက် ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော့် အရှေ့မှာဆိုရင် ကိုဝင်းမော်ရှိပါတယ်။
ကိုဝင်းမော်ဆိုရင်လည်း ရှေ့မှာ ထောင်ဒဏ် ၇ နှစ် ကျခံပြီးသွားတဲ့

နောက် အခု ဒီတခေါက်ဆိုရင် ထောင်ဒဏ် ၁၄ နှစ် ကျခံနေရတာပါ။ နောက်
အခြားအခြားသော အနုပညာရှင်တွေထဲက

လည်းရှိပါသေးတယ်။ ဥပမာ ပြောရမယ်ဆိုရင် ကိုဇာဂနာကြီးဆိုရင်လည်း
မဖြစ်သင့်တဲ့ ပုဒ်မနဲ့ မပေးသင့်တဲ့ ပြစ်ဒဏ်တွေကို

ကျခံနေရတာပါ။ ဒါမျိုးတွေက ၂၁ ရာစုမှာ မရှိသင့်တော့ပါဘူး။ မိမိနဲ့
နိုင်ငံရေးခံယူချက်ခြင်းမတူတာနဲ့ အကျဉ်းထောင်ထဲမှာ

ပိတ်လှောင်ထားမယ်ဆိုတာက ဒီခေတ်ကြီးထဲမှာ မလုပ်သင့်တော့ပါဘူး။ နိုင်ငံရေး
အမြင်မတူတာတွေက ညှိနှိုင်း ဖြေရှင်းလို့

ရတာကြီးပါပဲ။ ဒါကို ညှိနှိုင်း ဖြေရှင်းခြင်းမလုပ်ဘဲနဲ့ ဒီလိုမျိုးပဲ
ဖမ်းဆီး ဖြေရှင်းနေမယ်ဆိုရင်တော့ ကျနော်တို့

တိုင်းပြည်ရေရှည် လက္ခဏာ မကောင်းပါဘူး။

မေး။ ။ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်ရော
ဘယ်လို ဆောင်ရွက်ချင်လဲ။

သူတို့တွေအတွက် တစုံတရာ ကြိုးပမ်းဆောင်ရွက်ချင်လား။

ဖြေ။ ။ မိမိရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့
အကျဉ်းသား အကျဉ်းသူတွေ မြန်မာ တနိုင်ငံလုံးမှာ

အများကြီးရှိနေပါသေးတယ်။ ဒီလူတွေ ပြန်ပြီး လွတ်လာဖို့အတွက် ကျနော်
ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့

ကြိုးပမ်းလုပ်ဆောင် နေမှာပါ။

မေး။ ။ ကိုဇေယျာသော်အနေနဲ့ Generation Waveကို ထူထောင်တဲ့နေရာမှာလည်း
ပါဝင်ခဲ့တယ်ဆိုတော့ သူတို့လှုပ်ရှားမှု
တွေ အပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျနော်ကတော့ မနေ့ကမှ အထိန်းသိမ်းခံဘ၀ကနေ ပြန်လည်
လွတ်မြောက်လာတဲ့ အတွက်ကြောင့်မို့လို GW

ဘာတွေလုပ်နေတယ်။ ဘယ်လိုတွေ ဆက်လုပ်မယ့် အစီအစဉ်တွေ ရှိနေတယ် ဒါတွေကိုတော့
ကျနော်မသိပါဘူး။ ဒါပေမယ့်

ကိုယ်ကိုယ်တိုင် စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းမို့လို့ ပါဝင်တဲ့
သူတွေကိုလည်း ယုံကြည်ပါတယ်။ သူတို့တွေအားလုံးက

ကျနော်တို့ နိုင်ငံ ကျနော်တို့ ပြည်သူတွေ အကျိုးရှိမယ့်အလုပ်တွေကို
ဆက်ပြီးလုပ်နေကြမယ်လို့ ကျနော်ထင်ပါတယ်။

နောက်ပြီး GW အနေနဲ့ကလည်း အကျဉ်းထောင်ထဲမှာ ကျခံနေရတဲ့
သူတွေအများကြီးကျန်သေးတယ်။ ဒီလူတွေ

အားလုံးကိုလည်း လွတ်မြောက်အောင် ကျနော် တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်သွားမှာပါ။

မေး။ ။ ကိုဇေယျာ်သော်အနေနဲ့ Rap သီချင်းတွေကတဆင့် Hip Hop
သီချင်းတွေကနေတဆင့် အစိုးရကို လှောင်ပြောင်

သရော်တဲ့ သီချင်းမျိုးတွေဆိုခဲ့တာရှိလား။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ သီချင်းသီဆိုခဲ့တာမျိုးကတော့ မရှိပါဘူး။
သီဆိုချင်တဲ့သူကို သီဆိုခွင့်ရအောင် ဖန်တီးပေး

တဲ့ နေရာမှာပဲ ကျနော် လုပ်ခဲ့တာပါ။ နောက်တခုအနေနဲ့ကလည်း အစိုးရကို
လှောင်ပြောင် သရော်တာမျိုးမဟုတ်ပါဘူး။

မှားနေတဲ့ အရာတွေကို ဝေဖန်ထောက်ပြတဲ့အနေနဲ့ သီဆိုကြတာဖြစ်ပါတယ်။

မေး။ ။ အဲဒီလို သီချင်းမျိုးတွေကိုကျတော့ ကိုဇေယျာသော်အနေနဲ့
ဘယ်လိုမြင်လဲ။ အစိုးရကိုဆန့်ကျင်တဲ့သီချင်းအဖြစ်

မြင် လား။ လွတ်လပ်စွာ ဖော်ထုတ်မှု တခုအနေနဲ့ မြင်လား။

ဖြေ။ ။ သီချင်းတင်မဟုတ်ပါဘူး။ လုပ်ရပ်တွေအားလုံးကို
ခြုံပြီးပြောရမယ်ဆိုရင်တော့ ကျနော်တို့ အတွက် အမှန်တကယ်

လိုအပ်နေတဲ့ အချက်တွေ အမှန်တကယ် ပြုပြင်သင့်တဲ့ အချက်တွေ
ပြောင်းလဲသင့်တဲ့အချက်တွေ ဒါတွေကို ဝေဖန်

ထောက်ပြ တယ် လို့ပဲ ကျနော် မြင်ပါတယ်။ ဒါဟာ မိမိရဲ့ ဆန္ဒ သဘောထားကို
လွတ်လပ်စွာ ထုတ်ဖော်တာပါ။

ဝေဖန်ပုတ်ချခြင်း တခု တည်းနဲ့တော့ ကျနော်တို့ အလုပ်ဆက်လုပ်လို့မရပါဘူး။
မှားနေတဲ့ အရာတွေကို ထောက်ပြမယ်။

မှန်နေတဲ့ အရာ ဘာပါဆိုတာကို ကျနော်တို့ အနေနဲ့ ထပ်ပြီး
တင်ပြနိုင်မယ်ဆိုရင်တော့ ပိုပြီးကောင်းလာမယ့်

ပုံစံမျိုးလေးတွေ ဖြစ်လာနိုင်ပါတယ်။

မေး။ ။ ကိုဇေယျာသော်အနေနဲ့ သီချင်းတွေ ပြန်စပ်ပြီးတော့ ပြန်ဆိုဖို့ရှိလား။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ ဂီတဆိုတာ သွေးထဲမှာ စီးဆင်း နေတာပါ။
ပရိသတ်ရှေ့ကို ချပြလို့ရမရ အပေါ်မှာပဲ

မှုတည် ပါတယ်။ မိမိဘက်က မိမိကတော့ ဖန်တီးနေမှာပါပဲ။ ကျနော့်အနေနဲ့
အနုပညာရှင်တယောက်အနေနဲ့ ကျနော်

ပြောချင် တာကတော့ အနုပညာရှင်တယောက်အနေနဲ့ကော မြန်မာပြည်မှာနေထိုင်တဲ့
ပြည်သူပြည်သားထဲက

ပြည်သူတယောက် အနေ နဲ့ရော နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိမယ့်အလုပ်တွေ
ပြည်သူပြည်သားတွေ အမှန်တကယ်

အကျိုးရှိမယ့် အလုပ်တွေ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ကျနော်ကြိုးစား
ဖော်ဆောင်သွားမယ်လို့ ကတိပြုပါတယ်Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */