“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 04, 2011

ကားလမ်းဖေါက်လုပ်ရာတွင် လယ်မြေများ ဆုံးရှုံး

5/2/2011 ထွန်းထွန်း ။ နိရဉ္စရာ သတင်း(ပေးပို့ သူ-ဗမာသွေး)
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် ကားလမ်းဖေါက်လုပ်နေရာ ဒေသခံ လယ်သမားများ အနေဖြင့် လယ်မြေများ ဆုံးရှုံးနေကြရကြောင်း သတင်း ရရှိသည်။

ယခု ဖေါက်လုပ်နေသော ကားလမ်းမှာ မောင်တောမြို့မြောက်ပိုင်းတွင်ဖြစ်ပြီး နယ်စပ် တလျှောက်ကို ကာရံထားသေား ခြံစည်းရိုး အကြား ဆက်သွယ်ရန် ဖေါက်လုပ်နေသော ကားလမ်းဖြစ်ကြောင်း ငခူရကျေးရွာသား တစ်ဦးက ပြောသည်။

“ ဒီလမ်းက ခြံစည်းရိုး တလျှောက် ဖေါက်လုပ်နေတဲ့ လမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က စပြီး ဖေါက်လုပ်နေတာ ဖြစ်ပါတယ်။ ကားလမ်းတလျှောက်မှာ ရှိတဲ့ လယ်မြေတွေ ပုစွန်တာတွေနဲ့ ဆိုရင် ဧက ၂၀၀ ကျော်လောက် နစ်နာဆုံးရှုံးခဲ့ရပါတယ်။ အစိုးရက ရေနဲ့ မြေကို ပိုင်တယ်ဆိုပြီး ကားလမ်းကြောင်း ကျတဲ့နေရာတွေကို အကုန်လုံး သိမ်းယူပြီး ဖေါက်လုပ်နေတာ ဖြစ်ပါတယ်။”

ဆုံးရှုံးနစ်နာခဲ့ရသည့် ကျေးရွာများမှာ (၁) ပြုံးမရွာမှ စောထွန်း (ဖ) ခိုင်မောင်တွင် ပုစွန်တာနှင့် လယ်မြေ ၁၈ ဧက၊ (၂) ခြံပြင်ကျေးရွာမှ သန်းထွန်းချေ (ဖ) ဖြူထွန်းတွင် စပါးစိုက်ပျိုးမြေ ၁၂ ဧက၊ (၃) စံပယ်ပင် ရွာမှ ကျော်မောင် စိန် (ဖ) ခိုင်ထွန်းဦးတွင် ပုစွန်တာနှင့် မြေဧက ၃၆၊ (၅) ငခူရရွာမှ စောတင်မောင်တွင် စပါးစိုက်ပျိုးမြေ ဧက ၄၀ နှင့် တခြား ကျေးရွာသားများမှ စုစုပေါင်း ဧက ၂၀၀ နီးပါး ဆုံးရှုံးနစ်နာခဲ့ရသည်ဟု သိရသည်။

အဆိုပါ ဒေသရှိ ပြည်သူများမှာ လယ်ယာမြေနှင့် ပုဇွန်မွေးမြူရေး လုပ်ငန်း ဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေသူများ ဖြစ်သဖြင့် ယခုကဲ့သို့ လယ်မြေများ အသိမ်းခံနေရသဖြင့် အထူး ဒုက္ခ ကြုံတွေ့နေရသည်ဟု သိရသည်။

ကျေးရွာသားများက ခယက နှင့် မယကထံသို့ လယ်မြေသိမ်းခံရသည့် ကိစ္စ စုပေါင်း တိုင်ကြားသော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာမှ တစုံတရာ ဖြေရှင်း ပေးခြင်း မရှိကြောင်း သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */