“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, February 04, 2011

ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် ထပ်မံ တွေ့ဆုံမည်

ဧရာဝတီ Thursday, 03 February 2011 17:38
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပြည်နယ်နှင့် တိုင်းအသီးသီးမှ NLD ပါတီဝင် မဟုတ်သော လူငယ်များနှင့် ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်နေ့များတွင် တွေ့ဆုံမည်ဖြစ်သည်။
၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန် NLD ရုံးချုပ်၌ ပြုလုပ်သည့် ပထမ အကြိမ် လူငယ်များနှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်း ပြောကြားနေသော် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - ဧရာဝတီ)
“ပြည်နယ်နဲ့တိုင်းတွေမှာ လူမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လူငယ် ၅၀၀ လောက်နဲ့တွေ့ဆုံမှာပါ။ ရွှေဂုံတိုင်ရုံးချုပ် ခန်းမက လူ ၂၅၀ လောက်ပဲ ဆန့်မယ့်အတွက်၂ ရက်ခွဲပြီး တွေ့ရမှာပါ”ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ခဲ့ပြီးနောက် လူငယ်များ၏ အသံ ကို နားထောင်လိုကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့နှင့်အနီးတ၀ိုက်မှ လူငယ် ၃၀၀ ခန့်နှင့် ပထမတွေ့ဆုံခဲ့ပြီးနောက် ယခု တိုင်းနှင့်ပြည် နယ် အသီးသီးမှ လူငယ်များနှင့် ဒုတိယအကြိမ် တွေ့ဆုံမည်ဖြစ်သည်။

“အန်တီနဲ့ တွေ့ရင် ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေတာတွေကို ပြောပြမယ်။ အခုဆိုရင် ကြက်သွန်နီဈေးတွေကလည်း အရမ်းတက်နေတယ်လေ။ အဲလို စားဝတ်နေရေးအခက်အခဲတွေ အများကြီး။ ဒါတွေကို ပြောပြပြီး ဘယ်လို ဆောင်ရွက်လို့ ရနိုင် မလဲ ဆိုတာကို မေးမြန်းမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရောက်ရှိနေသည့် ရွှေဘိုမြို့နယ်မှ မစုလှိုင်က ပြောသည်။

ရခိုင်ပြည်နယ်မှ လာရောက်တွေ့ဆုံသော မလှမျိုးသန်းကမူ “ကျမတို့ဆီမှာ ကျမတို့ မွတ်စလင်လူမျိုးတွေအတွက် ခရီးသွားလာရေးက အရမ်းကျပ်တယ်။ ဒီအခက်အခဲကို ပြောပြမယ်”ဟု ဆိုသည်။

လူငယ်တွေ့ဆုံပွဲသို့ လာရောက်ကြမည့် လူငယ်များကို NLD ပါတီက ကျွေးမွေးရေး တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးတွေ ဆောင်ရွက်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အဓိကကျပါတယ်။ အခု တွေ့ဆုံပွဲမှာ တိုင်းရင်းသား လူငယ်တွေလည်း ပါဝင်တယ်။ သူတို့ဒေသမှာ တွေ့ကြုံနေရတာတွေ ၊ အခက်အခဲတွေကို ၀ိုင်းဝန်းဖြေရှင်းနိုင်ဖို့
ဆွေးနွေးသွားကြမှာပါ”ဟု ဦးအုန်းကြိုင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD က စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်သည့်အပြင်၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်ဟုဆိုကာ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားရန် ၂၀၁၀ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ထို့နောက် နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီနှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီ(၁၀) ခုကို တရား ၀င် ပါတီအဖြစ်မှ ရပ်စဲကြောင်း ၂၀၁၀ စက်တင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။

ပါတီရပ်တည်ခွင့်အတွက် တရား ရုံးချုပ်သို့ လျှောက်ထားခဲ့သော်လည်း နေပြည်တော် တရားရုံးချုပ်က အထူးအယူခံကို ဇန်န၀ါရီ ၂၈ ရက်တွင် အပြီးသတ် ပယ်ချ ထားသည်။

နအဖစစ်အစိုးရ၏ ဥပဒေအရ NLD ပါတီကို တရားဝင်ရပ်တည်ခွင့်မရှိဟုဆိုသော်လည်း NLD ပါတီသည် ဆက်လက်ရှင်သန် ရပ် တည်နေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် BBC သတင်းဌာနက ပြုလုပ်သော တိုက်ရိုက် မေးမြန်းခန်း အစီအစဉ်တွင် ဒေါ်
အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */