“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, February 21, 2011

ရဲဘော် သင်ပေးဆပ်ရန် အချိန်ကျပြီ

နာစရာကို အလုပ်နဲ့ သက်သေပြပြီးချေ

မြန်မာပြည်သူတွေ ခံစားနေရတဲ့ အခတ်အခဲအကြပ်အတည်းတွေပြေလည်ဖို့ နိုင်ငံ ရေးအပြောင်းအလဲဖြစ်ဖို့ နိုင်ငံတကာနဲ့ အတိုက်အခံတွေက ဝိုင်းဝန်းကြိုးစားနေ ကြချိန်မှာ စစ်ထောက်လှမ်းရေးဟောင်းတွေအနေနဲ့ ပြည်သူတွေဘက် ပြတ်သား သားရပ်တည်ပြီး ဝန်းရံပူးပေါင်းသင့်ကြောင်း တိုက်တွန်းနိုးဆော်လိုပါတယ်။

မြန်မာနိုင်ငံရေးဖြစ်စဉ်တွေကို လှမ်းမျှော်ကြည့်ရင် ညှိနှိုင်းတိုင်ပင် ဆွေးနွေးလုပ် ဆောင်တာထက် ဖြုတ်ထုတ်သတ်ပစ်တာက ပိုများနေတာ တွေ့ရပါတယ်။ အနီး ကပ်ဆုံးဖြစ်စဉ် ၁၉၈၈ နောက်ပိုင်းကိုကြည့်ရင်၊ နဝတ၊ နအဖဟာ တိုင်းပြည်အ ကျိုး ရှေးရှုပြီး ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ စစ်ဗိုလ်အချင်းချင်းပဲဖြစ်ဖြစ် အတိုက်အခံ တွေနဲ့ပဲဖြစ်ဖြစ် ပြေလည်တဲ့အထိ စေ့စပ် ဆွေးနွေးပြီး ညှိနှိုင်းအုပ်ချုပ်တာ မတွေ့ ရပါဘူး။ အမြင့်ဆုံးအာဏာရထားတဲ့သူက ကိုယ်ကျိုးစွန့်ပြီုး တိုင်းပြည်တိုးတတ် အောင် လုပ်တာထက် ရထားတဲ့အာဏာ လက်မလွတ်ရအောင် ကြိတ်ပြီးကြံစည်တည်ဆောက် တိုင်းပြည်သယံဇာတတွေကို မိမိပိုင်သဘောထားပြီး စိတ်ကြိုက် ချယ်လှယ်သုံးစွဲ၊ အခွင့်အရေးပြပြီး တပည့်မွေး ဆရာမွေးလုပ်တာနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာ ကြာပါပြီ။

ဗိုလ်ချုပ်မှုးကြီး စောမောင်ကို ဖြုတ်ချပစ်ခဲ့တာ၊ နဝတ ကနေ နအဖ အကူး ဗိုလ်ချုပ်မှုးကြီးသန်းရွှေက သူနဲ့အဆင့်သိပ်မ ကွာတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စီးပွားရေးလူမှုရေးပြစ်ချက်တွေပြပြီး နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ဖြုတ်ထုတ်ပစ်ခဲ့တာ၊ အာဏာတည်ဆောက်ဆဲမှာ ခိုင်းကောင်းကောင်းနဲ့ ခိုင်းခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့် တို့ တင်လှ တို့ကိုလည်း ရှေ့က လူတွေနည်းတူ စီးပွားရေး လူမှုရေးပြစ်ချက်တွေနဲ့ ဖြုတ်ထုတ်ပြသခဲ့တာ၊ သံသယဖြစ်ဖွယ် အတွင်းရေးမှုး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး စစ်တိုင်မှုးတွေပါတဲ့ ရဟတ်ယာဉ်ပျက်ကြပြီး သေခဲ့ရတာတွေအထိ ရှုပ်ထွေး ခဲ့ပါတယ်။ ဒါတွေအားလုံးကို ဗိုလ်ချုပ်မှုးကြီးဟာ ထောက်လှမ်းပံ့ပိုးမှု အကြံညဏ်နဲ့ တခုပြီးတခု အစီအစဉ်နဲ့ လုပ်ခဲ့တာ လို့ တွက်ဆကြတဲ့သူတွေလည်း ရှိပါတယ်။

အိုကြီး အိုမအထိ အာဏာအရှိဆုံး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လက်မလွှတ်ရဲဘဲ အသစ်အသစ်တွေ ထပ်မွေးပြီး အာဏာခိုင်မြဲရေး တည်ဆောက်ခဲ့တာ အခုဆို သူ့သားအရွယ်လောက်တွေကို စစ်တိုင်းမှုးတွေတက်ဖြစ်နေ ပါပြီ။ ရှေ့ကလုပ်သက်ရင့်တွေကို ချွေးသိပ်ပြီး ရာထူးနေရာတွေ ဖောင်းပွအောင် တိုးချဲ့ပြီးခန့်ထားတာ၊ ဝန်ကြီးဌာနတွေ မလိုအပ်ဘဲ အများကြီးတိုးချဲ့ပြီး ဝေစားမျှစားသဘောနဲ့ ချွေးသိပ်ခန့်ထားခဲ့တာ၊ အပြစ်လုပ်လာဘ်စားတာတွေကို အရေး မယူ အတူတူသဘောထားပြီး တုတ်တုတ်မျှမလှုပ်ရဲအောင် အကြံကြီးကြံစည် လုပ်ဆောင်ခဲ့ပါတယ်။ ခိုင်းတုန်းအများအ ထင်လွဲ အနာကြီးနာမယ့်ကိစ္စတွေမှာ ရှေ့ထွက်မင်းသားလုပ်ခဲ့ရတဲ့ ထောက်လှမ်းရေး အကြီးအကဲကိုလည်း ပါဝါချင်းယှဉ် လာနိုင်မယ်လို့ ထင်ရချိန်မှာ အပေါင်းအပါတသိုက်နဲ့အတူ အမြစ်ဖြတ်မြေလှန်ခဲ့ပြန်ပါတယ်။ ဒီတော့မှ စစ်ထောက်လှမ်း ရေးတွေအနေနဲ့ တပ်ချုပ်ကြီးဟာ သူ့ အာဏာတည်ဆောက်ရေးမှာ ငါတို့ကို ခြေနင်းလှေကားထစ်အဖြစ် အသုံးချခဲ့တာပါ လားဆိုတာ သဘောရေးရေးပေါက်ပြီး နာခဲ့ကြတာ တွေ့ရပါတယ်။

ထောက်လှမ်းရေးမှာ အစွယ်ထွက်တဲ့သူတွေက စီးပွားရေးသောင်းကျန်းတာလဲ ပါပါတယ်၊ အားလုံးနှစ်ရှည်ထောင်ဒဏ်နဲ့ အကျဉ်းချုပ်၊ အကြီးအကဲကိုတော့ နေအိမ်အကျယ်ချုပ်နဲ့ မလှုပ်နိုင်အောင် ဦးချိုးလိုက်ပါတယ်။ အားလုံးလို့မဆိုနိုင်ရုံ သူ့ လူ ကိုယ်ဘက်သား လုပ်ခဲ့သူတချို့နဲ့ တကယ့်ကို ရိုးရိုးသားသား တာဝန်ထမ်းဆောင် စီးပွားရေး လူမှုရေးလည်း မရှုပ်ခဲ့ တဲ့ သူတွေကို ဘာမှမလုပ်ဘဲ လွှတ်ပေးခဲ့ပြီး နောက်ဖွဲ့တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့မှာ အသုံးချလို့ရချင်ရ၊ မရတဲ့သူ လဲ စောင့်ကြည့်ထဲထည့်ပြီး ရေမြွေဖြစ်အောင် လုပ်ထားလိုက်ပါတယ်။

တလောက ဖေ့စ်ဘွတ် လူမှုရေးအင်တာနက် စာမျက်နှာပေါ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ရဲ့ ဗွီဒီယိုဖိုင်အသံတိတ် အသံပါဖိုင် တွေ တင်ထားပြီး သို့လောသို့လော အတွေးပွားအောင် လုပ်ထားတာ တွေ့ရပြန်ပါတယ်။ စစတင်ချင်း စစ်ရေးလေ့လာ သူ ကျွမ်းကျင်းသူတွေရဲ့အမြင်တွေ ပလူပျံအောင် ပေါ်ထွက်ခဲ့ပါတယ်။ သေခြာတာကတော့ ပိုပြီးအဆင့်နိမ့်တဲ့နေရာကို လာ ပြောတဲ့ တာဝန်ရှိသူတွေက ရိုသေလေးစားမှုရှိသေးသယောင်ပြုပြီး ပြောင်းရွေ့လိုက်တာဟာ အကောင်းထက် အဆိုးဖြစ် ဖို့များပါတယ်။ လတ်တလောပဲဖြစ်ဖြစ် ကျန်ခဲ့တဲ့ သုံလေးနှစ်ကပဲဖြစ်ဖြစ် ကျနော် မြင်မိတာကတော့ နေအိမ်အကျယ် ချုပ်ထားရင်း ကြိတ်ပြီးကြံစည်နေတဲ့ ကိစ္စကို လက်ရှိအာဏာပိုင်တွေက ရိပ်မိသွားတာတွေကြောင့် စိတ်ဆိုးဒေါသထွက် ပြီး ပိုပြီးတင်းကြပ်လိုက်တာလို့ မြင်ပါတယ်။

တချို့ထင်သလို မပြေလည်တဲ့ တိုင်းရင်းသားတွေအရေး ဖြေရှင်းခိုင်းဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခိုင်းဖို့ နိုင်ငံ တကာကို အာရုံလှည့်ဖျားချင်လို့ ဆိုတာတွေကို ကျနော်တော့ မထင်ပါဘူး။

ထောက်လှမ်းရေးဆိုတာ ဘယ်လိုပဲ နှိပ်ကွပ်ခံရ ခံရ လက်စွယ်ကျန်တတ်တဲ့ အမျိုးပါ။ အန္တရာယ်ပေးနိုင်မယ့်သူ အတော် များများ ထောင်ထဲထည့်ထားပေမယ့် အချိန်ကြာလာတာနဲ့အမျှ အပြင်မှာရှိတဲ့ ထောက်လှမ်းရေးဟောင်းတွေနဲ့ ချိတ်ပြီး တစုံတရာအပြောင်းအလဲအတွက် ကြိတ်ပြီးကြံတဲ့ အကြံအစည်တွေ ရှိလာနိုင်ပါတယ်၊ ဒါကို ဗိုလ်ချုပ်မှုးကြီးတို့ သဘော ပေါက် တွက်ဆထားပြီးသားပါ။ ကျနော် သိတဲ့ ထောက်လှမ်းရေးဟောင်း တယောက်ကတော့ ဒီလူကြီးတွေဆီမှာ ဘယ် တော့မှ ပြန်ပြီးအသုံးချ မခံဘူး။ ငါတို့က ကျားကွလို့ မခံချင်စိတ်အပြည့်နဲ အစွယ်လှစ်ဟ ပြောပြဖူးပါတယ်။


ဒီလို မခံချင်စိတ်တွေဟာ စစ်အာဏာရှင်တွေကိုဖြုတ်ချဖို့ အကောင်းဆုံးပါ။ ဗိုလ်ချုပ်ခင်ညွန့်နေအိမ် အပြောင်းအရွေ့ဟာ ဒီလို လှုပ်ရှားမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ စစ်ထောက်လှမ်းရေးတွေနဲ့ပတ်သတ်ပြီး နာကျည်းစရာတွေ အများကြီးရှိခဲ့မှာ ပါ။ တချို့ဆို အင်တာနက်ပေါ်မှာ ဝဋ်လည်တာ လုံးဝသနားစရာမကောင်းဘူး ဘာညာ စသည်ဖြင့် ရေးကြပါတယ်။ ဒါ ထက် ပိုရေးချင်စရာအကြာင်းတွေလည်း ရှိခဲ့မှာပါ။ စစ်အာဏာရှင် ပြုတ်ကျရေးမှာ ဆန့်ကျင်သူအားလုံး ညီညွတ်စည်း လုံးမိမှ မြန်မြန် အောင်မြင်နိုင်ပါမယ်။ သူတို့ ကျွမ်းကျင်မှုတွေကို အသုံးချနိုင်ရင် ပိုကောင်းမှာပါ။

၂၀၁၀ ရွေးကောင်ပွဲဟာ ပြည်သူတွေနဲ့ နိုင်ငံတကာရဲ့ကြားမှာ ရှင်းရှင်းလင်းလင်း ဖြစ်မသွားသေးပါဘူး။ သို့လောအတွေး တွေနဲ့ အပြာင်းအလဲများ ထပ်ဖြစ်အုံးမလားလို့ မျှော်နေကြဆဲပါ။ စစ်အာဏာရှင်တွေကတော့ လမ်းပြမြေပုံ (၇) ဆင့်မှာ (၂) ဆင့်ပဲ ကျန်တော့တယ်ဆိုပြီး ငါ့မြင်းငါဆိုင်းဖို့လုပ်နေတာ တွေ့ရပါတယ်။ ငါတို့က ကြားဆိုတဲ့ စစ်ထောက်လှမ်းရေး တွေ အနေနဲ့ အခုလို အရေးကြီးလမ်းဆုံလမ်းခွရောက်နေချိန်မှာ မိမိရဲ့အတိတ်က လုပ်ရပ်တွေအပေါ်မှာ ပြည်သူတွေရဲ့ ဖြေသိမ့် နားလည်မှုကို အလုပ်နဲ့သက်သေပြပြီး ရယူကြပါလို့ တိုက်တွန်းချင်ပါတယ်။



မြတ်နိုး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */