“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, February 22, 2011

ဆင်သေကို ဆိတ်ရေဖုံးနေခြင်း

တော်တော်တုံးတဲ့လူတွေဘဲနော်။ အကြွေး ရရင် ဆင်တောင် အိမ်ရှေ့ သာ ကြိုးချည်ထားခဲ့ ဆိုတဲ့အပေါက်မျိုးနဲ့ လျှောက်လည်ချေး။ အိပ်ထဲ ထည့်...အကြွေးတွေ ထူလာတော့ ခပ်တည်တည်နဲ့ Burma ကို Myanmar နာမည်ပြောင်း နှစ်ပေါက် တစ်ပေါက် ရိုက်ခဲ့ပြီးပြီ။
ငယ်ငယ်က ကလေးတွေ အသံကုန် ရွတ်ဖူးတဲ့ ကဗျာကလေးလိုဘဲ "မဆိုစကောင်း ဆိုစကောင်း တောက်တဲ့ခေါင်းပေါင်းပေါင်း။ ဆိုကောင်းပါရဲ့ လိပ်နဲ့ဖွတ် အချိတ်ပုဆိုးဝတ်" ဆိုတဲ့ တဘောင်ကလေးက အခု တကယ်ဘဲ လာဖြစ်နေတာပါလား။ စစ်ဘိုပြုတ်တွေ ကို ခေါင်းပေါင်းဆေါင်း တောက်တဲ့ ချိတ်ပုဆိုးဝတ် ပေးပြီး လွှတ်တော်ပေါ် တင်ပေးပြီးတဲ့နောက် ဘောက်ဆင်တွေ ထိုးခိုင်းထားခဲ့တယ်။
ကြံ့ဖွတ်အောင်သောင်းက လည်း ဘုရားပြီးညမ်းဖျက်ခံရတာကြောင့် " အလံတိုင်ပေါ်ထမီ ထူပြီး အဝေမတဲ့ ကျမသာလျှင် မယားကြီးဖြစ်ကြောင်း" လက်မောင်းတန်းပြီး ကြံ့ဖွတ်ရဲ့ ဥသျှောင်နေရာကို ပြန်လိုချင်နေလေရဲ့။
အခုလည်း မဲပြာ ရှေ့တစ်မ နောက်ပြောင် အောက်တန်းကျ ပြည်သူကို လူယက် အနိုင်ကျင့် မုဒိမ်းသမားတွေ ကို uniform အရောင်ပြောင်းပြီး ပြည်သူ လိုလို လူကြားဝင် ခိုင်းဦးမယ်။ ပြည်သူက မသိဘဲနေမလား ဒီလောက်ရူပါချုချာ..ဦးနှောက်ဖြူကာပြာကာကျနေတဲ့ လူတန်းစားတွေကို တမိုင်က တောင်ကြည့်ရင် သိနိုင်ပါတယ်။ တပ်ထဲက လူတွေဆိုတာ။

အခမ်းအနား ၀တ်စုံ အပါအ၀င် ၊မြန်မာ စစ်တပ် ၏ ၀တ်စုံ ပြောင်းမည်
February 19, 2011
ဂြိုလ်တုထောက်လှမ်းရေး ခြေရာခံမှု မပြု နိုင် အောင် လုပ်မည့် အစီအစဉ် ဟုဆိုသည်

ဟိန်းခိုင်ထွန်း၊
၊မြန်မာ စစ်တပ် ၏ ၀တ်စုံ အရောင် ကို မူလ မြင်းချီးရောင် မှ ၀ါဖန့် ဖန့် ကာကီ ရောက် အဖြစ်သို့ ပြောင်းလဲ တော့မည် ဟု သတင်းရရှိသည်။ ကာကီရောင် သည် မူလ က လေတပ် နှင့် ၂၀၀၄ခုနှစ် မတိုင် ခင်က ရဲ တပ်ဖွဲ့ ဝင် များ ၏ တူညီဝတ်စုံ အရောင်ဖြစ်သည်။တူညီ ၀တ်စုံ အရောင် များ ပြောင်း လဲရန် ပြီးခဲ့သည့် သီတင်းပတ် က ကျင်းပခဲ့သည့် နေပြည်တော် ရှိ အစည်းအဝေး တစ်ခု တွင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ က လမ်း ညွှန် ခဲ့ခြင်း ဖြစ်သည် ဟု အမည် မဖော်လိုသည့် အကြီးတန်း အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။

စစ်တပ် တူညီဝတ်စုံ ပြောင်းလဲမှု တွင် လေတပ် နှင့် ရေတပ် များ ပါပြောင်းလဲ မည် ဖြစ်ပြီးရေတပ် အခမ်းအနားဝတ်စုံ အတွက် အရောင် အား အပေါ်အောက် အဖြူရောင်အဖြစ် ထားရရှိမည် ဖြစ်ပြီး နေ့ စဉ် ၀တ်စုံ အတွက် ကို မူ ရွေးချယ်ရ သေးခြင်း မရှိ ဟု သိရသည်။

မြန်မာ စစ်တပ် သည် ယခု ကဲ့ သို့ စစ်ဝတ်စုံ အရောင်များ အပြောင်းအလဲ လုပ်ရခြင်းမှာ စစ်တပ် ၏ လှုပ်ရှား မှု များ ကို ဂြိုလ်တု ထောက်လှမ်း ရေး နှင့် လှို့ ဝှက်ကင်းထောက်လေယာဉ် များ ၏ မှတ် ဥာဏ်များ တွင် လွဲ မှား ၍ ထောက်လှမ်းလေ့လာမှု များ မပြုနိုင်ရန်အတွက်ရည်ရွယ် သည် ဟု သိရှိရသည်။

စစ်တပ်၏ တူညီဝတ်စုံ များ သည် အချို့ နေရာများ တွင် ရှေးမဆွက ပင် ပြောင်းလဲထားခြင်းနှင့် ပတ်သက်ပြီး ” အရေးကြီးတဲ့ စစ် ရေး စီမံကိန်း ရှိတဲ့ နေရာမှာပေါ့ တချို့ နေရာတွေ မှာစစ်တပ် ကမှန်း မသိအောင် တောခါင်းတွေ လို လယ်ဆည် တွေ ရဲ့ ယူနီဖောင်းလို မျိုးပြောင်းပြီးဝတ်ထားတာ ရှိတယ်။ စစ်တပ် က လှို့ ဝှ လုပ်နေမှန်း မသိအောင့် ပေါ့ ၊ ရှမ်းပြည်က နေရာတစ်ခု မှာ ဆို လီဗိုင်း ဂျင်း ဂျာကင် နဲ့  ဂျင်းဘောင်းဘီ နဲ့  လုံခြုံရေး ယူထားတဲ့ နေရာတွေတောင် ရှိတယ်။အဲဒါ ကြောင့် တပ် လှုပ် ရှား တွေ ကင်းထောက် လေယာဉ် တွေ ထိုင်းဖြစ်ဖြစ်အမေရိကန် ဖြစ် ၀င်လာရင် မသိတာပေါ့ “ဟု Freedom News Group သို့ ပြောသည်။

ဖက်ရှင် ဒီဇိုင်နာ ဟူဂို ဘောစ် ဖန်တီးပေး ခဲ့ သည့် နာမည် ကျော် S.S. ၀တ်စုံ ဒီဇိုင်း

ပွဲတက်သည့် အခမ်းအနား ၀တ်စုံ အား ကွဲပြားခြား နား သော အရောင် မျိုး စုံ ဖြင့် ပြောင်း
လဲမည် ဖြစ်သည်။

အခြား အတည် မပြု နိုင်သည့် သတင်း များ တွင်လည်း တရုတ် ပြည်တွင် ရောက် ရှိနေသည့်
မြန်မာ စစ်ခေါင်းဆောင် ၏ ကတော်သည် တရုတ် ဗဟို ဘဏ် ၏ ငွေ လွှဲပြောင်းခြင်း ဥပဒေ
အရ ပိုငွေ အချို့ ကို ပိတ်စ များ ၀ယ်ယူထားရခြင်း ကြောင့် ဟု ဆိုကြသည်။

မြန်မာ စစ်တပ် ၏ အခမ်းအနား ၀တ်စုံ တွင် ပြင်ပ လူများ ဟန်ဆောင် ပြီး ၀င်ရောက် နိုင်
ခြင်း မရှိရန် ၁၉၉၂ ခုနှစ် မှ စ၍ လျှို့ ဝှက် အမှတ် အသား တစ်ခု အား ၀တ်စုံ ပေါ်တွင် တီ
ထွင်ခဲ့သည်။

စစ်ဝတ် စုံများ ပြောင်းလဲ ခြင်း နှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်
ဦး ဖြစ် သူ ကိုငြိမ်းချမ်း က မူ “လူထု အုံကြွမှု တွေ ဖြစ်လာရင် စစ်တပ် က ပစ်သတ် တာ လူမ
သိအောင် လို့  ဒါမှ မဟုတ် စစ် သား တွေ ကို အုံကြွ မှ ဆိုးလို့ စိတ်ပညာ အရ စွဲမြဲနေ တဲ့
အရောင် တွေ ကို ဖျောက်ပြီး မာန်ချ ခိုင်းတယ့် သဘော ဖြစ်မယ်၊ အလုပ်ရှုပ်နေအောင် ထား
တာပေါ့ ဟု သုံးသပ် ပြောကြားသည်။

ဂျာမနီ နိုင်ငံ တွင် အာဏာရှင် ဟစ်တလာ အုပ်စိုး စဉ် က ဂျာမန် စစ်တပ် ၏ ၀တ်စုံများ ကို
နာမည် ကျော် ဖက်ရှင် ဒီဇိုင် နာများ ထံ အပ် နှံ ကာ စစ်ဌာန တစ်ခု စီတိုင်း အတွင် အရောင်
တစ်ခု စီ သတ်မှတ်ပေး ခဲ့သည်။

နာမည် ကျော် ဂျာမန် စစ်တပ် ယူနီဖောင်း ဒီဇိုင်း များ ကို ယခု ကမ္ဘာ တွင် နာမည် လျှမ်းလျှမ်း
တောက် ကျော်ကြား နေ သည့် ဖက်ရှင်း ကုန်ပစ္စည်း တစ်ခု ဖြစ်သည့် BOSS ၏ အရှင် သခင်
ဖြစ်သူ နာဇီ ပါတီ ၀င် Hugo Ferdinand Boos က ဖန်တီးပေး ခဲ့ခြင်း ဖြစ်သည်။

မြန်မာ စစ်တပ် တွင် လက်မောင်းပတ် ခြင်း ၊ ခါးပတ် နှင့် စလွယ် ပတ် ခြင်း ၊ ဘက်တန်
ကိုင် ခြင်း အလေ့အထ မရှိ ပါ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */