“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 17, 2011

ထမိန် ၀တ်ပြသည့် အစိုးရအား ယုံကြည်မှုရှိလျင် ခံပေတော့

ဂန္ဓာဝင်မြောက်သည့် အမိန့်ကြေငြာချက် by Burma Thwe on Monday, May 16, 2011 at 11:24pm

မြန်မာနိုင်ငံ သမိုင်း တွင် စစ်ယူနီဖောင်း ချွတ်ချကာ ချိတ်ထမီကို ပထမဆုံး ၀တ်ဆင်ပြခဲ့သည့် နိုင်ငံတော်သမ္မတကြီးသည် မြန်မာနိုင်ငံတွင် ခေါင်းဆောင် လုပ်ရသည်ကို အားမရ၍ အာဆီယံတွင် ဥက္ကဌ နေရာကို လိုချင်သောကြောင့် ပြည်သူသဘောထားကို ဆန့်ကျင်ပြကာ လုပ်ချင်တာ မှန်သမျှ စွတ်ရွတ် လုပ်ကိုင်ပြခဲ့သည် ။ ထိုသို့သော အကျိုးဆက်များကြောင့်

တကမ္ဘာလုံးက စောင့်ကြည့်နေသည့် အချိန်တွင် ယခုကဲ့သို့သော ဂန္တာ၀င်မြောက်သည့် အမိန့်ကြေငြာချက်ကို အရှက်မရှိ ရဲဝံ့စွာ ထုတ်ပြန်ပြနိုင်ခဲ့သည်ကို မြန်မာနိုင်ငံသားများ အားလုံး သိရှိစေရန် သူတို့ကိုယ်စား ထပ်မံ တင်ပြလိုက်ရပါသည် ခင်ဗျာ ။

နိုင်ငံတော် သမ္မတကြီးသည် တိုင်းပြည်အရေးကို ပိုမို တိုးတက်ကောင်းမွန်စေရန် ပညာရှင်များအား အကြံပေးအဖြစ် စတင်ခန့်ထားခဲ့သည်ကို ပြည်သူလူထုအားလုံး အမှတ်ရနေအုံးမည်ဟု ထင်မိပါသည် ။ ထိုပညာရှင် အကြံပေးများ၏

ထူးကဲလှသော စိတ်ကူးများကြောင့် နောက်နောင်လည်း ယခုကဲ့သို့ ရူးကြောင်ကြောင် အမိန့်ကြေငြာချက်များကို မကြာခဏ ထုတ်ပြန်သွားမည်ဟု ကြားသိထားရပါသည် ။



လက်ရှိ အစိုးရသည် မည်သူမျှ မကျင့်သုံးသေး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေကြ၍ တကမ္ဘာလုံးမှ ပညာရှင်များ ယခုချိန်ခါဝယ် လွန်စွာမှပင် အလုပ်များလျှက် ရှိပါသည် ။ အထက်ပါ အမိန့်ကြေငြာချက်ကြောင့် Google Search Engine နံမည် ပျက်သွားသလို နံမည်ကြီးပါတယ် ဆိုတဲ့ အဘိဓါန်ပညာရှင်များလည်း တော်တော်လေးကို စိတ်လေသွားကြရလောက်ကို နိုင်းယှဉ်စရာ စကားလုံး သုံးဖို့ အသာထား ဆင်တူယိုးမှားပင် မရှိကြောင်း ညည်းတွားနေကြပါသည် ။ ထိုသို့သော ဂန္ဓာဝင်မြောက်သည့် အမိန့်ကြေငြာချက် ပိုင်ရှင် ကြီးကို မကြာခင် အချိန်ခဏ အတွင်းမှာ ဆုချီးမြှင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံသားများအား ကြေငြာမောင်းခတ်ကာ အကြောင်းကြားလိုက်ရပါသည် ခင်ဗျာ.....။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */