“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 14, 2011

မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2011-05-12 RFA(ပေးပို့ သူ-ဗမာ့သွေး)
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ တရပ် ပေါ်ပေါက်ခဲ့ပေမယ့် အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
အခု အပတ်အတွင်း ဂျာမနီ ရုပ်သံသတင်းဌာန DW-TV နဲ့ တယ်လီဖုန်း ဆက်သွယ် မေးမြန်းခန်းမှာ မိမိအနေနဲ့ အခုအချိန် အထိ မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ ဘာတခုမှ မတွေ့ရသေးကြောင်း၊ ရွေးကောက်ပွဲ တရပ်ရှိခဲ့ပြီး ဒီရွေးကောက်ပွဲ အပြီး အစိုးရသစ် ဟာလည်း ရွေးကောက်ပွဲ မတိုင်ခင် အစိုးရ လက်ထက်က လူတွေပဲ ဖြစ်ကြောင်း၊ တကယ်စင်စစ် ပြောင်းလဲလာမလား ဆိုတာတော့ စောင့်ကြည့်နေရဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ် မပေးမချင်း၊ မိမိတို့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မပေးမချင်း၊ မြန်မာနိုင်ငံမှာ အမှန် တကယ် ပြောင်းလဲတယ်ဆိုတာ မိမိ မယူဆဘူးလို့လည်း ဂျာမန် ရုပ်သံဌာနနဲ့ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

မြန်မာနိုင်ငံက အာစီယံနိုင်ငံတွေကို အဆိုပြုထားတဲ့ ၂၀၁၄ အာစီယံ ဥက္ကဌ နေရာကို အာစီယံက ပေးအပ်တာဟာ မြန်မာ့ ဒီမိုကရေစီရေး အတွက် ဘယ်နည်းနဲ့မှ အထောက်ကူ မရနိုင်ကြောင်း၊ ဒါပေမယ့် အာစီယံ ဥက္ကဌ နေရာ အတွက် အခြေအနေ သတ်မှတ်ချက်တွေ ပါရှိမယ် ဆိုရင် အထောက်အကူ ပြုနိုင်ကြောင်း၊ ဥပမာ ဥက္ကဌ နေရာ မရယူခင် အပြောင်းအလဲ တချို့ လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုတဲ့ အချက်မျိုး ပါဝင်တယ် ဆိုရင် မြန်မာ့ ဒီမိုကရေစီရေး အတွက် အထောက်အကူ ဖြစ်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */