“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 24, 2011

ကျောင်းအပ်ရပုံ အဆင့်ဆင့်က ဟောာာာာာာာာာာာဒီလိုပါ

http://www.mizzimaburmese.com/edop/letters-to-editor/7596-2011-05-23-07-34-59.html(ပေးပို့ သူ eimmet mahotpar )
အယ်ဒီတာခင်ဗျား ...
ကျနော်က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ နေပါတယ်။ ကျနော့်ရဲ့
ကလေးကို ရန်ကင်းမြို့နယ် ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း
ဝင်ခွင့်ရဖို့ ဧပြီလ ၂၆ ရက်နေ့ မနက် ၄ နာရီကတည်းက
ကျောင်းမှာ သွားတန်းစီခဲ့ပါတယ်။

ကျောင်းက စလစ်ကလေးတွေ ထုတ်ပေးပြီး နာမည်အလိုက်မဟုတ်ဘဲ အမှတ်စဉ်နဲ့ပါ။
ကျနော့်နံပါတ်က ၆ဝ ပါ။ စလစ်ထုတ်ပေးတဲ့သူ ကို ---- က နံပါတ်စဉ်အလိုက်
လုပ်ပေးထားပေမယ့် စလစ်နံပါတ်တခုကို ကျပ် ၅ဝဝဝ နဲ့ ရောင်းစားပြီး
စီနီယာကျော်သွင်းပါတယ်။ ဒါကြောင့် ကျနော့်နံပါတ်က ၈ဝ လောက်
ဖြစ်သွားပါတယ်။ ငွေ ၅ဝဝဝ နဲ့ ဝယ်ယူသူတွေကတော့ နေ့လယ် နေမြင့်မှ
လာရောက်သူတွေပါ။ ကျနော်တော့ နေ့လယ် ၁ နာရီကျော်မှပဲ
ကျောင်းဝင်ခွင့် လျှောက်လွှာ ရခဲ့ပါတယ်။ ဝင်ခွင့်တင်ဖို့အတွက် မေလ ၃
ရက်နေ့မှာ ပြန်ချိန်းခဲ့ပါတယ်။

ဝင်ခွင့်ဦးစားပေးအနေနဲ့ အဲဒီ့ကျောင်းမှာ ညီအကို မောင်နှမ အရင်းရှိသူတွေ၊
ရန်ကင်းမြို့နယ်မှာ နေထိုင်တဲ့ သူတွေနဲ့ VIP ထောက်ခံစာနဲ့
လာတဲ့သူတွေကိုပဲ ဦးစားပေးလက်ခံပါတယ်။ ကျနော်တို့လို
ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ တခြားမြို့နယ်က ကျောင်းလာအပ်သူတွေကတော့
ဝင်ခွင့်ရဖို့အတွက် ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းစောင့်တွေနဲ့
ကျောင်းဖယ်ရီမောင်းတဲ့ သူတွေကတဆင့် ကျောင်းအုပ်ကြီးဆီကို လိုင်းဝင်ရပါတယ်။

ကျနော်က ကျောင်းအုပ်ကြီးဆီကို တိုက်ရိုက်ဝင်သွားမိလို့ ကျနော်ပေးတဲ့
ငွေတသိန်းကို ကျောင်းအုပ်ကြီးက လက်မခံပါဘူး။ ကျောင်းအုပ်ဆရာကြီးက
သူငယ်တန်းအတွက် ဇွန်လမှာ အသက် ၅ နှစ်ပြည့်ပြီး ၅၊ ၆ လ ကျော်သူတွေကို
ဦးစားပေးပါမယ်လို့ ပြန်ပြောလိုက်ပါတယ်။ ကျနော့်ကလေးက ပြီးခဲ့တဲ့နှစ်
နိုဝင်ဘာကတည်းက ၅ နှစ် ပြည့်ခဲ့တာကြောင့် လိုင်းထပ်မဝင်တော့ဘဲ
ပြန်လာခဲ့ပါတယ်။

မေလ ၁၆ ရက်နေ့မှာ ဝင်ခွင့်စာရင်းထွက်တဲ့အခါ ကျနော့်သားလေးနာမည်
ပါမလာပါဘူး။ ကျနော့်လိုပဲ စာရင်းမပါတဲ့ သူတွေကတော့ ငွေတသိန်း၊
မုန့်တပုံးနဲ့အတူ ကျောင်းအုပ်ကြီးဆီ လမ်းကြောင်း ထပ်ဝင်ကြပါတယ်။
ကျနော်နဲ့အတူ
ကျောင်းလာအပ်တဲ့ ကလေးမိဘတဦးက မနှစ်က မလိုက်နိုင်လို့ ကျောင်းအပ်ခွင့်
မရဘူး၊ ဒီနှစ်ကျမှ ငွေတသိန်းနဲ့
ကျောင်းအုပ်ကြီးက လက်ခံလိုက်တယ်လို့ ပြောပြပါတယ်။

အခု လက်ရှိကျောင်းအုပ်ကြီး မတိုင်ခင် ကျောင်းအုပ်ဆရာကြီးတယောက်
လက်ထက်ကဆိုရင် ဗြောင်ဖွင့်တောင်းပြီး ၅ သိန်းအထက် ပေးသူတွေကို
လက်ခံခဲ့တာပါ။

ရန်ကင်းပညာရေးကောလိပ် ကျောင်းအုပ်ကြီးရဲ့ လက်မှတ်နဲ့ လာတဲ့သူတွေကတော့
အကုန်လုံး ဝင်ခွင့်ရခဲ့ပါတယ်။ အခုပေးရတဲ့ တသိန်းကလည်း ကျောင်းဝင်ခွင့်
သက်သက်ပါပဲ။ ကျောင်းအပ်စရိတ် တခုမှ မပါပါဘူး။

ဒီလိုနဲ့ ကျနော့်ကလေးကို တောင်ဥက္ကလာပ ငွေကြာရံနားက အ.လ.က ကျောင်းမှာပဲ
အသိတယောက် အကူအညီနဲ့ ကျောင်းအပ်ခဲ့ရကြောင်းပါ။

ကျောင်းသားမိဘတဦး
မြောက်ဒဂုံမြို့နယ်Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */