“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 21, 2011

ဖိနှိပ်အုပ်ချုပ်မှုများ အလုပ်မဖြစ်တော့ကြောင်း အာရပ်တော်လှန်ရေးက ပြသနေ

http://www.maukkha.org/index.php?option=com_content&view=article&id=1626:2011-05-20-01-04-47&catid=120:2010-10-11-07-37-22&Itemid=374 (ပေးပို့ သူ eimmet mahotpar )
အာရပ်ကမ္ဘာတွင် ဖြစ်ပျက်နေသည့် တော်လှန်ပုန်ကန်မှု များမှာ လူထု၏
လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး များကို ရယူလိုစိတ် ရှိနေခြင်းကြောင့်
ဖိနှိပ်အုပ်ချုပ်မှုများ အလုပ်မဖြစ်တော့ကြောင်းကို
ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု သမ္မတဘားရက်အိုဘားမားက ပြောဆိုလိုက်သည်။

အယ်ကိုင်ဒါ၏ အစွန်းရောက်ဝါဒမှာလည်း ဂိတ်ဆုံးရောက်သွားပြီဟူ၍
အာရပ်နိုင်ငံများက သိမြင်ကြကြောင်းကို သူက သတိပေးပြောကြားလိုက်သည်။

“လွန်ခဲ့တဲ့ ၆ လ လောက်က အဖြစ်အပျက်များဟာ ဖိနှိပ်အုပ်ချုပ်မှုများနဲ့
မုန်းတီးခြင်း ဗျူဟာတွေဟာ အလုပ်မဖြစ်တော့ဘူးဆိုတာကို ပြသနေပါတယ်။”
နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ငြင်းဆိုနေသည့် ရက်စက်လှသော အာဏာရှင်
အစိုးရများကို ရှုတ်ချပြောဆိုလိုက်သည်။

ရဲများက သူ၏ ဈေးတွန်းလှည်းကို မတရားသိမ်းပိုက်သည့်အတွက် မိမိကိုယ်ကို
မီးရှို့အသေခံ ဆန္ဒပြခဲ့သည့် ဘွဲ့ရ အလုပ်လက်မဲ့ တူနစ်ရှားလူငယ်လေးမှ
စတင်ခဲ့သည့် လှုပ်ရှားမှုကို “ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ဇာတ်လမ်း” ဟု
သမ္မတက ရည်ညွှန်းလိုက်သည်။

“သာမန် ပြည်သူပြည်သားတွေရဲ့ လုပ်ဆောင်ချက် မီးပွင့်တွေက အပြောင်းအလဲအတွက်
တော်လှန် လှုပ်ရှားမှုကြီးကို ဖြစ်ပေါ်စေတဲ့ ကာလတွေ သမိုင်းကြောင်းထဲမှာ
ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ပေါင်းများစွာ တည်ဆောက်ယူခဲ့ရတဲ့
လွတ်မြောက်လိုတဲ့ ဆန္ဒတွေကို ဖော်ထုတ် လာကြလို့ပါပဲ။” အိုဘားမားက
ပြောခဲ့သည်။

အမေရိကန်သမ္မတက ယခုလစောစောပိုင်းတွင် အယ်ကိုင်ဒါ ခေါင်းဆောင် အိုဆာမာ
ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့ခြင်း အပေါ်တွင်လည်း ဂုဏ်ပြု ပြောဆိုခဲ့သည်။
အကြမ်းဖက် အစွန်းရောက် ၀ါဒကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် တစ်သီးပုဂ္ဂလ
မူလဆင် အခွင့်အရေးများကိုလည်း ငြင်းပယ်ခဲ့ခြင်း၊ တည်ဆောက်ရမည့်အစား
ဖျက်ဆီးနိုင်စွမ်းအပေါ် အာရုံစိုက် လုပ်ဆောင်ခြင်းတို့ကြောင့်
သုတ်သင်ရသည်ဟု သမ္မတက ပြောကြားခဲ့သည်။

“သူ မသေခင် ကတည်းကပါပဲ။ အယ်ကိုင်ဒါဟာ အင်အားလျော့နည်း လာနေတာဖြစ်တယ်။ လူ
အများစုကြီးရဲ့ အမြင်မှာ အပြစ်မဲ့ ပြည်သူတွေကို အစုလိုက်အပြုံလိုက်
သတ်ဖြတ်တာဟာ သူတို့ဘ၀တွေ ပိုကောင်းဖို့ လုပ်တယ်ဆိုတာကို မဟုတ်ဘူးလို့
သိမြင်လာကြတယ်လေ။”

“ဘင်လာဒင်ကို ကျွန်တော်တို့ ရှာဖွေ တွေ့ပြီး ချိန်မှာတော့ အယ်ကိုင်ဒါရဲ့
အာဂျင်ဒါတွေဟာ နိဂုံးချုပ် နေပြီလို့ လူတွေက သိထားကြတာပါ။
အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက တိုင်းပြည်တွေက ပြည်သူလူထုဟာ သူတို့ရဲ့
အနာဂတ်ကို သူတို့လက်ထဲမှာ ရှိတယ်လို့ ခံယူထားကြပါတယ်။”

မောက္ခ နိုင်ငံတကာသတင်းRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */