“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 04, 2011

ကချင်ပြည်နယ်မှ ပေးစာ

.by Yangon PressInternational on Thursday, April 28, 2011 at 11:13am.
ဆိုင်းဆွတ်ရေးသားသည်။(ပေးပို့ သူ eimmet mahotpar)
ဝိုင်းမော်၊ ဧပြီ ၂၈၊ ၂၀၁၁ (YPI) - တစ်နေ့တော့ ကျွန်မ ၀ိုင်းမော်ဘက်ကို ဆိုင်ကယ်နဲ့သွားဖြစ်ခဲ့ပါတယ်။ ၀ိုင်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့ရဲ့ ဟိုမှာဘက်ကမ်းမှာရှိတဲ့ မြို့တစ်မြို့ပါ။ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကြားမှာတော့ ဧရာဝတီမြစ်ကြီးက တသွင်သွင်စီး ဆင်းလို့နေပါတယ်။

ဝိုင်းမော်မြို့ပေါ်မှာ ဆိုင်ကယ်ပတ်စီးရင်း ပတ်ဝန်းကျင်ကို ကျွန်မလေ့လာနေချိန်မှာ ကျွန်မ တိထားလိုက်မိတာက ယောက်ျားလေး
တော်တော်များများရဲ့ မျက်လုံးတွေဟာ ရီဝေေ၀ဖြစ်နေကြတာကို ကျွန်မ သတိထားလိုက်မိပါတယ်။ တကယ်တော့ ဒီဒေသဟာ မူးယစ်ဆေးဝါး အလွန်ပေါများတဲ့နေရာပါ။

ဒီလိုနဲ့ ကျွန်မ လမ်းပေါ်မှာ ဆိုင်ကယ်နဲ့ အနည်းငယ်ကြာ ဦးတည်ရာမဲ့ မောင်နှင်းနေလိုက်ပါတယ်။ ရုတ်တရက် ကျွန်မ ရှေ့မှာ ယောက်ျားလေးတစ်ယောက် ဘွားခနဲပေါ်လာတယ်။ သူ့မျက်လုံးတွေကလည်း ရီဝေလို့။
သူ ကချင်အမျိုးသားတစ်ယောက်ဖြစ်လိမ့်မယ်လို့ ကျွန်မ သိလိုက်တယ်။ ပုံစံက အရပ်ပုပု၊ ကြက်ပေါင်ဖိနပ်အပြာနဲ့ ဘောင်းဘီက စစ်ဘောင်းဘီနဲ့။ ကြည့်လိုက်ရုံနဲ့ မူယစ်ဆေးဝါး သုံးစွဲသူမှန်း သိသာတယ်။

ကျွန်မ သူ့ကိုမေးလိုက်တယ်။ ဒီမှာ ဘိန်းစားတွေ တော်တော်များများ စုဝေးတဲ့နေရာ ဘယ်နေရာလဲလို့ ကျွန်မ မေးလိုက်မိပါတယ်။ သူကတော့ ကြောက်သွားပုံပ။ဲ “ဘာလုပ်မလို့လဲ ကျွန်တော်မသိဘူးဗျာ” ဆိုပြီး ပြန်ပြောတယ်။ ကျွန်မမေးခွန်း
ဲ့တိုးကြီးဖြစ်သွားတယ်ဆိုတာ သိတယ်။ ကျွန်မက ကချင်စကားနဲ့ပြန်ပြောလိုက်တယ်။ “ဘာမှမဟုတ်ပါဘူး။ ကျွန်မ က
စာရေးမလို့ပါ။ သူတို့ရဲ့ ခံစားချက်လေးတွေကို ရေးမလို့ပါ” ဆိုပြီး ကျွန်မက စကားကို ညင်သာစွာ ပြန်ပြောလိုက်ပါတယ်။

ကချင်လူမျိုးတွေဟာ အချင်းချင်းဆို ကူညီတတ်တဲ့ စိတ်ကလေး အပြည့်ရှိတယ်ဆိုတာ ကျွန်မသိတယ် ။ သူ့ကို
ချင်စကားနဲ့ပြန်ပြောလိုက်တာ ကျွန်မအတွက် အခြေအနေ အများကြီးပြောင်းလဲသွားစေတယ်။ သူကပြန်မေးပါတယ်။ “ရဲတွေနဲ့ အဆက်အသွယ်တော့ မရှိပါဘူးနော်” တဲ့။
ပြီးတော့ “ကျွန်တော်လဲ အဲဒီကိုသွားမလို့။ လိုက်ချင်ရင်လိုက်ခဲ့”ပါ ဆိုပြီးခေါ်သွားတယ်။

ကျွန်မရဲ့ ဆိုင်ကယ် အနောက်မှာ သူ့ကိုထိုင်ခိုင်းတယ်။ ကျွန်မတို့နှစ်ယောက် ဆယ်မိနစ်ခန့် သွားမိတဲ့အခါ
သူတို့စားကျက်လို့ ထင်ရတဲ့ နေရာကို ရောက်လာတယ်။ သွပ်မိုးထရံကာ အဆောက်အအုံတစ်ခုပါ။ ကျွန်မရောက်သွားတဲ့အချိန်က
မနက် ၁၀ နာရီခွဲလောက်။ အဲဒီမှာ အမျိုးသား လေးယောက် လဲလျောင်းနေတာကို ကျွန်မမြင်လိုက်ရပါတယ်။
ကျွန်မ သိလိုက်တယ်…သူတို့ ဘိန်းမှိန်းမှိန်းနေတယ်ဆိုတာကို။

ဒီနေ့လူသိပ်မရှိဘူး။ ဆေးမရလို့ထင်တယ်” လို့ ကျွန်မကိုခေါ်လာတဲ့လူက ပြောတယ်။ ပြီးတော့ “ဒီမှာ အခုတွေ့နေရတဲ့ သူတွေက ထိုးပြီးလို့ မှိန်းနေကြတဲ့သူတွေပါ” လို့ ပြောပြတယ်။

ဆေးထိုးတာတော့ ဘယ်နေရာမှာ ထိုးကြလဲလို့ ကျွန်မ ပြန်မေးလိုက်တယ်။ “ထိုးတဲ့နေရာတော့ အတည်တကျကို မရှိပါဘူး။ ရဲတွေသိသွားရင် တစ်နေရာပြောင်းလိုက်။ အဲဒီနေရာကို သိသွားရင် နောက်တစ်နေရာကို ပြောင်းလိုက်ပေါ့” တဲ့။

ကျွန်မရောက်သွားတဲ့ သွပ်မိုးထရံကာ အဆောက်အအုံထဲမှာ ငါးမိနစ်လောက်အတွင်းမှာပဲ မူးယစ်ဆေးဝါးသုံးစွဲသူတွေ တစ်စ၊ တစ်စ
များများလာနေတယ်။ ဒီနေရာမှာ တချို့က မနက်စာ ဆေးထိုးပြီး လာမှိန်းနေကြတယ်။ တစ်ချို့ကဆေးပြေသွားလို့
နလည်စာ ဆေးထိုးဖို့အတွက် ဘယ်ကနေ၊ ဘယ်လိုယူရပါ့မလဲ ပူပန်နေကြတယ်။

ယ်သူငယ်ချင်းကများ သူတို့ကို ဆေးလာပေးမလဲ၊ ဘယ်သူငယ်ချင်းက ဆေးသွားဝယ်ခိုင်းမလဲ၊ ဆေးရအောင်ဘယ်လို လုပ်ကြမလဲဆိုပြီး စိုးရိမ်စိတ်တွေနဲ့။

သူတို့ဘ၀က တကယ်ကို သနားစရာကောင်းပါလားလို့ ကျွန်မ ခံစားလိုက်မိတယ်။ အိမ်ထောင်တစ်ခုမှာ မနက်စာ၊
နေ့လည်စာ၊ ညနေစာရှာကြရတဲ့ သူတွေထက်တောင် သူတို့တတွေက အပန်းကြီးနေကြသလိုမျိုး။



သူတို့ကို ကြည့်ရတာ ကျွန်မစိတ်မချမ်းသာဘူး။ မနက်စာ ဆေးသုံးပြီးရင် နေ့လည်စာအတွက် ဘယ်ကရမလဲ၊ ညနေအတွက် ဘယ်လိုရှာရမလဲ…စတဲ့ စိုးရိမ်ပူပန်စိတ်တွေက ဒီဆေးကို သူတို့ သုံးစွဲနေသ၍ ပူပန်သွားကြရဦးမှာပေါ့။



မူယစ်ဆေးဝါး အကြောထဲ ထိုးသွင်းတာဟာ အန္တရာယ်သိပ်များလို့ အစာထိုးကုသတဲ့ဆေး
မတ်သတုန်းကို မြစ်ကြီးနားမှာ ရနိုင်ပါတယ်။ မတ်သတုန်းဆိုတာဟာ ဘိန်းဖြူလို
အရှိန်ပြင်းပြင်းခံစားရတာမဟုတ်ဘဲ မတ်သတုန်း မနက်သောက်ထားရင် တစ်နေကုန်
တဖြည်းဖြည်းချင်း အရှိန်တက်ပြီး တစ်နေကုန် မှိန်းနေလို့ရပါတယ်။



ဒါပေမယ့် အဲဒီဆေးသောက်ဖို့ ငွေ ခြောက်သောင်းထည့်သွင်းပြီးမှ သောက်ရပါတယ်။
ငွေးကြေးအခက်အခဲရှိတဲ့ သူတွေမှာ ခြောက်သောင်းဆိုတာကို တစ်ပြိုင်နက်
မပေးနိင်တာကြောင့် ဆေးထိုးတာ ဖြတ်ချင်ပေမယ့်
မဖြတ်နိုင်ကြဘူးဖြစ်နေတယ်လို့ မူယစ်ဆေးဝါသုံးစွဲသူတစ်ဦးက ပြောပါတယ်။



ကျွန်မသူတို့ကိုကြည့်ပြီး သနားလာပါတယ်။ ပတ်ဝန်းကျင်မှာ သူတို့ကို
ရှောင်ဖယ်၊ ကြိမ်းမောင်း၊ ချိုးနှိမ်ဆက်ဆံမှုတွေကလည်း
ဒုနဲ့ဒေးရှိလို့နေပါတယ်။



ဒါကြောင့်လည်း ဆေးစွဲသူတွေဟာ မကောင်းမှန်းသိလျက်နဲ့ ဒီဆေးကို
မစွန့်နိုင်ကြတော့ဘဲ ဒီစက်ကွင်းထဲမှာပဲ မထူးဇာတ်ခင်းကြရင်းနဲ့
နစ်ပြီးရင်းနစ်နေကြတော့တာပဲဖြစ်ပါတယ်။



ဒီလိုနဲ့ သူတို့နဲ့ ကျွန်မရင်နီးမှုတွေ ယူလိုက်ပါတယ်။ အားလုံးနီးပါး
ကချင်လူမျိုးတွေဆိုတော့ အမျိုးတွေမိတ်ဆက်ကြတဲ့အခါ မောင်နှမတွေတော်လိုက်၊
ဦးလေးတွေ တော်လိုက်နဲ့ ရင်းနှီးသွားကြတယ်။



ကျွန်မက မူယစ်ဆေးဝါး အကြောထဲထိုးသွင်းတာကို မမြင်ဖူးဘူး၊ ကျွန်မ
တွေ့ဖူးချင်တယ်လို့ သူတို့ကိုပြောလိုက်တော့ သူတို့က ဒီနေရာမှာ
ဆေးမထိုးဘူး။ဝိုင်းမော်မြို့ရဲ့ လယ်ကွင်းပြင်တစ်ခုမှာ တည်ရှိတဲ့
သုဿန်မှာသွားထိုးကြတယ်တဲ့။ အရင်ကဆို မြို့လယ်က ဘုရား နောက်မှာ
ဆေးထိုးကြတယ်။ အခုအဲဒီနေရာက ရဲတွေသိသွားလို့ဆိုပြီးအခု
သုဿန်ကိုပြောင်းသွားကြတယ်လို့ လဲလျောင်းနေတဲ့ လူတစ်ဦးက
လှမ်းအော်ပြောတယ်။



ကျွန်မ အဲဒီနေရာကို ဆက်သွားဖြစ်ခဲ့ပါတယ်။ သုဿန်သွားလမ်းမှာ လူငယ် အသက် ၂၀
အရွယ်တစ်ဦးက အသက် ၄၀ ကျော် ဦးလေး တစ်ယောက်ဆီက ဆေးဝယ်နေတာကို ကျွန်မ
လှမ်းမြင်လိုက်ရတယ်။ ကျွန်မကို သူတို့ ဂ၇ုမစိုက်အားကြဘူး။ သူတို့က
ယင်းထနေကြတဲ့ပုံစံ၊ ဆေးကို သဲကြီးမဲကြီး ရောင်းဝယ်နေကြတယ်။ အသက်၄၀ ကျော်
ဦးလေး ကြီးကတော့ ဟောင်းနွမ်းနေတဲ့ လွယ်အိတ်တစ်လုံးကို လွယ်ထားပြီး
တိုက်ငါးလုံးဆေးဗူး ၅ဗူးလောက်လက်မှာ ကိုင်ထားတယ်။ (တိုက်ငါးလုံးဗူးဆိုတာ
တရုတ်ပြည်က လာတဲ့ ဗူးပေါ်မှာ တိုက်ငါးလုံးပုံပါတဲ့
လက်နှစ်ဆစ်လောက်ပဲရှိတဲ့ ငှက်ဖျားဆေးဗူးပါ။ ဗူးအခွံပေါ်က
တိုက်ငါးလုံးပုံကို ကြည့်ပြီး တိုက်ငါးလုံးဗူးလို့ ခေါ်ကြတာပါ။
အဲဒီငှက်ဖျားဆေးဗူးအခွံကို ဆေးမှုန့်ထည့်ပြီး ချိန်တွယ်တဲ့အခါမှာ
သုံးကြတယ်။ လက်နှစ်ဆစ်လောက်ပဲရှိတဲ့ အဲဒီဗူးနဲ့ ဆေးအပြည့်ဆိုရင်
ငွေတစ်သောင်းလောက် ဈေးပေါက်ပါတယ်။)



လူငယ်က တစ်ထောင်ဖိုးလောက် ပေးပါဆိုတော့ ဦးလေးကြီးက သူလက်ထဲက
တိုက်ငါးလုံး ဗူးထဲက ပါရာစီတမော့ တစ်ခြမ်းကြိတ်စာလောက်ပဲရှိတဲ့
ဆေးမှုန့်ကို ပေးလိုက်တယ်။ လူငယ်ကလည်း ထပ်ထည့်ပါဦးဆိုတော့ ဦးလေးကြီးက
တော်ပြီလေ၊ အခုဆေးမရဘူး၊ ရှားတယ် ဆိုပြီး ပြန်ပြောတယ်။ ဒီလိုနဲ့
လမ်းဘေးမှာ သူတို့နှစ်ယောက် ငြင်းခုန်နေကြတယ်။ ကျွန်မက သူတို့
ဘေးမှာသွားရပ်ပြီး မသိသလိုနဲ့ ကျွန်မ သွားမေးလိုက်တယ်။
ဦးလေးတို့ဘာလုပ်နေကြတာလဲ၊ ဒါကဘာလဲလို့ သူကိုင်ထားတဲ့ ဘိန်းဖြူဗူးကို
ကျွန်မ လက်ညှိးထိုးပြီး မေးလိုက်တယ်။



သူက ကျွန်မကိုကြည့်ပြီးဝယ်မလို့လားလို့ မေးတယ်။ ကျွန်မ က မ၀ယ်ပါဘူး။
မမြင်ဖူးလို့ ကြည့်နေတာပါဆိုပြီး ကျွန်မ အရမ်းအံသြတဲ့ပုံစံနဲ့
သူတို့ကိုရပ်ကြည့်နေလိုက်တယ်။



သူက ကျွန်မ ကို ကြောက်စရာ မဟုတ်တဲ့ကလေးလေး တစ်ယောက်လို ထင်သလားမသိ။



ဦးလေး ဆေးသွားထိုးမလို့လားလို့ ကျွန်မက ကချင်စကားနဲ့ လှမ်းမေးလိုက်တယ်။
သူက ဟုတ်တယ်လေတဲ့။



ကျွန်မက လိုက်လို့ ရမလားလို့မေးလိုက်တော့၊ သူက အော်ထိုးတာ မတွေဖူးဘူးလား
ဆိုပြီး သူအံသြစွာနဲ့ ပြန်မေးလိုက်တယ်။ ဒါဆိုလိုက်ခဲ့လေဆိုပြီး ကျွန်မ
ဆိုင်ကယ်နောက်ကို တက်ထိုင်လိုက်တယ်။



ကျွန်မ ချက်ခြင်းပဲ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ ၀င်လာမိတယ်။ ကျွန်မ
ဆိုင်ကယ်နောက်မှာ မူးယစ်ဆေးနဲ့တကွ လူတစ်ယောက်ကို
သယ်ဆောင်လာမိသလိုဖြစ်နေတယ်။



ဘိန်းဖြူဗူးတွေ အများကြီးပါလာတဲ့ လူက ကျွန်မ ဆိုင်ကယ်ပေါ် ရောက်နေတယ်။
ကျွန်မ တို့ကို ရဲတွေတွေ့သွားရင်ဆိုတဲ့ စိတ်ကကျွန်မ စိတ်ကို
တုန်လှုပ်သွားစေတယ်။



သိပ်တော့မဝေးပါဘူး။ ခြုံတောတွေဖြတ်ပြီး လယ်ကွင်းတစ်ခုကို ရောက်သွားတယ်။
ဖြူဖွေးပြီးငြိမ်သက်နေတဲ့ သုဿန်က အနံ့အသက်ပေါင်းစုံ ကျွန်မနှာခေါင်းထဲ
ပြေးဝင်လာတယ်။ သုဿန် ရောက်ပြီးတဲ့နောက် ကျွန်မ
တစ်ကိုယ်လုံးတုန်လူပ်နေတာကို သတိထားမိလိုက်တယ်။



ကျွန်မ ဆိုင်ကယ်နောက်က အသံတစ်သံထွက်လာတယ်။ ရောက်ပြီ ဒီနေရာပဲ ဆိုပြီး
ကျွန်မ ကို လက်ညှိထိုးပြလိုက်တဲ့ နေရာက အလောင်းတွေကို ခဏ ထားတဲ့
ဇရပ်တစ်ခုဖြစ်နေတယ်။ ဒီဇရပ် အနောက်ဘက်မှာ ဂူတွေရှိတယ်။ အဲဒီဂူတွေကြားထဲ
ကျွန်မတို့ ၀င်သွားတယ်။ ကျွန်မလည်း မူယစ်ဆေး အကြောထဲထိုးသွင်းတာကို
မြင်ချင်ဇောနဲ့ လိုက်ဝင်သွားတယ်။



ကျွန်မ အခုပြန်တွေးလိုက်ရင် ခြောက်ခြားစရာကြီးပဲ။ သူဝင်သွားတဲ့နေရာက
ဆေးထိုးအပ်တွေ လမ်းခင်းထားတဲ့နေရာပါ။ တချို့ဆေးထိုးအပ်တွေဆို သွေးစတောင်
မခြောက်သေးပါဘူး။ မတွေးရဲစရာပါ ။ ကျွန်မ ဒီအပ်တွေနဲ့ ထိမိမယ်ဆိုရင်….။



ဦးလေးဟာ ဂူဖြူဘေးနားမှာ ထိုင်လိုက်ပြီး သူလက်ထဲက သွေးကြောကို ရှာနေတယ်။
သူလက်ကသွေးကြောတွေကို မတွေ့တာနဲ့ ပေါင်နဲ့ ဂခေါက်ကွေးကြားကို သူလက်ကို
ညှပ်လိုက်တယ်။ ဒီတော့မှ သူအကြောကို ရှာတွေ့ပြီး အပ်ကို တဖြည်းဖြည်းချင်း
ထိုးသွင်းတယ်။ ဆေးထိုးအပ်ထဲက ဘိန်းဖြုကို ချက်ချင်း မထိုးသွင်းသေးဘဲ
ကိုယ်ခန္စာထဲက သွေးတွေကို စုတ်ယူတယ်။ ဒီသွေးတွေနဲ့ အတူ ဘိန်းကို
တစ်ဖြည်းဖြည်းချင်း ထိုးသွင်းတယ်။



သူဆေးသာထိုးနေတယ်။ ကျွန်မ မေးတဲ့မေးခွန်းတွေကို တစ်လုံးချင်းစိတ်ရှည်စွာ
ဖြေနေပါတယ်။ သူဆေးထိုးပြီးသွားပြီ။ ဒါပေမဲ့ သူလက်က ဆေးထိုးအပ်ကို
မဖြုတ်သေးဘဲ အပ်ကို တန်းလန်းစိုက်ထားသေးတယ်။ ကျန်မက စိုးရိမ်စိတ်နဲ့
ဦးလေး ဒီအပ်ကို ဖြုတ်လိုက်ပါလားလို့ ပြောလိုက်မိတယ်။ ဒီလိုနဲ့
သူအကြောထဲက သွေးစတွေ ပြည့်နှက်နေတဲ့ ဆေးထိုးအပ်ကို ဆွဲနုတ်လိုက်တယ်။
ပြီးတော့ သူခြေထောက်အောက်မှာပဲ ပစ်ချလိုက်တယ်။



အဲဒီဦးလေးက ကျွန်မကို ပြန်ရအောင်လေဆိုပြီး လှမ်းပြောလိုက်တော့ ကျွန်မ
ချက်ချင်း စဉ်စားမိလိုက်တာက သူက ဆေးထိုးပြီး မျက်လုံးတွေက
သာမန်မဟုတ်တော့ဘူး။ ငိုက်လည်း ငိုက်နေတယ်။ ကျွန်မ ဆိုင်ကယ်နောက်မှာ
ထိုင်လိုက်လို့် သူ့အတွက် အန္တရာယ်များနိင်တယ်။ ကျွန်မ အတွက်လည်း
အန္တရာယ်များတယ်ဆိုပြိး ကျွန်မစဉ်စားလိုက်ပြီး ဥင်္ီးလေးပြန်နှင့်ပါ။
ကျွန်မကြည့်စရာတွေရှိလို့ပါပြောပြီးသူကို ပြန်ခိုင်းလိုက်ပါတယ်။



ကျွန်မ ဆေးထိုးအပ်တွေကို မြင်လိုက်ရတာ တကယ်ပဲ ၀မ်းနည်းကျေကွဲရပါတယ်။
မူးယစ်ဆေးဝါးကြောင့် တစ်နေ့ ကချင်လူမျိုးတွေ ပျက်သုဉ်းသွားတော့မလားလို့
စဉ်စားမိလိုက်တဲ့အခါ ကျွန်မ တော်တော် ခံစားလိုက်ရပါတယ်။



[ends]

ဖေ့စ်ဘွတ်မှာတက်ကြည့်ချင်ရင်တော့ ဟောဒီမှာပါ...။

https://www.facebook.com/notes/yangon-pressinternational/%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%94%E1%80%9A%E1%80%B9%E1%80%99%E1%80%BD-%E1%80%B1%E1%80%95%E1%80%B8%E1%80%85%E1%80%AC/127109910697932Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */