“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, February 16, 2011

မျောက်သစ်ကိုင်းလွတ်များရဲ့ ဒွတ်ခကလည်း တညှိုး

စစ်အစိုးရ စိတ်တိုင်းကျစီမံခန့် ခွဲသည့်လွှတ်တော်များပေါ်ပေါက်ပြီးနောက်နဂိုမူလရာထူးကြီးများ ကို လက်လွှတ် ခဲ့ရသည်။ နအဖ စစ်ဗိုလ်ချုပ် ၁၀ ဦးခန့် သည် ဗိုလ်ချုပ်မှုးကြီး အားတွေ့ ဆုံခွင့်ရရှိပြီး ၎င်းတို့ ၏ မူလ (သို့ မ ဟုတ်) ထို့ ထက် မြင့်သည့် ရာထူးများ ကို ပြန်လည်ပေး အပ်ရန် အတွက် တောင်းဆိုထားကြသည် ဟု Freedom News Group မှ သတင်းရရှိသည်။

မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် နေရာမှ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန သို့ ပြောင်း ရွှေ့ ခြင်းခံခဲ့ရသည့် ရဲချုပ် ခင်ရီ သည် သူ၏ မူလ နေရာ သို့ မဟုတ် ပြည်ထဲရေး ၀န်ကြီး နေရာ ခန့် ထိ မျှော်မှန်း ခဲ့သည် ဟု ဆိုသည်။

စက်မှု ၁ ၀န်ကြီး ဌာန နေရာ ကို လက်လွှတ်ခဲ့ရသည့် ဦးအောင်သောင်း သည် လည်း ဗိုလ်ချုပ်မှုးကြီး နှင့် တွေ့ ဆုံခွင့် တောင်းထား သော်လည်း ၎င်း သည် လွန်ခဲ့သည့် သီတင်း နှစ်ပတ် မှ စ၍ လူမြင် ကွင်း တွင် ပျောက် ကွယ်နေသည့် အတွက် ဖမ်းဆီး ခံထားရသည် ဟု သတင်း ထွက်ပေါ်နေသည်။

ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုးချုပ် ဟောင်း အောင်သိန်းလင်း ၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းနှင့် ပြည်ထဲ ရေးဝန်ကြီး ဟောင်း ဗိုလ်ချုပ် မောင်ဦး နှင့် နေပြည်တော် ကာကွယ်ရေး ၀န်ကြီး ဌာန မှ စစ်ဗိုလ်ချုပ် ဟောင်း လေးဦး လည်း ပါဝင်သည် ဟု သတင်းရရှိသည်။

လွှတ်တော် ပေါ်ပေါက် ပြီး နောက် အစိုးရ အဖွဲ့ ၏ အဆင့် မြင့် အရာ ရှိ နေရာများ ပြန်လည်ချထားမှု သည် ဗိုလ်ချုပ်မှုးကြီး ၏ ဖြုတ်-ထုတ်-သစ် လမ်းစဉ် သစ် တစ်ခု ပင် ဖြစ်သည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာန မှ အကြီးတန်း အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။

အနာဂတ် မြန်မာ စစ်တပ် တွင် ဗိုလ်ချုပ်ကြီး ကိုကို နှင့် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် တို့ နှစ်ဦးမှာ အာဏာရှိ လာ မည် ဟု ခန့် မှန်းထားကြသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */