“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, March 03, 2011

ဆောင်ပုဒ်ကလေး တစ်ခု-၎

တာဝန်ယူဝံ့ခြင်းသည်... သတ္တိ ဆိုတဲ့အကြောင်းကို ရေးခဲ့ပါတယ်။ တိုက်ဆင်ကြီး ဗကမတ်နဲ့ ဆင်ဦးစီး ငပျံ တို့အကြောင်းကိုလဲ သတိရမိ ကြဦးမယ်ထင်ပါတယ်။
ဒီတစ်ပတ်တော့ဖြင့် တာဝန် ဆောင်နိုင်ခြင်းသည် စွမ်းရည် ဆို တာကို ရေးချင်ပါတယ်။ တာဝန် ကိုလဲသိပါရဲ့၊ သတ္တိလဲရှိပါရဲ့။ သို့ သော်လဲ စွမ်းရည်မရှိရင် တာဝန်ကျေ ဖို့ မဖြစ်နိုင်ပြန်ဘူး။ ဒါတွေကို ပြော လိုက်မိရင် ငါကတော့ မြန်မာ့သမိုင်း ထဲက သူရဲကောင်းတွေကို ပြန်လို့ သတိရနေမိတော့တာပဲ။ ခုလဲ ရာဇာ ဓိရာဇ်အရေးတော်ပုံမှာတွေ့ရတဲ့ မွန် သူရဲကောင်း သမိန်ဗရမ်း အကြောင်း ကိုပြောပြချင်ပါတယ်။ သူရဲ့တာဝန် ယူပုံ၊ တာဝန်ထမ်းဆောင်နိုင်ပုံကို စွဲ နေအောင်မှတ်မိနေတယ်။
သမိန်ဗရမ်း တို့တပ်နဲ့ မင်းရဲ ကျော်စွာတို့တပ်က ခဲပေါင်မှာ ထိပ်တိုက်တွေ့ကြတယ်။ ကြည်း၊ ရေ နှစ်ဘက် ညှပ် ပြီး မင်းရဲကျော်စွာက စစ် ဆင်တာ။ သမိန်ဗရမ်းရဲ့ လှေ ကို မင်းရဲကျော်စွာရဲ့ တပ်လှေက ခါး ဖြတ်ပြီး တိုးလေ တော့ လှေဟာ ခါးကျိုးသွားတယ်။ ဒီအထိ သမိန်ဗရမ်းက ခုခံနေဆဲပဲ။ သရက်မြို့စားက လှေပေါ်မှာပါသမျှ သေ ကုန်ကြပြီ။ ဘာပြုလို့ ခံတိုက်နေတာလဲလို့ လှမ်း အော်လိုက်မှ လှေပေါ်က ရေထဲ ခုန် ချပြီး ကူးပြေးတာ။ ဗကမတ်ရဲ့ ဦးစီး ငပျံဟာလဲ အဲဒီတိုက်ပွဲမှာ ကျသွား တယ်။ သမိန်ဗရမ်းက ဗကမတ်ကို စီးပြီးထွက်ပြေးတာ။ မင်းရဲကျော်စွာ ကလဲ သမိန်ဗရမ်းနောက်က အတင်း လိုက်တာပဲ။ နောက်ဆုံးမှာ ဗကမတ် ဆင်က အင်းထဲ ဆင်းမိပြီး မတက်နိုင် တော့ဘူး။ ဒီမှာတင် မြန်မာ မြင်းတပ် တွေက သမိန်ဗရမ်းနဲ့ ဗကမတ်ကို ဝိုင်းမိတော့တာပဲ။
အဲဒီမှာ မင်းရဲကျော်စွာ ဘာလုပ် သလဲ သိလား။
''မသေစေနဲ့ မသေစေနဲ့'' လို့ နောက်ကအော်ဟစ်ပြီး သူ့မြင်းတပ် ကို အမိန့်ပေးတယ်။
မင်းတို့တော့ဖြင့် မသိဘူး။ ငါဖြင့်လေ အဲဒီအခန်းလေးကို ငယ်ငယ်ရွယ်ရွယ် ဖတ်မိစဉ်ကတည်းက စွဲနေခဲ့မိတာ ခုထက်ထိအောင်ပဲ။ သူတို့က လက်ဝှေ့ထိုးတာလိုပါပဲ။ တစ်ဘက်သားကို သေစေချင်တဲ့ စိတ် မရှိကြဘူး။ ယှဉ်ပြိုင်ပြီး အနိုင် ယူချင်ကြတာ သက်သက်ပဲလို့ ပြောရမယ်ထင်တာပဲ။ ဒီလိုနဲ့ မင်းရဲကျော်စွာက သမိန်ဗရမ်း ကို လက်ရဖမ်းမိ ပြီး သူ့နေပြည်တော် အင်းဝကို ပို့ လိုက်တယ်။ အကျဉ်းသားဘဝပေါ့။
အဲဒီမှာ ဖြစ်လာပုံကလဲ စိတ် ဝင်စားဖို့ကောင်းလှတယ်။
ဒီတိုက်ပွဲတွေ မဖြစ်မီက မော်တုံ မော်ကယ်စား စော်ဘွားတွေက မြေဒူးမြို့ကို လာတိုက်တယ်။ မင်းရဲ ကျော်စွာ က တိုက်လိုက်တော့ မော်တုံ မော်ကယ်စားထွက်ပြေးရတယ်။ မင်းရဲကျော်စွာက သူတို့ သားမယား တွေကို ဖမ်းယူလာခဲ့တယ်။ ဒီတော့ မော်တုံမော်ကယ်စားတွေက တရုတ် ပြည်ထွက်ပြေးပြီး တရုတ်ဘုရင် ဥတည်ဘွား ဆီ အကူအညီတောင်း တယ်။ ဥတည်ဘွားက သူ့တပ်တွေ ကို စေလွှတ်ပြီး အင်းဝကို အတိုက် ခိုင်းတယ်။
အင်းဝ ဘုရင်မင်းခေါင်က မြို့ တော်ဝန်းကျင်ကို အခိုင်အလုံဖြစ် အောင် စီရင်ထားတယ်။ ထွက်မတိုက်ဘူး။ သားတော် မင်းရဲကျော် စွာနဲ့ တပ်တွေ အားလုံးက မွန်နိုင်ငံ စစ်မျက်နှာမှာ ရောက်နေကြတယ် မဟုတ်လား။ တရုတ်တပ်တွေလဲ မြို့ ကိုလဲ တိုက်လို့ မရတာမို့ မြို့ကို ဝန်းရံထားရုံပဲ တတ်နိုင်တယ်။ ဒီလို နဲ့ တစ်လလောက်ရှိတော့ တရုတ် တပ်တွေလဲ ရိက္ခာ ပြတ်စပြုလာ တယ်။ နောက်တော့ ''မြန်မာတို့က မြို့ပြင်ထွက်ပြီးလဲ မတိုက်၊ မော်တုံ မော်ကယ်စားတို့၏ သားမယားကိုလဲ မပေး။ ထို့ကြောင့် ငါတို့၏ သူရဲ ကောင်းတစ်ဦးနှင့် သင်တို့၏ သူရဲ ကောင်း တစ်ဦး စီးချင်းထိုးပါစေ၊ ငါတို့ သူရဲကောင်းရှုံးသော် ငါတို့ပြန် မည်။ သင်တို့သူရဲကောင်းရှုံးချေသော် မော်တုံမော်ကယ်စား၏ သားမယား ကို ပြန်ပေးရမည်''လို့ စကားဆိုလာ တယ်။
ဘုရင်မင်းခေါင်က ဒီအဆိုပြုချက်ဟာ လက်ခံသင့်တယ်လို့ တွက်တယ်။ ဒါပေမယ့် ခက်နေတာ သူ့ သူရဲကောင်းဟူသမျှက မွန်နိုင်ငံ ရှေ့တန်းစစ်မျက်နှာမှာချည်း ရောက်နေတယ်။ နေပြည်တော်မှာ သူရဲကောင်း တစ်ယောက်မှ မရှိဘူး။ ဒီတော့ အမတ်တစ်ယောက်က မွန်သူရဲ ကောင်း သမိန်ဗရမ်းဟာ သုံ့ပန်း အဖြစ်ရှိနေတာပဲ။ သူ့ကို မေးမြန်း ကြည့်သင့်တယ်လို့ လျှောက်ထား တယ်။ ဒီတော့ ဘုရင်မင်းခေါင်က သမိန်ဗရမ်းကို စီးချင်းထိုးလို့နိုင်ရင် သူ့ကို သူကောင်းပြုမယ်လို့ ကတိပေး တယ်။ သမိန်ဗရမ်းက ဆင်စီးချင်း၊ မြင်းစီးချင်း၊ လှံတစ်စင်း၊ ဓားတစ် လက်ချင်းဆိုလို့တော့ဖြင့် တလော ကလုံး ဘယ်သူ့ကိုမှ မကြောက်ဘူး လို့ ပြောပြီး လက်ခံလိုက်တယ်။
တကယ်ဆိုတော့ သူက မွန်စစ်သူရဲကောင်း။ ခုတော့ မြန်မာတို့ရဲ့ သုံ့ပန်းဖြစ်နေပြီ။ အဲဒါ ဘာကြောင့် မြန်မာ ဘုရင် ဘက်က ကူညီ တိုက်ပေးရသလဲဆိုတာကို စဉ်းစား ကြည့်မိတယ်။ မြန်မာဟာ သူ့ရဲ့ရန်သူဖြစ်နေတယ် မဟုတ် လား။ မွန်နဲ့ မြန်မာဟာ တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်ဖြစ်တဲ့အပြင် ယဉ်ကျေးမှု ကိုးကွယ် မှုတွေ ကလဲ အလွန် တူညီတယ်။ စစ်ဖြစ်နေချိန်မှအပ အောက်ပြည်- အညာ သွားလာ ရောင်းဝယ် ဆက်ဆံ နေကြတယ်။ အဲဒါကတစ်ချက်။ နောက်တစ်ချက် က တိုက်ပွဲမှာ သူ့ကို လက်ရဖမ်းစဉ်က မင်းရဲ ကျော်စွာ ရဲ့ ''မသေစေနဲ့၊ မသေစေနဲ့''လို့ ဟစ်အော်လိုက်တဲ့ အသံကိုလဲ ကြားယောင်မိလိမ့်မယ် ထင်တယ်။ နောက် တစ်ချက်က မင်းရဲ ကျော်စွာကိုယ်တိုင်က သူ့ကိုလေးစား ချစ်ကြည်စွာ ပြောဆိုဆက်ဆံခဲ့လိမ့် မယ်ထင်ပါတယ်။ နောက်ပြီး ဘုရင် မင်းခေါင်ကိုယ်တိုင်က သုံ့ပန်းပင်ဖြစ် သော်လဲ ကောင်းမွန်ချမ်းသာစွာ ထား ပါလိမ့်မယ်။
အဲဒါတွေကို အပထား၊ အရေး အကြီးဆုံးတစ်ချက်က လေးခင်း ဗိန်း ဗောင်းသံ ကြားရင် လက်ဝှေ့သမား များ ရိုးတိုးရွတ၊ လက်ခမောင်း ခတ် ချင်သလို၊ သူလဲ စီးချင်း ဆိုတဲ့ စိမ် ခေါ်သံကြားလိုက်တော့ သူ့ကို ဖမ်း ဆီးထားတဲ့ မြန်မာတို့ရှေ့မှာ ''တွေ့ပြီ မဟုတ်လား ငါတကား''လို့ လူစွမ်း လူစ ပြလိုစိတ်ရှိဟန် တူပါတယ်။ အဲဒီ နောက်ဆုံးအချက်ဟာ သမိန် ဗရမ်းကို တိုက်ပွဲဆီ တွန်းပို့လိုက်တာ ထင်တာပဲ။
တာဝန်ယူဝံ့သော သတ္တိ ဆိုပါ စို့။
ကောင်းပြီ။ တာဝန်ယူဝံ့သော သတ္တိရှိတာမှန်ပါရဲ့။ တာဝန်ဆောင် နိုင်သော စွမ်းရည်ရှိပါရဲ့လား။ သမိန် ဗရမ်း ကို စောင့်ကြည့်ရအောင်။
ငါ့မှာလေ ဆရာဇော်ဂျီ ပြော သလိုပဲ ရာဇာဓိရာဇ်၊ မင်းခေါင်၊ မင်း ရဲကျော်စွာတို့ အကြောင်းကို ပြောရ ရင် မမော နိုင်၊ မပန်းနိုင် ဖြစ်နေမိ တတ်တယ်။ အလယ်တန်းပြဆရာ ဘဝ၊ တက္ကသိုလ်ဆရာဘဝတွေမှာ စာသင်ခဲ့ရ စဉ်ကလဲ အဲဒီခေတ် အကြောင်း စကားစပ်မိလိုက်ရင် ဘယ်လိုကဘယ်လို လိပ်ပြာနိုးလာ တယ်မသိဘူး၊ လမိုင်းကပ်အာတွေ့ သွားတာချည်းပဲ။ ခုတောင်ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ ၄-၁-၂ဝ၁ဝ အိုင် သပြု စာပေဟော ပြောပွဲမှာ သမိန် ဗရမ်းနဲ့ ကာမဏိတိုက်ပွဲအကြောင်း ထည့်ပြောမိသေးတယ်။
ကဲ သမိန်ဗရမ်းနဲ့ တရုတ် စစ် သူကြီး ကာမဏိတို့ တိုက်ပွဲ ဆက်ရ အောင်။
တရုတ်သူရဲကောင်း ကာမဏိရဲ့ သွင်ပြင်က-
တရုတ်သူရဲကောင်း ကာမဏိ သည် မြင်းနီကြီးကို ရွှေကထိုး၍ ရွှေ ကုန်းနှီးတင်၍ စီးသည်။ သံချပ်ဝတ် သည်။ မျက်နှာမည်းဓားကို ပတ္တမြား အပြည့်စီ၍ စွဲသည်။ ရွှေလှံအောင်း ခုနစ်ဆင့်နှင့်ကိုင်သည်။ နတ်မြင်း သည်နှင့်အတူ တင့်တယ်၏။
ဒီခေတ်မှာ တရုတ်ရာဇဝင် ကား ဗီဒီယိုတွေကို အများသူငါကြည့် ကြဖူးတာမို့ မင်းတို့မျက်စိထဲမှာ မြင် ယောင်ကြည့်ပေါ့ကွယ်။
ရွှေလှံအောင်း ခုနစ်ဆင့်ဆိုတာ ကို ငါနားလည်နိုင်တယ်။ အောင်း ဆိုတာကပန်းပွားမဟုတ်လား။ လှံရိုး မှာ ပန်းပွားခုနစ်ဆင့် တပ်ထားတာ ပေါ့။ ဂုဏ်ဆောင် ကျက်သရေ အဆင့်အတန်းလဲ ဖြစ်နိုင်တယ်။ အလှဆင်တာလဲ ဖြစ်နိုင်တယ်။ လှံကိုပစ်လိုက်ရင် လမ်းကြောင်းထိန်းဖို့ ပဲ့ အဖြစ် တပ်ထားတာလဲ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ကူးနဲ့ မြင်လို့ ရတာ ပေါ့။
ခက်နေတာက မျက်နှာမည်း ဓား ဆိုတဲ့ စကားလုံးပဲ။ ငါလဲ အမျိုး မျိုးစဉ်းစားကြည့်တယ်။ မျက်နှာမည်း လူမျိုးတွေ ကိုင်လေ့ရှိတဲ့ ဓားမျိုးလား ပေါ့။ ဆိုကြပါစို့ကွယ်၊ ဂေါ်ရခါး လူမျိုးတွေကိုင်တဲ့ ဓားကောက်ကို မင်းတို့သိတယ်။ ရုပ်ရှင်တွေထဲမှာ သမိုင်းကားဆိုရင် ဓားပုံစံတွေက အမျိုးမျိုးပဲ။ တချို့က အဖြောင့်၊ တချို့က အကောက်၊ အကောက်မှာ တောင် အဖျားကောက်၊ အလယ် ကောက်။ အသွားမှာတောင် အတွန့် ပါတဲ့ ဓားကောက်... စသည်အားဖြင့် ပေါ့။
နောက်တစ်ခုက ဓားသွားမှာ ဇဝါခြယ်ထားလို့ ဓားမျက်နှာ မည်း နေတာမျိုးလားလို့လဲ တွေးမိတယ်။ ဇဝါဆိုတာ မင်းတို့ သိကောင်းသိ ပါလိမ့်မယ်။ ဓားသွား စသည်တို့ သံထည်ပေါ်မှာ ရွှေရောင်၊ ငွေရောင်၊ ကြေးရောင် ပန်းခက်တွေ ခြယ်ထား တာကို ခေါ်တာ။ အဲဒါကို သက္ကတ ဇပါ က လာတယ်လို့ မြန်မာအဘိ ဓာန်မှာဖွင့်တယ်။ ငါတို့ရဲ့ဆရာ ပါမောက္ခ ဦးမောင်မောင်ကြီးကတော့ ဂျားဗား - javaဘက်က ရောက်လာ တဲ့ အတတ်မို့ ဂျဗား၊ ဇဝါလို့ ဆို တယ်။ ရှေးခေတ်က ဇ ကို ဂျ လို့ အသံထွက်ကြတယ်။ ဇပန်ကျွန်း၊ ဇာမဏီနိုင်ငံ ဆိုတာမျိုးပေါ့။
ကဲ- မျက်နှာမည်းဓားကို လျှာရှည်လိုက်တာကြောင့် အတော်လေး အချိန်လင့်သွားတယ်။ နောက်တစ်ပတ်မှ တိုက်ပွဲကို ကြည့်ရအောင်။
သြော်-မင်းတို့တစ်တွေ မျက်နှာမည်းဓား အကြောင်းကို သိနေကြရင် ငါ့ဆီကို စာရေးပြီး အသိပေး ကြစမ်းပါ။ ဈေးကွက်ကို လှမ်းရေး လိုက်ပေါ့။


အောင်သင်း
http://www.zaygwet.com/vision.php?id=32 မှ မျှတာပါ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */