“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 21, 2011

အစ္စရေး က ပါလက်စတိုင်း ကို မျက်နှာ ချိုသွေး ရန် အိုဘာမား မိန့် ခွန်းတွင် ထည့်သွင်း ပြောကြား

by FNG on May 20, 2011
အမေရိကန် သမ္မတ အိုဘားမား က ဒီနေ့ ဝါရှင်တန် က သမ္မတ အိမ်ဖြူတော် မှာ ပြောကြားတဲ့ မိန့် ခွန်းရှည် ကြီး မှာ အာရပ် နဲ့  အာဖရိက နိုင်ငံ တွေ ရဲ့  ဒီမိုကရေစီ ပြောင်းလဲမှု ကို ထောက်ခံ

ပြီး ဒီနိုင်ငံ တွေ ရဲ့  ဒီမိုကရေစီ ရေး အတွက် အဘက်ဘက် က ကူညီဖို့ ဆုံးဖြတ် ထား တယ် လို့  ပြောကြား ခဲ့ပါတယ်။

သူ့ ရဲ့  မိန့် ခွန်းမှာ နှစ်ပေါင်းများ စွာ လက်နက် ကိုင် ပဋိပက္ခ နဲ့  အငြင်းပွားမှု ပြဿနာ မဆုံးနိုင် သေတဲ့ အစ္စရေး – ပါလက် စတိုင်း ပြဿနာ ကို ထည့်သွင်း ပြောကြား ရာမှာ လည်း အစ္စရေး အ
နေနဲ့  ခြောက်ရက် စစ်ပွဲ မတိုင် ခင် အရှေ့ ဂျေရူဆလင် ၊ အနောက် ဘက်ကမ်းခြေ နဲ့  ဂါဇာ ကမ်း မြှောင် ဒေသ တွေ ကို မသိမ်း ပိုက် ခင် အချိန် ထိ ပြန်ဆုတ် ပေးဖို့ ပြောကြား ခဲ့ပြီး ပါလက်စတိုင်း
ဒေ သ တွေ မှာ လူ့ အခွင့်အရေး မချိုးဖောက် ဖို့  ကို လည်း သတိပေး ပြောကြား ခဲ့ပါတယ်။

လက်ရှိ လူထု အုံကြွမှု တွေ ဖြစ်ပွား နေတဲ့ ဆီးရီးယား၊ ယီမင်နဲ့  လစ်ဗျား နိုင်ငံ တွေ နဲ့ ပတ်သက် ပြီး ပြောကြား ရာမှာ ဆန္ဒပြမှု တွေ အတွင်း လူ ၈၅၀ ကျော် ကို သတ်ပြစ်ခဲ့ တဲ့ ဆီးရီးယား သမ္မတ
အာဆတ် ရဲ့  လုပ်ရပ် တွေ ကို လက်မခံ နိုင် ဘူး လို့  သတိပေး ပြော ကြား ခဲ့ပါတယ်။

အီရန် နဲ့  ယီမင် နိုင်ငံ တွေ ရဲ့  လူထု အုံကြွမှု တွေ မှာ နိုင်ငံ ခေါင်းဆောင် တွေ အနေ နဲ့  ပြည်သူတွေ ရဲ့  ဆန္ဒ ကို လေးစား ဖို့ ဒီမိုကရေစီရေး အတွက် ပြုပြင် ပြောင်း လဲ ဖို့  ပြော ဆို ခဲ့ ပါတယ်။

ယမန် နေ့ က အယ်(လ)ကာယီးဒါ အကြမ်းဖက် အဖွဲ့ အစည်း ရဲ့  သတင်းဌာန ဖြစ်တဲ့ As – Sahab သတင်း ဌာန က နေ ထုတ်လွှင့် ခဲ့တဲ့ အိုစမာ ဘင်လာဒင် မသေ ခင် က အသံသွင်း ထား တဲ့ အခွေ
ထဲ မှာ သေဆုံး သွား ပြီ ဖြစ်တဲ့ အကြမ်းဖက် ခေါင်းဆောင် က သူမသေ ခင်မှာ အာရပ် လူထု အုံ ကြွမှု နဲ့  ဒီမို ကရေစီ ရေးနိုးထ မှု များ ထောက် ခံ ကြောင်း ပြောကြား ခဲ့ပါတယ်။

အမေရိကန် သမ္မတ အိုဘာမား ဟာ အာရပ် ကမ္ဘာ နဲ့  ပတ်သက်ပြီး အမေရိကန် အစိုးရ ရဲ့  မူဝါဒ သစ် ကို ယနေ့ မိတ် ဆက် လိုက် တာ လို့  လဲ အာရပ် ကမ္ဘာ က မှတ်ချက် ပေးကြပါတယ်။

Obama Speech on ArabRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */